MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

၉၂ ပြည့် လူထုအမေမာ မွေးနေ့ မဟာဂန္ဓာရုံ၌ ကျင်းပမည် November 28, 2007

Filed under: MY NEWS — Nyo Gyi @ 4:48 pm

(၂၉၊ နိုဝင်ဘာ၊ ၂၀၀၇) တွင် ကျင်းပမည့် ၉၂ ပြည့် လူထုဒေါ်အမာ မွေးနေ့ ကို အမရပူရ၊ မဟာဂန္ဓာရုံ၌ ကျင်းပမည်ဟု ကဗျာဆရာတစ်ဦးက သတင်းပေးသည်။

“အမေမာ မွေးနေ့ကို ဒီနှစ်တော့ အမရပူရ၊ မဟာဂန္ဓာရုံကျောင်းမှာ လုပ်မယ်။ မဖြစ်ဖြစ်အောင် လုပ်မယ်။ ဘုန်းဘုန်းတွေကလည်း မဖြစ်ဖြစ်အောင် လုပ်ပေးမယ်လို့ မိန့်ကြားပါတယ်။ ´´
ဟုပြောကြားသွားပါသည်။

လူထုဒေါ်အမာမွေးနေ့ကို နှစ်စဉ် အမရပူရ၊ ဦးပိန်တံတားအနီးရှိ တောင်လေးလုံးကျောင်းတိုက်၊ (ဆရာတော် ဦးပညာကျောင်း)တွင် ပြုလုပ်လေ့ရှိသော်လည်း မနှစ်က စ၍ စစ်အဆိုးရက တောင်လုံးလေးကျောင်းတိုက်တွင် ပြုလုပ်ခွင့်မပေးတော့သဖြင့် ပြီးခဲ့သည့်နှစ်က လူထုဒေါ်အမာမွေးနေ့ကို သူ့သမီးဖြစ်သူ၏ နေအိမ်တွင် ပြုလုပ်ခဲ့ရသည်။
ဒီနှစ်မှာတော့ ဦးပိန်တံတားအနီး မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်ရာ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှင့် ဆက်စပ်နေခြင်း၊ ဦးပိန်တံတားအနီးမှာ မဖြစ်ဖြစ်အောင် မွေးနေ့ပွဲကျင်းပခြင်း စသည်တို့ကြောင့် စစ်အဆိုးရ၏ အနီးကပ်စောင့်ကြည့်ခြင်းကို ဒီနှစ်မွေးနေ့ပွဲ တွင် ပိုမိုခံယူရဖွယ်ရှိပါသည်။

(မွေးနေ့ပွဲသတင်းများကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရန် ကြိုစားသွားမည်ဖြစ်ပါသည်။ – ညိုကြီး)

 

Leave a comment