MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Aung Ba Nyo’s Poem For Hla Than October 23, 2011

Filed under: OTHERS' POEMS,PHOTOS — Nyo Gyi @ 5:48 pm
ကဗျာဆရာ လှသန်း
(၁၉၆၃ – ၂၀၁၁)
ရန်ကုန်မြို့မွေးဖွား
၂၂ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခု
ည ၉ နာရီ၊ ၂၀ မိနစ်တွင်
ရန်ကုန်ဆေးရုံကြီး၌
ကွယ်လွန်သည်။
From Hla Than
လက်မရွံ့ကဗျာဆရာသို့
မြေ၀သုန်ရေ…
ဂုဏ်ပြုထိုက်တဲ့ ဧည့်သည်တစ်ယောက်ကို
လက်ခံယူပါတော့
ဝီလျှံယိစ်ကို အနားယူလဲလျောင်းစေပါလော့…
(၀ဟ-အော်ဒင်)
ငါတို့ကောင်းကင်ကြီးပြာလွင်ရဲ့လား…?
ကောင်းကင်ကို အရောင်ပြောင်းချင်သူတစ်ယောက်
လူ့ပြည်ကို
လူပီသစွာ ရောက်ခဲ့တယ်။
အမှောင်ထဲမှာ ငါတို့မွေးဖွားခဲ့ကြ
မဆလ တစ်ပါတီအာဏာရှင်စနစ်ဆိုး
ရိုက်ချိုးဖို့
မင်းစိုက်ပျိုးခဲ့တဲ့ ကလောင်
မိုးကြိုးမီးလျှံလို ဂုဏ်ရောင်ပြောင်ခဲ့တယ်။
၈၈-လူထုအရေးအခင်း
ကျားထက်ဆိုးတဲ့ ရှင်ကြီးတွေ
လူ့အခွင့်အရေးကို ပျက်ရယ်ပြုကြတယ်။
မင်းပုခုံးပေါ်က သမိုင်းတွေ
မင်းတာဝန်ကျေပွန်ပါရဲ့။
ဒီပဲယင်းအရေးအခင်း မင်းရဲ့ကဗျာ
အာဏာရှင်တွေ
သွေးပျက်ခြောက်ခြား
မင်းရဲ့နာမည်ကိုဖျောက်ဖို့
သူတို့ကြိုးစားတယ်။
ရွှေဝါရောင်တော်လှန်ရေး
မင်းလက်မနှေးပါဘူး လှသန်း
အနက်ရောင်ကတ္တရာလမ်းမပေါ်က
သင်္ကန်းရောင်သွေးတွေ
မင်းလက်မောင်းသွေးလို နီစွေးစေတယ်
နာဂစ် မွှေတော့
မင်းလည်း မနေနိုင်ပါဘူး။
ငါတို့တစ်တွေဟာ မြစ်ဝကျွန်းပေါ်
ဒုက္ခသည်တွေကို ဖေးမကူညီကြတော့
မင်း… မျက်ရည်ဝေေ၀ အံကိုကြိတ်
ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတယ်
လူပီသတဲ့ ကဗျာဆရာလေ။
လှသန်း
မင်းကိုသူတို့ အငြိုးနဲ့မုန်းကြတယ်
လှသန်းကိုသတ်တော့
နိမိတ်ထွန်းသန်း
နိမိတ်ထွန်းသန်းကိုသတ်တော့
……………………………………
……………………………………
ကြည်မောင်သန်း
ကြည်မောင်သန်းကိုသတ်တော့
လှသန်း
လှသန်း
မင်းဟာဖိနစ်ငှက်လိုလှပစွာ မီးလျှံထဲက
ရှင်သန်ထမြောက်ခဲ့တယ် မဟုတ်လား။
လှသန်း
မင်းဟာ လက်မရွံ့ကဗျာဆရာ…။
လှသန်း
မင်းဟာ တော်လှန်စိတ်နဲ့သွေးဆူနေတဲ့
ကဗျာဆရာ…။
လှသန်း
မင်းဟာ ပြည်သူထဲမှာမွေး
ပြည်သူ့သွေးနဲ့ရေးတဲ့ ကဗျာဆရာ…။
လှသန်း
မင်းဟာ လူ့သမိုင်းကို
မရိုင်းအောင် ပြုပြင်လိုတဲ့ ကဗျာဆရာ…။
လှသန်း
မင်းဟာ ဟောင်းမြင်းတဲ့ အစဉ်အလာတွေ
ရိုက်ချိုးတဲ့ ကဗျာဆရာ…။
လှသန်း
မင်း ရန်ကုန်မှာဆုံးတော့
ငါက အဝေး မန္တလေးမှာ
ငါ့နှလုံးသားကို စတေးပြီး
မီးပူဇော် ဦးညွှတ် အလေးပြုလိုက်ရဲ့။
လှသန်း
မင်းဟာ ဘယ်တော့မှမသေတဲ့
မဟာအမတကဗျာရှည်ဖြစ်တယ်။
(၂၂ ရက်၊ အောက်တိုဘာ
ည ၉ နာရီ၊ ၂၀ မိနစ်မှာ
ကွယ်လွန်သွားတဲ့
ကဗျာဆရာလှသန်းသို့ …)
အောင်ဘညို
23.10.2011
ခေတ္တ
i-mass
မန္တလေးတက္ကသိုလ်
 

Poet Hla Than (or) Kyi Maung Than’s Latest Poem, Speech and Profile October 22, 2011

Filed under: MY NEWS,OTHERS' POEMS,PHOTOS — Nyo Gyi @ 4:28 pm

မော်ဒန်ကဗျာဆရာအကျော်အမော် လှသန်း (ခေါ်) ကြည်မောင်သန်း ကွယ်လွန်

၂၂.၁၀.၂၀၁၁၊ စနေနေ့ည၊ ကိုးနာရီ မိနစ် ၂၀ ခန့်က ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (ခေါ်) နိမိတ်ထွန်းသန်း (ခေါ်) စံသိုက် (ခေါ်) လိပ်ပြာသန့်သန့် (ခေါ်) ရန်မခ (ခေါ်) မောင်သီးသန့်သည်
ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။

2011, နိုဝင်ဘာလထုတ် Idea Magazine ပါ ကဗျာဆရာ လှသန်း၏ “မုဆိုးမ စစ်တမ်း” ကဗျာ

(ကဗျာဆရာ လှသန်း၏ Magazine ပါ နောက်ဆုံးကဗျာများထဲမှတစ်ပုဒ်)

From Hla Than

သူ၏ နောက်ဆုံးကဗျာစကားနှင့် ကိုယ်ရေးရာဇ၀င်အကျဉ်း
(ဒုတိယအကြိမ်၊ မန္တလေးခေတ်ပေါ်ကဗျာဆု၊ ၂၀၁၀ လက်ကမ်းစာရွက်ကို Scan ဖတ်ဖော်ပြသည်)

ကဗျာတွေ ရှင်ချင်ရင်
ကဗျာဆရာတွေ သေဖို့သာပြင်လို့
အရင်က ရေးခဲ့ဖူးပါတယ်
ခုတော့ သေဖို့ အသင့်ပြင်ထားရင်း
ရှင်မဲ့ ကဗျာတွေ ရေးဖြစ်ပါတယ် ။

လှသန်း
14/3/2011

From Hla Than
From Hla Than

ကျွန်တော့် ဘလော့ဂ်တွင် ဖော်ပြခဲ့ပြီးသော ကဗျာဆရာ လှသန်း ၏ ကဗျာများ

From poems photo

From Historic Poems


ညိုကြီး

 

Myanmar Poem Lover Fan Club October 20, 2011

Filed under: MY NEWS,PHOTOS — Nyo Gyi @ 10:43 am
မြန်မာပြည် ကဗျာချစ်သူများအဖွဲ့ မန္တလေး၌ စတင်တည်ထောင်၊
ပထမဆုံးအစီအစဉ်အဖြစ် အမရပူရ၊ တောင်လေးလုံးကျောင်းတွင် ကထိန်ခင်းမည်

မြန်မာပြည် ‘ကဗျာချစ်သူ၊ ကဗျာရေးသူများ’ စုပေါင်းစီစဉ်ဆောင်ရွက်သော
ကဗျာချစ်သူများ Poem Lover Fanclub ကို ၁၀၊ ၁၀၊ ၂၀၁၁ ရက်နေ့တွင် မန္တလေးအခြေစိုက် ကဗျာဆရာများ၊ ကဗျာဝါသနာရှင်များ၊ ကဗျာချစ်သူများစုပေါင်းကာ စတင်စုပေါင်းတည်ထောင်လိုက်ကြောင်း သိရှိရသည်။
မြန်မာပြည် “ကဗျာချစ်သူများအစီအစဉ်”အကောင်အထည်ဖော်ရန် (၁၀၊ ၁၀၊ ၂၀၁၁) နေ့နှင့် (၁၃၊ ၁၀၊ ၂၀၁၁)နေ့များတွင် မန္တလေးမြို့၌ ကဗျာစိတ်ဝင်စားသူများ တွေ့ဆုံစည်းဝေးကြပြီး အချက်(၇)ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၎င်း အချက် (၇)ချက်မှာ
၁။ ကဗျာချစ်သူများ အစီအစဉ်ကို ကဗျာချစ်သူ၊ ကဗျာရေးသူများက ညီတူညီမျှ ၀ိုင်းဝန်း၍ Member များ စုစည်းဆောင်ရွက်သွားကြပါမည်။
၂။ ယခုအစီစဉ်ကို ကဗျာဆရာများဟု မသုံးစေဘဲ “ကဗျာချစ်သူ၊ ကဗျာရေးသူများ” ဟုသာ မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် ကုသိုလ်အရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်သွားကြရန်။
၃။ ပါဝင်ဆောင်ရွက်သူများသည် အနုပညာရေး၊ ဘာသာရေး၊ လူမှုရေးကိစ္စများကိုသာ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း နားလည်သဘောပေါက်ပြီးသူဖြစ်ရမည်။
၎။ အစီစဉ်သစ်တစ်ရပ် ဆောင်ရွက်မည်ဆိုပါက “ဗျို့ဟစ်နည်း” နှင့်သော်လည်းကောင်း ဖိတ်ကြားမည်ဖြစ်ပါသောကြောင့် Member များအနေဖြင့် တွေ့ဆုံမည့် သတင်းကြားပါက ဖိတ်ကြားစာ မရောက်သော်လည်း အမြဲဖိတ်ကြားထားပြီးဖြစ်ကြောင်း မှတ်ယူကြရပါမည်။
၅။ အစီအစဉ်သစ်တစ်ရပ် ညှိနှိုင်းဆောင်ရွက်ရန် အတည်ပြုပါက အနည်းဆုံး Member (၁၀)ဦးပြည့်မှသာ အတည်ပြု ဆုံးဖြတ်နိုင်ရမည်။
၆။ ကဗျာချစ်သူများ၏ ဆောင်ရွက်ကြမည့် အစီအစဉ်များကို ပုံသေ သတ်မှတ်ထားခြင်းမရှိပါ။
ဥပမာ- ကဗျာဆရာကြီးများ၏ သက်ကြီးပူဇော်ပွဲကျင်းပခြင်း၊ ကျန်းမာရေး၊ လူမှုရေး၊ နာရေးကိစ္စများအတွက် စီစဉ်ခြင်း၊ ၀ါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းလှူခြင်း၊ ကဗျာဆရာကြီးများ၏ အမှတ်တရပွဲများ ကျင်းပခြင်း… စသည်တို့ကိုလည်း Member များ သဘောတူညီချက်နှင့် ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်နိုင်ပါမည်။
၇။ ဤအစီအစဉ်သို့ စေတနာရှင်များက ပါဝင်လှူဒါန်းကြသော ရငွေ/အသုံးပြုငွေစာရင်းကို (၃)လတစ်ကြိမ် ရှင်းတမ်းထုတ်ပြန်ကြရပါမည်။
(မကြာမီ ကာလတွင် ဤအစီအစဉ်ကို website လွှင့်တင်၍ စာရင်းရှင်းတမ်းများကိုလည်း အဆိုပါ website တွင် ၀င်ရောက်ကြည့်နိုင်အောင် စီစဉ်ထားပါမည်)
ကဗျာချစ်သူများ၏ ပထမဦးဆုံး အစီအစဉ်အဖြစ် ၂၀-၁၁-၂၀၁၁၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ အမျိုးသားနေ့တွင် အမရပူရမြို့၊ တောင်လေးလုံးကျောင်းတိုက်၌ ကထိန်ခင်းမည်ဖြစ်ကြောင်းသိရှိရသည်။
ကထိန်အလှူတော်အချိန်အခါမှာ နံနက်(၈)နာရီမှ (၁၁)နာရီအထိဖြစ်ပြီး ကထိန်ပွဲသို့ ကဗျာချစ်သူမည်သူမဆို တက်ရောက်ကုသိုလ်ယူပါဝင်ဆင်နွှဲနိုင်ကြောင်း ကြားသိရသည်။
ကဗျာချစ်သူများ Poem Lover Fanclub
တွင် ပါဝင်လိုသူများ (သို့မဟုတ်) သို့ အလှူတော်ငွေထည့်ဝင်လိုသူများ (သို့မဟုတ်) နှင့် ပူးပေါင်းဆောင်ရွက်လိုသူများ (သို့မဟုတ်)
အကြောင်း အသေးစိတ်သိရှိလိုသူများ အနေနှင့်
ကဗျာဆရာ၊ အယ်ဒီတာ ဥက္ကာကျော်
ဖုန်း – 09 43090162
ကဗျာဆရာ၊ အယ်ဒီတာ မော်မင်းသန်း
ဖုန်း – 09 91005096
Shade (မန်းတောင်ရိပ်)ဂျာနယ်အယ်ဒီတာ ကိုသာဇော်
ဖုန်း – 09 2011968
တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
ကဗျာချစ်သူများအဖွဲ့၏ ဘဏ္ဍာရေးမှူးအဖြစ် မန္တလေးမှ ထွန်းဦးစာပေဖြန့်ချိရေးပိုင်ရှင် ဦးထွန်းဦးက ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကြားသိရပါသည်။

 

Interview with U Thondara (Political Prisoner) October 13, 2011

Filed under: 8888,MY NEWS,PHOTOS — Nyo Gyi @ 3:21 pm

၁၉၈၉ ခုနှစ်၊ မတ်လ၊ ၁၅ ရက်မှစ၍ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရကာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ၊ ၁၂ ရက်က မန္တလေး၊ အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသော
ဆရာတော် ဦးသုန္ဒရ၀ံသ (၁၉၈၈ အရေးအခင်း မြင်းခြံ သပိတ်ဥက္ကဌ)
နှင့် အင်တာဗျူး ဗွီဒီယိုဖိုင်

https://www.facebook.com/video/video.php?v=293824550627811

http://www.facebook.com/v/293824550627811

 

Myit Sone, The Endless Story October 9, 2011

Filed under: Ayeyarwady,MY NEWS,PHOTOS — Nyo Gyi @ 4:30 pm

စိမ်းရောင်စို ACTIVITIES နှင့် Eco dev တို့ ပူးပေါင်းကျင်းပသည့်

ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများ
မပြီးဆုံးသေးသော မြစ်ဆုံ

ဟောပြောပွဲ

From Sane Yaung So Activities, Burma

၉၊ အောက်တိုဘာ၊ ၂၀၁၁၊ တနင်္ဂနွေ။
နေ့လည် (၁)နာရီမှ ညနေ (၆)နာရီထိ

https://picasaweb.google.com/s/c/bin/slideshow.swf

ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်
၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

From Sane Yaung So Activities, Burma


ဦးဝင်းမျိုးသူ (Eco dev) နှင့်
စာရေးဆရာ၊ အယ်ဒီတာ ကိုတာ

တို့က ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများ၊
မပြီးဆုံးသေးသော မြစ်ဆုံရေကာတာစီမံကိန်းများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါတယ်။

From Sane Yaung So Activities, Burma

ဟောပြောပွဲလာ ပရိသတ်များကို ကိတ်မုန့်၊ လက်ဖက်ရည်တို့နှင့် ဧည့်ဝတ်ပြုခဲ့ပါတယ်။ အခမ်းအနားမှာ စိမ်းရောင်စို အင်္ကျီနှင့် save the ayeyarwady အင်္ကျီများကိုလည်း ရောင်းချပေးခဲ့ပါတယ်။

From Sane Yaung So Activities, Burma

ဟောပြောမှုများပြီးဆုံးတဲ့အခါ တက်ရောက်လာတဲ့ ပရိသတ်အချို့၏ မေးခွန်းများကို ဦးဝင်းမျိုးသူနှင့် ကိုတာတို့က ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပါတယ်။

From Sane Yaung So Activities, Burma