MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

အဓိက ကတော့ စနစ်ပဲ December 28, 2012

Filed under: MY WRITING — Nyo Gyi @ 7:07 pm
” အဓိက ကတော့ စနစ်ပဲ “

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ မီဒီယာ၊ တပ်မတော်၊ ရဲ၊ NGO၊ ၀န်ထမ်း၊ ပုဂ္ဂလိကလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း…စသဖြင့်။

ဘယ်လောကမှာဖြစ်ဖြစ် စုန်းပြူးတို့၊ ငခုံးမတို့ဆိုတာ ရှိနေတာပဲ။ စုန်းပြူးကို ဖော်ထုတ်ဖို့၊ ငခုံးမကို ကုန်းပေါ်ပစ်တင်နိုင်ဖို့သာ လိုရင်းပဲ။ စုန်းမပြူးနိုင်အောင်၊ ငခုံး မ,မ နိုင်အောင် တရားဥပဒေရေးရာ ခိုင်မာတိကျရမယ်။ စီမံခန့်ခွဲမှုရေးရာ အားကောင်းရမယ်။ တန်အောင်ခိုင်းချင်ရင် ၀ အောင် ကျွေးထားဖို့ လိုမယ်။

အဓိက ကတော့ စနစ်ပဲ။ စနစ် မသေချာရင် အချစ်ဆိုတာမှာတောင် ‘အတု’ ပဲ သင်တို့ရရှိလိမ့်မယ်။

ညိုကြီး

Advertisements
 

354 Days left to 27th SEA Games in Myanmar, 2013 December 21, 2012

Filed under: 2013,27th SEA Games in Myanmar,GAMES,OTHERS' NEWS — Nyo Gyi @ 4:14 pm

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံ၌ ကျင်းပရန် ၃၅၄ ရက်သာ လိုပါတော့သည်။

www.mmseagames2013.com

 

MTV EXIT Live in Myanmar December 18, 2012

Filed under: OTHERS' NEWS,UNITY IS STRENGTH — Nyo Gyi @ 2:16 pm

လူကုန်ကူးမှု အရေးပေါ် ဖုန်းနံပါတ်

09 49 555 999

If you see something suspicious,

 

ပြောင်းနည်းအမျိုးမျိုး ရှိလေသတတ် December 11, 2012

Filed under: MY POEMS — Nyo Gyi @ 10:38 pm


“ပြောင်း”

ပြောင်းနည်းအမျိုးမျိုးရှိလေသတတ်။
ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မတူအောင် ပြောင်းမှာလား
သိမ်မွေ့  ညင်သာစွာ ပြောင်းမှာလား
မသိလိုက် မသိဖာသာ ပြောင်းမှာလား
အလိုလိုနေရင်း ပြောင်းမှာလား
စမန်တက်ရင်း ပြောင်းမှာလား
ပြောင်းဖူးလို ပြောင်းမှာလား
ပြောင်းဝလို ပြောင်းမှာလား
တဖြောင်းဖြောင်းနေအောင် ပြောင်းမှာလား
ကျွန်တော်တို့ရဲ့  အပြောင်းအလဲဟာ ဘယ်သူနဲ့မှ မတူပါဘူးတဲ့
ဟတ်လား
ဟစ်တလာက ခြောက်သန်း သတ်တယ်ပြောကြတာပဲ
သန်းခြောက်ဆယ်အသတ်ခံရတာ ဘယ်သူမှ မသိခဲ့ မခံစားခဲ့ရပါဘူး
ကိုယ့်တာကို ကိုယ်ပဲသိပါတယ်
ပညာမတတ် အသိဥာဏ်နည်းတဲ့
ကျုပ်တို့လို လူတွေအပေါ် ချ/ခြစားပြီး လူပြန်လုပ်နေရတာ
ခင်ဗျားတို့ မငြီးငွေ့  သေးဘူးလားဗျာ
ချိန်ခွင်လျှာဆိုတာကြီးကိုလည်း မုန်းလှပါပြီ
အစွဲ၊ ၀ါဒ၊ မှိုင်းဆိုတာကြီးတွေကိုလည်း မုန်းလှပါပြီ
စနစ်တကျ ဖျက်စီးသူတွေအောက်မှာ စနစ်တကျအပျက်စီးခံခဲ့ကြရ
ဘ၀တွေ…။

ဟေ့လူတွေ !
တကယ်ပြောင်းချင်တာလား
ကြားဖူးနေကြ ရစ်သမ်အတိုင်းပြောရရင်
တကယ်ပြောင်းချင် တကယ်ပြောင်း
အဟုတ်ပြောင်းရမည်သာပဲပေါ့
အဟက်ဟက် ။        ။

စည်းကမ်းပြည့်ဝရုံသာမက ခေတ်မီတိုးတက်ပြီး လန်ပြန်ကန်ထွက်လောက်အောင် တိုင်းပြည်ကို ချစ်လှပါသော သာမန်တွေထဲက သာမန်ပြည်သူတစ်ဦးဖြစ်သည့်

ညိုကြီး

(မှတ်ချက်။  “ပညာမတတ် အသိဥာဏ်နည်းတဲ့” စကားလုံး Credit to အရိုး+ဓီရာမိုရ်)

 

မြန်မာ့ရိုးရာ သောက်စရာ ထန်းရည်ကိုသာ အားပေးပါ December 6, 2012

Filed under: MY WRITINGS,PHOTOS — Nyo Gyi @ 1:40 pm
တော်သေးပြီ…။
ဘီယာ မသောက်တော့ဘူး ။
ထန်းရည်ပဲ ပြောင်းသောက်မယ် ။
” မြန်မာ့ရိုးရာ သောက်စရာ
ထန်းရည်ကိုသာ အားပေးပါ “
ဗမာ ထန်းရည်သည် … ဒို့ အရည်
ဗမာ ထန်းပင်သည် … ဒို့ အပင်
ဗမာ ထန်းလျက်သည် … ဒို့ ထန်းလျက် ။
ဒို့ ထန်းရည်ကို … ချစ်ပါ
ဒို့ ထန်းပင်ကို … မြတ်နိုးပါ
ဒို့ ထန်းလျက်ကို … စားကြပါ ။
ညိုကြီး
(30.11.2012)

(မှတ်ချက်။ တန်ဆေး လွန်ဘေး)
(ထန်းပင်မြစ်သည် ဒို့ အမြစ် ဟု ကို Minn Thaik မှ ထပ်မံ ဖြည့်စွက်ပေးပါသည်။ :P)
(နောက်ခံ ဓာတ်ပုံက အိမ်ရှေ့ မင်းထန်းတောကို ရောက်ဖူးသခိုက် Nyo Gyi ရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံလေးပါခင်ဗျ။)