MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>No Fear Walk On July 30, 2009

Filed under: DAW AUNG SAN SU KYI,PHOTOS — Nyo Gyi @ 6:17 pm

>

Artist ဘကြီးစိုး ရဲ့ ART WORK
“No Fear Walk On”
 
No Fear Walk On

Filed under: DAW AUNG SAN SU KYI,PHOTOS — Nyo Gyi @ 6:17 pm

Artist ဘကြီးစိုး ရဲ့ ART WORK
“No Fear Walk On”
 
>SHE, FOR BURMA

Filed under: DAW AUNG SAN SU KYI,OTHERS' POEMS — Nyo Gyi @ 10:17 am

>

“အိမ် ဆောက်ချင်တဲ့သူ”

အဲဒီနေ့ကပေါ့ …………….သူအိမ်ပြန်လာခဲ့တယ်။ မာတာ မိခင်အတွက်ပေါ့။

အိမ်မှာ အသံ တစ်ခု ကြားတယ်။ မဖြစ်တော့ဘူး။
အိမ်မှာ ဆက်နေရမယ်။ သူ့အိမ် အတွက်ပေါ့။

သူ့အိမ်ကလည်း သူ့အဖေဆောက် ပေးခဲ့တာလေ။
အင်း …….. အဖေဆောက် ခဲ့တဲ့အိမ်လေးကို ပြုပြင်ရမယ်ပေါ့။

အဲဒီ့နေ့ကပေါ့ သူ့ အိမ်လေး မွန်းမံဖို့ အုတ်၊ သဲ ၊ ကျောက် တွေ အပြည့်ရခဲ့တယ်။
အော် ……….နောက် ရက်မှာ………. မုန်တိုင်းတွေ ကျလာတယ်။
အိမ်လေး မပြင်ရသေးပဲ ပျက်စီးသွားတယ်။
အုတ်၊ သဲ ၊ ကျောက် တွေ ကတော့ရှိ နေဆဲပါ။

နောက် သူလည်း မုန်တိုင်း ဒါဏ်ကြောင့် “၀ှီးချဲ” ပေါ်ကမဆင်းနိုင်ခဲ့ဘူး။

တော်တော်ကြာကြာ နေပြီးနောက် သူလမ်းပြန်လျှောက် နိုင်ခဲ့တယ်။
သူ့  ရည်ရွယ်ချက် အတိုင်း သူ့ အိမ်လေး မွန်းမံဖို့ လုပ်ခဲ့တယ်။

ကံ ကလည်းဆိုး ပြန် တယ်။
သူ့ အိမ်ကို ငါ့ အိမ်ပါ ဆိုပြီး လူတစ်ယောက်က လုယူပြီး သူ့ ခြေထောက်တွေ ရိုက် ချိုး ခဲ့တယ်။
” ၀ှီးချဲ” ပေါ်ပြန် ရောက် သွားပြန်ရောပေါ့။

ဆရာဝန်ကပြောတယ်…..
ရက်စေ့ရင်တော့ လမ်းပြန်လျှောက်နိုင်မှာ ပါတဲ့။

ဆရာဝန်ကပြောတဲ့ ရက်စေ့ လို့ လမ်းပြန်လျှောက် နိုင် ခါနီးမှာ………….
နောက်ဘက် အိမ်က ဧည့်သည် တစ်ယောက် ရောက်လာတယ်။

အဲဒီ ဧည့်သည် သူ့ကို “၀ှီးချဲ” ပေါ်တင်ပြီး တွန်းပေးနေတုန်းမှာ…………..
သူတို့ နှစ်ယောက်လုံး နွံ ထဲ ပြုတ်ကြ ခဲ့တယ်။

ကယ်မယ့်သူတွေလည်း လာခဲ့ပါတယ်
ဒါပေမယ့် ကယ်လို့ မရခဲ့ပါဘူး……………………….

အင်း…………….ငါတို့လေ……
အိမ်ဆောက် ချင်တဲ့ သူ့ ကို နစ်မြုပ် မသွားအောင်
တစ်ခုခု လုပ်ပေးဖို့ သင့်ပြီ……….။ ။

ဖိုးရှုပ် (ဒဂုံ အဝေးသင်) Student

————————————————————————
DASSK’s Photo was taken from
http://www.pbase.com/dassk/dassk&page=2

SHE, FOR BURMA

Mr Ban Ki-moon of UN was attacked by Myanmar Military Junta ! July 28, 2009

Filed under: DAW AUNG SAN SU KYI,MY NEWS,UN — Nyo Gyi @ 5:25 pm
စစ်အဆိုးရက
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို စော်ကားမော်ကားပြောပြီ

(Mr Ban Photo from http://en.wikipedia.org/wiki/Ban_Ki-moon)

စစ်အဆိုးရက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို သူတို့ရဲ့ လက်ကိုင်တုတ် (၂၈၊ ၇၊ ၀၀၉ နေ့ထုတ်) မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးကတစ်ဆင့် (အထက်ပါ ပုံထဲက စာသားတွေနဲ့) မိန်းမလို မိန်းမရဆန်စွာ စော်ကားမော်ကား၊ ထိကပါး ရိကပါးလုပ်လိုက်ပါတယ်။

ဆောင်းပါး ခေါင်းစဉ်က ” အနာနှင့်ဆေး သင့်အောင်ပေး ပျောက်ရေးမခက်ပါ” တဲ့။ မောင်ဒဲ့ဒိုး ကလောင်ပုန်းနဲ့ ဆောင်းပါးထဲမှာ ရေးသားထားတာတွေက မစ္စတာ ဘန်ကီမွန်းကို အမေရိကန် သြဇာခံဆိုပြီး စော်ကားလိုက်တာပါ။ မစ္စတာ ဘန် မြန်မာပြည်လာတုန်းက ကိုသန်းရွှေနဲ့ တွေ့သခိုက် မြန်မာ့ဒီမိုကရေစီသူရဲကောင်း မတရားအမှုရင်ဆိုင်နေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ နှစ်ကြိမ်တိုင် တောင်းဆိုတာကို ဆောင်းပါးထဲမှာ ဝေဖန်ထားပါတယ်။

သတင်းစာပါ ဆောင်းပါးမှာ အဲဒီ ဒဲ့ဒိုးဆိုသူနဲ့ ဘကြီးဖြိုးဆိုသူတို့ အမေးအဖြေ အပြန်အလှန် ပြောပုံနဲ့ ဖော်ပြထားတာပါ။ အဓိကကတော့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို အမေရိကန်သြဇာခံဆိုပြီး ပြောင်ပြောင်တင်းတင်း တိုက်ခိုက်တာပါပဲ။

ဆောင်းပါးကို အောက်မှာ ပုံစာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ အွန်လိုင်းပေါ်က စစ်အဆိုးရ မြန်မာ့အလင်းသတင်းစာ(၂၈၊ ၇၊ ၀၀၉) လိပ်စာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Mr Ban Ki-moon of UN was attacked by Myanmar Military Junta !

CHANGE

Filed under: MY NEWS — Nyo Gyi @ 4:53 pm
မြန်မာကျပ်ငွေအစုတ်အပြဲ မီဒီယာတိုက်ပွဲမှာ
စစ်အဆိုးရဘက်က အလျှော့ပေးခဲ့ရ

ဒီနေ့ (၂၈၊ ၇၊ ၀၀၉)ထုတ် စစ်အဆိုးရရဲ့ မြန်မာ့အလင်း သတင်းစာနောက်ကျောဖုံးပါ သတင်းတိုလေးတစ်ခုပါ။
“မြန်မာ့စီးပွားရေးဘဏ်များ၌ ငွေစက္ကူအဟောင်းများ လဲလှယ်နိုင်” တဲ့။
ပြီးခဲ့သော လများ၊ ရက်များအတွင်းက စစ်အဆိုးရဆန့်ကျင်ရေးမီဒီယာ(ရေဒီယို+အင်တာနက်)များမှာ
မြန်မာကျပ်ငွေ အစုတ်အပြဲ ကိစ္စအတွက် စစ်အဆိုးရကို ရှုတ်ချ၊ အရှက်ခွဲခဲ့ရာ
ယခုအခါ စစ်အဆိုးရခင်မျာ မနေသာတော့ဘဲ အထက်ပါ သတင်းလေး ထုတ်ပြန်ပြီး
မြန်မာကျပ်ငွေအစုတ်အပြဲ(အဟောင်း)များကို လဲလှယ်ပေးမည်ဆိုပြီး
ပြည်သူလူထုရဲ့ မကျေနပ်မှုတစ်ခုကို ချွေးသိပ်ခဲ့ရပြန်ပါတော့တယ်။

————————————————-
ကိုးကား – (၂၈၊ ၇၊ ၀၀၉) နေ့ထုတ် မြန်မာ့အလင်းသတင်းစာ