MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>3 years after Cyclone Nargis and "Poem+Music+Painting = Art NGO" from Burma May 5, 2011

Filed under: MY NEWS,NARGIS CYCLONE,PHOTOS — Nyo Gyi @ 12:09 pm

>နာဂစ် (၃)နှစ်ပြည့်

ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုကူညီသူများ မှတ်တမ်း(၁) ထုတ်ပြန်

၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကူညီခဲ့ကြသည့် ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ စုစည်းထားသည့် “ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုကူညီသူများ” အဖွဲ့သည် လူမှုကူညီရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အနုပညာ NGO အဖွဲ့သည် ၂၀၁၀ ခုနှစ်ကလည်း HIV, AIDS ဝေဒနာရှင်များထံသို့ (၂)ကြိမ်တိုင် သွားရောက်တွေ့ဆုံ၍ အလှူငွေများ၊ စာအုပ်စာတမ်းများပေးအပ်ခြင်း၊ သီချင်း သီဆို၊ ကဗျာရွတ်ဆိုခြင်းများဖြင့် အားပေးနှစ်သိမ့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့အစည်းအကြောင်း အသေးစိတ်ကို ပူးတွဲပါ Scan ပုံများမှာ ကြည့်ရှုနိုင်ပါသည်။

နာယကကြီးများ

ဒဂုန်တာရာ၊ မောင်မိုးသူ၊ လူထုစိန်ဝင်း၊ မောင်အောင်ပွင့်၊ ကိုရဲလွင်(မဇ္ဇျိမလှိုင်း)

ဦးဆောင်အဖွဲ့

ကွန်စစ်ကောင်း၊ ငြိမ်းသစ်၊ ကြည်မောင်သန်း၊ အောင်ဘညို၊ ကိုစံလင်း၊ တိုးလွင်(ဥတ္တရအလင်း)၊ ဟိန်းမြတ်ဇော်၊ ညီညီလွင်

ပြောရေးဆိုခွင့်ရှိသူ

ကွန်စစ်ကောင်း၊ ငြိမ်းသစ်၊ တိုးလွင်(ဥတ္တရအလင်း)

ဘဏ္ဍာရေးနှင့် စာရင်းစစ်

ငြိမ်းသစ်၊ ကွန်စစ်ကောင်း

ပြန်ကြားရေးနှင့် ဆက်သွယ်ရေး

အောင်ဘညို၊ ရာဇာထွန်း

ရန်ပုံငွေရှာကြံရေး

အောင်ဘညို၊ (ကို)စံလင်း၊ တိုးလွင်(ဥတ္တရအလင်း)၊ ဟိန်းမြတ်ဇော်၊ ညီညီလွင်

အလှူငွေနှင့် တစ်လတစ်ထောင်ကျပ် ပင်စိုက်အလှူငွေ လှူဒါန်းလိုသူများ၊ စာအုပ်လှူဒါန်းလိုသူများ ဆက်သွယ်ရန်

Phone Numbers to contact:

09-730 43753, 730 08011, 731 37790, 01-661349

From Poem + Song + Painting Art NGO
From Poem + Song + Painting Art NGO
From Poem + Song + Painting Art NGO
Advertisements
 
>3 years after Cyclone Nargis and Sein Yaung So Activities’ Organization Setup & Member Form May 3, 2011

Filed under: MY NEWS,NARGIS CYCLONE,PHOTOS — Nyo Gyi @ 12:18 pm

>

နာဂစ် (၃)နှစ်ပြည့်

ပြည်တွင်းဖြစ် စိမ်းရောင်စို Activities မှတ်ပုံတင် လှုပ်ရှားမည်

အရိပ်ရသစ်ပင်စိုက်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၊ လူမှုကူညီရေးတွေ လုပ်နေတဲ့ ပည်တွင်းဖြစ် စိမ်းရောင်စို Activities အဖွဲ့ကို ယခုအခါ မှတ်ပုံတင်ပြီး လှုပ်ရှားတော့မယ်လို့သိရပါတယ်။

၁၊ မေလ၊ ၂၀၁၁ (အလုပ်သမားနေ့)က မန္တလေးမြို့၊ ၃၂ လမ်း၊ ၈၁ လမ်း နဲ့ ၈၂ လမ်းကြားမှာရှိတဲ့ မောနင်းစတား လက်ဖက်ရည်ဆိုင်မှာ စိမ်းရောင်စို အဖွဲ့သားတွေ စုစည်းအစည်းအဝေးလုပ်ပြီး စိမ်းရောင်စို Activities ဖွဲ့စည်းပုံအတည်ပြုခြင်း၊ အဖွဲ့ဝင်လက်ခံခြင်း၊ အမှုဆောင်အဖွဲ့ တင်မြှောက် ရွေးချယ်ခြင်း ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း အစရှိတာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

အသေးစိတ်ကို ပူးတွဲပါ Scan ပုံများမှာ ကြည့်ရှုနိုင်ပါတယ်။

https://picasaweb.google.com/s/c/bin/slideshow.swf

From Sane Yaung So Activities, Burma
From Sane Yaung So Activities, Burma

Sein Yaung So Activities Member Form

From Sane Yaung So Activities, Burma
From Sane Yaung So Activities, Burma

အခမ်းအနားကို သစ်ပင်ချစ်သူများ၊ ကမ္ဘာမြေချစ်သူများ၊ လူမှုကူညီရေးသမားများ၊ အမရပူရ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းမှ တာဝန်ရှိသူများ၊ အသိပညာ၊ အတတ်ပညာရှင်များအပြင် မန္တလေးမြို့ခံ စာရေးဆရာများ၊ ကဗျာဆရာများ၊ ဂျာနယ်လစ်များလည်း တက်ရောက်ခဲ့တာတွေ့ခဲ့ရပါတယ်။ စာရေးဆရာတွေထဲကဆိုရင် ဆူးငှက်၊ ညီပုလေး၊ မောင်တင်သစ်၊ မော်မင်းသန်း၊ ဟန်(မန္တလေး) စသဖြင့် တက်ရောက်ခဲ့ကြပြီး ကဗျာဆရာတွေထဲကဆိုရင်တော့ ဇော်ထိန်(မန္တလေး)၊ မောင်နန်းဝေ၊ နေမော်ဟိန်း၊ စံညိမ်းဦး၊ အလတ်ကောင်၊ ဘိုသိန်း(မန္တလေး)၊ ဥက္ကာကျော်၊ အောင်ဘညို စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။ ဂျာနယ်သမားတွေထဲကဆိုရင် နောင်(ရူပ)၊ မောင်ရဲနွေ(ပလိပ်)၊ အောင်မှိုင်းဆန်း စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။ မန္တလေး ထွန်းဦးစာပေက ဦးထွန်းဦးလည်း တက်ရောက်အားပေးခဲ့ပါတယ်။

စစ်ထောက်လှမ်းရေးများလည်း လာရောက်သတင်းယူခဲ့ကြောင်း သိရှိရပါတယ်။

From Sane Yaung So Activities, Burma

(မင်းထက်ငြိမ်းချမ်း၊ ဦးထွန်းဦး(ထွန်းဦးစာပေ)၊ မောင်တင်သစ်

From Sane Yaung So Activities, Burma

စာရေးဆရာ ဆူးငှက် (မျက်မှန်နှင့်)

စိမ်းရောင်စို Activities ကို ဆက်သွယ်ရန်

https://www.facebook.com/pages/Sein-yaung-so-activities/148947871822387

https://www.facebook.com/profile.php?id=100001670615608

  • nyinyizg@gmail.com
  • seinyaungsoactivities.mdy@gmail.com

Phone Numbers:

Ko Maung Maung Oo = 09 2024423
Maung Tin Thit = 09 91021020
Min Htet Nyein Chan = 09 2002135

(နောက်ဆုံးရသတင်းအရ ယင်းနေ့က အစည်းအဝေးကြောင့် အမှုဆောင်အဖွဲ့ဝင် ဂျာနယ်သမား မင်းထက်ငြိမ်းချမ်းနှင့် မောနင်းစတားလက်ဖက်ရည်ဆိုင်ပိုင်ရှင် မ၀ါဝါ တို့ကို စစ်ထောက်လှမ်းရေးမှ စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြိမ်းခြောက်ခဲ့ကြောင်းလည်း ကြားသိရပါသည်။)

Cyclone Nargis, 2 Years After May 3, 2010

Filed under:ို,MY WRITING,NARGIS CYCLONE,PHOTOS — Nyo Gyi @ 11:15 am
နာဂစ် (၂)နှစ်ပြည့်

၂၀၀၈၊ မေလ (၂)/(၃) နေ့များမှာ ဗမာပြည်၊ ဧရာဝတီတိုင်းနှင့် အခြား မြစ်ဝကျွန်းပေါ်ဒေသများကို နာဂစ်ဆိုက်ကလုံးအမည်ရှိ အန္တရာယ်ဆိုးကြီးက ၀င်ရောက်မွှေနှောက်ကာ သိန်းချီသော ပြည်သူများ၏အသက်ဇီဝိန်ကို ချွေ၍ သန်းချီသော ပြည်သူများကို အတိဒုက္ခရောက်စေခဲ့သည်။

နာဂစ်မုန်တိုင်းသင့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရမည့်အစား မိမိအာဏာတည်မြဲရေးအတွက်ေ၀၀ါးယုတ်မာစွာနှင့် ဘာမဟုတ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုသည့် အာဏာရူးဥပဒေအတည်ပြုပွဲကို ၂၀၀၈၊ မေလ (၁၀)ရက်နေ့မှာ ဇွတ်ကျင်းပအတည်ပြုပြီး ပြည်သူတွေ၏ နာဂစ်ဒုက္ခအား လစ်လျူရှုစော်ကားခဲ့သည့် စစ်အာဏာရှင်များ၏ အောက်တန်းကျသည့် စိတ်ဓာတ်မှာကား ရှာမှရှား ဆိုးဝါးလှချေတကား။

ယခုလည်း ထို ၂၀၀၈ နာဂစ်အခြေခံဥပဒေ၏ ဆင့်ပွား ၂၀၁၀ ယုတ်မာရွေးကောက်ပွဲဆိုသည်ကို စစ်အာဏာရှင်များက ကျင်းပဦးမည်ဆိုရာ ယနေ့ နာဂစ် (၂)နှစ်ပြည့်အခါသမယကာလမှာ အော့နှလုံးနာစရာကိစ္စရပ်ကြီး ဖြစ်လာပေတော့သည်။

———————————————

(10, July, 2008) က ဤဘလော့ဂ်မှာပင် ကျွန်တော် ရေးတင်ခဲ့ဖူးသော
နာဂစ်ကဗျာအား နာဂစ် (၂)နှစ်ပြည့်အဖြစ် အမှတ်တရ ပြန်လည် ဖော်ပြလိုက်ပါသည်။

http://bigbbrown.blogspot.com/2008/07/my-helping-tour-to-nargis-area.html

“နာဂစ်ဒေသက ပြန်ခဲ့တယ်…”

ကြေကွဲဝမ်းနည်းဖွယ်…။

ဂရုဏာရသ ဒင်းကြမ်းထ…။

ငိုနေတဲ့ မျက်လုံးများကို မှိတ်မရဘူး…။

မျောက်အုန်းသီးရသလို စီမံခန့်ခွဲမှုများရဲ့ အောက်မှာ…
တို့ပြည်သူတွေ ဘ၀ပျောက်ခဲ့ရပေါ့…။

ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပါပြီ…တဲ့
ဟုတ်လိုက်လေဗျာ…
ကယ်စရာမလိုတော့အောင်
လူတွေဟာ…
ကူရာကယ်ရာမဲ့ သေဆုံးခဲ့ကြ
ငတ်မွတ်ဆာလောင်ခြင်းတွေနဲ့ သေဆုံးခဲ့ကြ
လမ်းပျောက် အော်ဟစ်ရင်း သေဆုံးခဲ့ကြ
(သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရရဲ့ စာထဲကအတိုင်း ပြောရရင်
ပရမ်းပတာ သေဆုံးခဲ့ကြ)
ကယ်ဆယ်ရေးအချိန်မီ မစတင်ခဲ့တဲ့ ရက်စွဲများ….
၃၊ ၄၊ ၅၊ ၆၊ ၇….မေ။

ထိခိုက်မှုနည်းတဲ့ ရွာသားများက
ထိခိုက်မှုများတဲ့ ရွာသားများကို ကယ်ဆယ်ကျွေးမွေးခဲ့ကြ…
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ရွာတွေဟာ ရွာလုံးလုံးပျောက်ရှခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ကျွဲတွေ၊ နွားတွေ၊ ကြက်တွေ၊ ဘဲတွေ၊ ၀က်တွေ၊ ငှက်တွေ
အများကြီး (အများကြီး) သေဆုံးခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

လယ်တွေပျက်၊ သောက်ရေကန်ပျက်၊ စိတ်တွေပျက်
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ဖူးစရာ ဘုရားတောင် နာဂစ်နဲ့ ပျောက်သွား၊ ပျက်သွား
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

သိန်းချီသေဆုံးပြီး သန်းချီ ဒုက္ခရောက်ခဲ့ကြ
စစ်အဆိုးရကတော့ အေးဆေးပါ..တဲ့။

နိုင်ငံတကာ အလှူရှင်တွေကိုလည်း စော်ကားမော်ကား လုပ်လားလုပ်ရဲ့
ဖောက်ပြား၊ ဟောက်စားတဲ့ မသူတော်တွေ…။

အယောင်ဆောင် ကယ်ဆယ်ရေးတွေနဲ့
ဓာတ်ပုံရိုက်ဖို့သက်သက် ကယ်ဆယ်ရေးတွေနဲ့
ရုပ်မြင်သံကြား ရိုက်ကူးရေးသက်သက် ကယ်ဆယ်ရေးတွေနဲ့
ကယ်ဆယ်ရေးပစ္စည်းကို ခိုးတဲ့ နအဖလက်ပါးစေတွေနဲ့
တစ်ဆုပ်လိုတာ တစ်စေ့ပဲ ပေးတဲ့ နအဖရဲ့ အစီအမံတွေနဲ့
လယ်ထွန်စက် ဆယ်ရွာတစ်လုံးနှုန်းနဲ့ ။

အရင်ကတည်းက မရှိရှာခဲ့တဲ့ ဧရာဝတီပြည်သူတွေ
အခုတော့
မရှိရာကနေ ဘာမှ မရှိတော့
ဆွေမရှိ၊ မျိုးမရှိ၊ ပိုက်ဆံမရှိ၊ စားစရာမရှိ
ကျန်းမာရေးမရှိ၊ အနာဂတ်မရှိ
နေစရာက အိမ်သာ သာသာ ဓနိတဲ
မရှိတော့ ဆင်းရဲ၊ ဆင်းရဲတော့ ကျောမွဲ ။

ပြောပြန်ရင်လည်း ညိုကြီးလွန်ရာ မကျတော့ဘူး
ပြည်သူတွေရဲ့ တစ်ထွာဗိုက်တွေအတွက်
တိုက်ပွဲကတော့ တိုက်ကို တိုက်မှ ဖြစ်တော့မယ်

စစ်အဆိုးရ ကျဆုံးပါစေ…။ ။

မောင်ညိုကြီး
၁၀.၇.၂၀၀၈

———————————————

ကျွန်တော့်ဘလော့ဂ်တွင် ကျွန်တော်တင်ခဲ့ဖူးသော နာဂစ်ပို့စ်များ
http://bigbbrown.blogspot.com/search/label/NARGIS%20CYCLONE

———————————————

ညိုကြီး၏ နာဂစ်ဆောင်းပါး
“ရဟန်းသံဃာများ၏ မေတ္တာ၊ ကရုဏာ၊ စေတနာ” နှင့် “စစ်အဆိုးရ၏ အ၀ိဇ္ဇာ၊ တဏှာ၊ ဝေဒနာ”
http://bigbbrown.blogspot.com/2008/05/burma-monks-activities-after-nargis.html

MAN OF THE BLOG (For Saving Cyclone Nargis Victims of Burma) May 6, 2009

Filed under: NARGIS CYCLONE,PHOTOS,SITAGU SAYADAW — Nyo Gyi @ 5:02 pm
နာဂစ် (၁) နှစ်ပြည့်
I choose “Sitagu Contribution For Nargis Victims”, leaded by Sitagu Sayadaw Dr. Ashin Nyanissara, as “MAN OF THE BLOG” for their activities of saving Cyclone Nargis Victims of Burma (Myanmar).

စစ်ကိုင်းတောင်ပေါ်မှ လှမ်းမြင်တွေ့ရတဲ့ Sitagu International Buddhist Academy နှင့် သီတဂူအာယုဒါန ဆေးရုံတော်

Here is Sitagu Official Website Link;
http://www.sitagu.org/home/
————————————-

“နာဂစ် (၁) နှစ်ပြည့် နှင့် MAN OF THE BLOG”

၂၀၀၈ ခုနှစ်၊ မေလ(၂)ရက်-(၃)ရက်တွင် ဗမာပြည် (မြန်မာပြည်) ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း အစရှိသည့် အောက်ပိုင်းဒေသများကို ၀င်ရောက်မွှေနှောက်ဖျက်ဆီးချေမှုန်းသွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ ကျောင်းမဲ့၊ မိသားစုမဲ့၊ စီးပွားပျက်၊ ဥစ္စာပျက် ဖြစ်ခဲ့ရရှာသော ဗမာ့ မုန်တိုင်းဒဏ်သင့်ပြည်သူပြည်သားများကို စွမ်းစွမ်းတမံ စေတနာပါပါ မေတ္တာ၊ ကရုဏာ အနန္တဖြင့် ကယ်တင်ကုသထူထောင်မှုလုပ်ငန်းများကို အစောဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး ဆောင်ရွက်ကူညီပေးခဲ့၊ ပေးဆဲဖြစ်သည့် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရဦးဆောင်သော
သီတဂူအဖွဲ့ ၏ နာဂစ်အလှူတော် (Sitagu Contribution For Nargis Victims) ကို ကျွန်တော့်ဘလော့ဂ်၏ အဓိကဂုဏ်ပြုဖွယ်ရာ (MAN OF THE BLOG) အဖြစ် နာဂစ်မုန်တိုင်း တစ်နှစ်ပြည့် (ယခု ၂၀၀၉၊ မေ လ)တွင် ရွေးချယ် ဖော်ပြအပ်ပါသည်။

BigBBrown
http://bigbbrown.blogspot.com

————————————-

Sitagu Sayadaw’s photo from http://www.sitagu.org/about/

“သီတဂူအဓိဋ္ဌာန်”

ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ
ကိုယ်စွမ်းရာဖြင့်
ဒို့သာသနာ ဒို့ပြည်ရွာကို
သာယာစေမှု လုံ့လပြုအံ့။
————————————-

>MAN OF THE BLOG (For Saving Cyclone Nargis Victims of Burma)

Ayarwaddy Sitagu Contribution Diary (09-06-2008 to 09-12-2008) April 3, 2009

Filed under: MY NEWS,NARGIS CYCLONE,PHOTOS,SITAGU SAYADAW — Nyo Gyi @ 8:12 am

နာဂစ် (၁၁) လပြည့်

လွန်ခဲ့သော (၁၁)လတိတိ (၂-၃၊ မေ၊ ၂၀၀၈)က ဗမာပြည်အောက်ပိုင်းဒေသများ
(ဧရာဝတီတိုင်း+ရန်ကုန်တိုင်း အစရှိသည်)ကို ၀င်ရောက်
တိုက်ခတ်ချေမှုန်းသွားသော နာဂစ်မုန်တိုင်းကြောင့် ထိုဒေသမှ
ပြည်သူပြည်သားများ (များစွာ) သေကြေ၊ ပျက်စီး၊ အတိဒုက္ခရောက်ခဲ့ရပါသည်။

စစ်အဆိုးရ၏ မုန်တိုင်းအကြိုသတင်းထုတ်ပြန်မှု၊ သတိပေးမှု
အားနည်းခြင်းကြောင့်လည်း မလိုလားအပ်ဘဲ ဖြစ်သင့်သည်ထက်များစွာ ပိုမို
သေကြေ၊ ပျက်စီး၊ အတိဒုက္ခရောက်ခဲ့ရပါသည်။

ဖြစ်ပွားပြီးနောက်ပိုင်း မုန်တိုင်းဒဏ်ခံပြည်သူများအား
ကူညီကယ်ဆယ်မှုလုပ်ငန်းများကိုလည်ုးသံဃာတော်၊ ဆရာတော်ဘုရားများ၊
ပြည်သူပြည်သားများ ဦးဆောင် ကယ်ဆယ် ကူညီပြီးသည့်နောက်တွင်မှ စစ်အဆိုးရက
ဟန်ပြ လိုက်လံ ကယ်ဆယ်ကူညီသယောင် လုပ်ပြခဲ့သည်ကိုလည်း
အများသိရှိပြီးဖြစ်ပါသည်။

အဆိုးဝါးဆုံးမှာ မုန်တိုင်းဒဏ်ခံပြည်သူများအား အားသွန်ခွန်စိုက်
ကူညီကယ်ဆယ်ရမည့်အချိန်တွင် ဘာမဟုတ်သည့် စစ်အခြေခံဥပဒေအတု
အတည်ပြုမှုကြီးကို နိုင်ငံတ၀ှမ်း စစ်အဆိုးရက ဇွတ်အဓမ္မ ပြုလုပ်ခဲ့ရာ
နာဂစ်ကယ်ဆယ်ကူညီရေးလုပ်ငန်းများတွင် များစွာ(လွန်စွာ)
နှောင့်နှေးခဲ့ရပါသည်။

နိုင်ငံတကာအကူအညီများကိုလည်း အသာတကြည် လက်မခံခဲ့သည့်အတွက် ရသင့်သလောက်သော
နိုင်ငံတကာကူညီမှုများကို နာဂစ်ဒဏ်ခံပြည်သူများ လုံလောက်စွာ မရရှိခဲ့ရပါ။

အခြေခံဥပဒေအတု ဇွတ်အတည်ပြုမှုကြီးပြီးမှသာ စစ်အဆိုးရ ကြံ့ဖွတ်များ၏
ဟန်ပြပြန်လည်ထူထောင်ရေး လံကြုတ်တီဗွီသတင်းများ ကြည့်ခဲ့ရပါသည်။

——————————————————————————————————
အမှောင်ကြားထဲမှ အလင်း၊ လူမိုက်များကြားထဲက သူတော်ကောင်း

နာဂစ်ကယ်ဆယ်ရေးတွင် ရှေးဦးအကျဆုံးနှင့် အထိရောက်ဆုံး သွားရောက်
ကူညီကယ်ဆယ်ခဲ့သည့် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရဦးဆောင်သော
သီတဂူအဖွဲ့ ၏ နာဂစ်အလှူတော် ဒိုင်ယာရီကို ဖော်ပြအပ်ပါသည်။

——————————————————————————————————
သီတဂူ ဧရာဝတီ အလှူတော် ဒိုင်ယာရီ

၉-၀၆-၀၈ မှ ၉-၁၂-၂၀၀၈ အထိ (၇) လအတွင်း အလှူစာရင်း အကျဉ်းချုပ်
တန်ဘိုး ကျပ် သိန်းပေါင်း (၇၂၇၇၂) သိန်းကျော်

Ayarwaddy Sitagu Contribution Diary

Contribution Summary within seven month period;
09-06-2008 to 09-12-2008

>Ayarwaddy Sitagu Contribution Diary (09-06-2008 to 09-12-2008)