MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Valentine’s Day and Burma (Myanmar) February 15, 2013

Filed under: DAYS TOPICS,OTHERS' POEMS — Nyo Gyi @ 3:10 pm
“…သေချာပါတယ်..အဲ့ဒီနေ့မှာ…“

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ပစ္စည်းတစ်ခုနဲ့ လာဘ်ထိုးကြမယ်
ဘ၀တစ်ခုကို အလဲအထပ်လုပ်ကြမယ်
မွတ်သိပ်မှုတွေ အစွမ်းကုန်ပွင့်ထွက်ကြမယ်
ရမ္မက်ခိုးတွေ အလျှံတငြီးငြီး တောက်လောင်နေမယ်
နာကျင်မှုတွေကို ရယ်သံအုပ်အုပ်ဖြင့် ဖုန်းကွယ်ကြမယ်
နှိပ်စက်သူရဲ့လက်ကို အနမ်းမိုး အကြိမ်ကြိမ် ရွာချကြမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ဘီယာဆိုင်တွေမှာ လူစည်နေမယ်
အရက်ဆိုင်တွေ ရောင်းကောင်းမယ်
ရုပ်ရှင်ရုံတွေမှာ ပြည့်သိပ်နေမယ်
ကေတီဗွီတွေမှာ ဘိုကင်ပြည့်နေမယ်
ဟော်တယ်လ်တွေမှာ အခန်းတွေကုန်နေမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ…
အဖူးအငုံတွေ အစွမ်းကုန်ပွင့်ကားပြမယ်
လမ်းမတိုင်းဟာ စည်ကားနေမယ်
ပါတ်ဝန်းကျင်တိုင်ဟာ ဆူညံနေမယ်
ကျုံးဘေးမှာ ပွက်လောရိုက်နေမယ်
ကူညီပါရစေ..တွေ ဆန္ဒပြည့်လိမ့်မယ်
အိုပီတီမှာ အလုပ်တွေရှုပ်နေလိမ့်မယ်
သေချာပါတယ်…မန္တလေးမြို့ကြီးလည်း
အိပ်ရေးပျက်ပါလိမ့်မယ်

သေချာပါတယ် အဲ့ဒီနေ့မှာ. . .
. . . . . .
. . . . . .
အိပ်နှင့်ပါ အန်ကယ်လ်
အဲ့ဒီနေ့မှာ ခင်ဗျားသမီး အိမ်ပြန်နောက်ကြပါလိမ့်မယ်။

(Valentine’s Day ကို ကြိုဆိုသာအားဖြင့်)

Jonathan Mms
Feb. 9. 2013
 

Myanmar Flag Color and International Day of Peace September 21, 2012

Filed under: DAYS TOPICS,Peace,PHOTOS,UNITY IS STRENGTH — Nyo Gyi @ 4:58 pm

The Campaign for Nuclear Disarmament (CND) symbol, designed by Gerald Holtom in 1958. It later became a universal peace symbol used in many different versions worldwide.
 
 

အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေးနှင့် ရည်စူးအမျှဝေ ဆွမ်းလောင်းလှူပွဲ – Sanitation around the Building of Building from Mandalay February 11, 2012

Filed under: DAYS TOPICS,Martyrs,MY NEWS,PHOTOS — Nyo Gyi @ 10:35 am

မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေးနှင့်
အာဇာနည် (၁၇)ဦးအား ရည်စူးအမျှဝေ၍ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ

From Burmese Martyrs
From Burmese Martyrs

နေ့ရက် – ၁၀၊ ၂၊ ၂၀၁၂ (သောကြာနေ့)
အချိန် – နံနက် ၇ နာရီမှ နေ့လည် ၁ နာရီ ခန့် အထိ

From Burmese Martyrs
From Burmese Martyrs

စိမ်းရောင်စို၊ ချမ်းမြသုခ၊ ဘ၀အလင်း၊ NLD၊ မန်းစည်ပင် အစရှိတဲ့ အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံမှ ရဟန်းဘုန်းကြီးလူပုဂ္ဂိုလ်များ၊ ပြည်သူများ၊ ကျောင်းသားကျောင်းသူများက မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေး ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြပါကြောင်း…။

From Burmese Martyrs

အမှိုက်ခြုံနွယ်များ ရှင်းလင်းပြီးနောက်

၁၃၀၀ ပြည့် အရေးတော်ပုံတွင် မန္တလေး ကျဆုံးခဲ့သော အာဇာနည် ၁၇ ဦးအား ရည်စူး၍ အမျှပေးဝေခဲ့ကြကြောင်း သိရပါတယ်။

ညိုကြီး

From Burmese Martyrs

အမှိုက်ခြုံနွယ်များ ရှင်းလင်းပြီးနောက်တွေ့ရသော မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန်ဝင်းအတွင်း မြင်ကွင်း

 

U Razak, A Burmese Martyr (အာဇာနည် ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ နှင့် ဆရာကြီး ဦးရာဇတ်နေ့) January 25, 2012

Filed under: Biography,DAYS TOPICS,Martyrs,MY NEWS,Peace,PHOTOS — Nyo Gyi @ 5:05 pm

အမျိုးသားအာဇာနည်ခေါင်းဆောင်
ဆရာကြီး ဦးရာဇတ်(၂ဝ.၁.၁၈၉၈ – ၁၉.၇.၁၉၄၇)
၏ အတ္ထုပ္ပတ္တိ

From Burmese Martyrs
From Burmese Martyrs
From Burmese Martyrs
From Burmese Martyrs
From Burmese Martyrs
From Burmese Martyrs

++++++++++++++++++++++++++++++++++++++++++
ဆက်စပ်သတင်း>>

“ဆရာကြီး ဦးရာဇတ်နေ့” မန္တလေးမှာ ကျင်းပ
(၂ဝ၊ ၁၊ ၂ဝ၁၂)

From Burmese Martyrs
၂ဝ၁၂၊ ဇန်နဝါရီ၊ ၂ဝ ရက် (နေ့လည်ပိုင်း)က ဦးရာဇတ်၏ ၁ဝ၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ Oriental House တွင် ဆရာကြီး ဦးရာဇတ်နေ့ အခမ်းအနားအား “ဆရာကြီး ဦးရာဇတ်နေ့ဖြစ်မြောက်ရေးကော်မတီ” က ဦးစီးကျင်းပဆင်နွှဲခဲ့ကြောင်း ကြားသိရပါသည်။

From Burmese Martyrs

Sitagu Sayadaw Ashin Nyanissara also talked at ‘Sayagyi U Razak Day‘ ceremony

အဆိုပါ အခမ်းအနားကို ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၊ တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီး၊ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ၊ ဘာသာအသီးသီး၊ လူမှုကူညီရေးအသင်းအသီးသီး၊ နိုင်ငံရေးပါတီအသီးသီးစသဖြင့်တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့်အပြင် လက်ရှိ ဗမာ့အမျိုးသားရေးခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗီဒီယိုမှတစ်ဆင့် ဆရာကြီးဦးရာဇတ်ကို ဂုဏ်ပြုသော အမှတ်တရစကားပြောကြားခဲ့ကြောင်း ကြားသိရသည်။

ကဗျာဆရာကြီး ဒဂုန်တာရာကလည်း အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ကြောင်းနှင့် ဆရာကြီး ဦးရာဇတ်၏ သား ဦးတင်မြင့်ကလည်း အမှတ်တရ စကားပြောကြားခဲ့သေးကြောင်း သတင်းရရှိသည်။

From Burmese Martyrs

အခမ်းအနားကျင်းပရာ မန္တလေး Oriental House (အောက်ထပ်)ခန်းမအပြည့် ပရိသတ်များ တက်ရောက်ခဲ့ပြီး ခန့်မှန်းပရိသတ် ၁၅ဝဝ ခန့်ရှိကြောင်း သတင်းရရှိပါသည်။


ညိုကြီး

https://picasaweb.google.com/s/c/bin/slideshow.swf

 

Kolay (Innwa Goneyi)’s Peace Talk Video Files 1 & 2 August 12, 2011

Filed under: DAYS TOPICS,MY NEWS,Videos — Nyo Gyi @ 4:46 pm

ကိုလေး(အင်းဝဂုဏ်ရည်)၏ ငြိမ်းချမ်းရေးစကား

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ စိန်ရတု မွေးနေ့ (၁၁.၈.၂၀၁၁) ငြိမ်းချမ်းရေးစကား ဗွီဒီယိုဖိုင်များကို

ကျွန်တော် ညိုကြီး၏ Facebook(www.facebook.com/nyogyi) မှ

Videos ကဏ္ဍ(https://www.facebook.com/video/?id=100000008066345) တွင် ကြည့်ရှုနိုင်ပါပြီ။

ငြိမ်းချမ်းရေးစကား (၁) ကို

https://www.facebook.com/video/video.php?v=263241730352760

တွင်လည်းကောင်း

ငြိမ်းချမ်းရေးစကား (၂) ကို

https://www.facebook.com/video/video.php?v=263245280352405

တွင်လည်းကောင်း ကြည့်ရှုခံစားနိုင်ပါပြီ။

ကိုလေး(အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့ပွဲသတင်းကို

http://bigbbrown.blogspot.com/2011/08/kolay-innwa-goneyis-75th-birthday-held.html

တွင် ဆက်စပ်ကြည့်ရှုနိုင်ပါသည်။ ။

ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ တိုက်ပွဲဝင်ကြပါဦးစို့ !



ညိုကြီး

 

Poet Kolay(Innwa Goneyi)’s 75th Birthday Ceremony August 11, 2011

Filed under: DAYS TOPICS,MY NEWS,NLD,PHOTOS — Nyo Gyi @ 3:46 pm

ကိုလေး (အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲကျင်းပ

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲကို ဆရာကြီး၏ တံတားဦး-အင်းဝရှိ နေအိမ်တွင် ယနေ့(၁၁.၈.၂၀၁၁) ကျင်းပရာ ဆရာကြီးအား လေးစားသော ကဗျာ၊ စာ၊ နိုင်ငံရေးသမားများ တက်ရောက်ကာ ဆရာကြီးအားဂါရ၀ပြုခဲ့ကြသည်။

မွေးနေ့အခမ်းအနားကို နံနက်ပိုင်းနှင့် နေ့လည်ပိုင်း ၂ ပိုင်းခွဲကာ ကျင်းပခဲ့ပြီး တက်ရောက်သော ကဗျာဆရာများက ဆရာကြီးအားဂုဏ်ပြုသော ကဗျာများရွတ်ဆိုခြင်း၊ ဆရာကြီး၏ ငြိမ်းချမ်းရေးသြ၀ါဒများကို နာယူခြင်းစသဖြင့် ခမ်းနားငြိမ်းချမ်းစွာ ကျင်းပခဲ့သည်။ ဆရာကြီးက တက်ရောက်သော ဧည့်သည်များအား နေ့လည်စာ ထမင်း၊ အချိုတည်းစားစရာများနှင့် ဧည့်ခံခဲ့သည်။

ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က ငြိမ်းချမ်းရေးသဘော ပြောကြားရာတွင် လက်နက်ကိုင် ပဋိပက္ခများပြေငြိမ်းစေလိုကြောင်း၊ သခင်ကိုယ်တော်မှိုင်းကြီးကဲ့သို့ ငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်ကြရန်နှင့် သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပင် ရန်သူဟု မသတ်မှတ်တော့ဘဲ ငြိမ်းချမ်းရေးအတွက် လက်ကမ်းကြစေလိုကြောင်း… စသဖြင့် ငြိမ်းချမ်းရေးကို ဇောင်းပေးကာ သြ၀ါဒခြွေခဲ့ပါသည် ။ ။

ညိုကြီး

——————————-

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအကျဉ်း

၁၉၃၆ ခု၊ သြဂုတ်လ ၁၁ ရက်၊ အင်းဝမြို့၊ ဈေးချို ပန်းဘဲတန်း၌ မွေးဖွား ။

ဦးချွန်နှင့် ဒေါ်မမကြီး …

၁၉၄၂-၄၅ (ဂျပန်ခေတ်)တွင် အင်းဝဂုဏ်ရည်ကျောင်း၌ စတင်ပညာသင်ယူ ။

ဆရာတော် ဦးသြဘာသာ၏ ပြာသာဒ်ကျောင်း၊

တံတားဦးမြို့ အထက်တန်းကျောင်းတို့၌ ဆက်လက်သင်ယူ ။

၁၉၅၄ ခု၊ မတ်လ တွင် ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲ အောင် ။

၁၉၅၄ မှ ၁၉၅၈ မန္တလေးတက္ကသိုလ်-

မန်းတက္ကသိုလ် ကလောင်ရှင်သင်း

အဆောင်များ စာကြည့်တိုက်မှူး

စစ်ကိုင်း ခရိုင်အသင်း၌ ဥာဏဗလမှူး-

မန်းတက္ကသိုလ် ကဗျာဆရာများနှင့် တွဲ၍ ကဗျာစာအုပ်များထုတ်ဝေခဲ့ ။

၁၉၆၅ ခုနှစ်တွင် “လမ်းသစ်ကဗျာများ” ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာ) ပထမဆု ရရှိခဲ့ ။

တင်မိုး

မောင်ခိုင်မာ

နွယ်(စစ်တွေ)

ခင်ဝင်းသစ် တို့နှင့်တွဲ၍ နဒီငါးသွယ် ကဗျာများ ရေးသားထုတ်ဝေခဲ့ ။

ယခုအချိန်ထိ ကဗျာများကို မြတ်မြတ်နိုးနိုး ရေးသားဆဲ …

ကိုလေး (အင်းဝဂုဏ်ရည်)

11.VIII.2011

 

23th Anniversary of 8888 Revolution will be held in Mandalay August 6, 2011

Filed under: DAYS TOPICS,MY NEWS,PHOTOS,Uncategorized — Nyo Gyi @ 1:54 pm

မန္တလေး၌ ရှစ်လေးလုံး (၂၃)နှစ်မြောက်အထိမ်းအမှတ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည်

အာဏာရှင်နေ၀င်းအဆိုးရကို ဖြုတ်ချနိုင်ခဲ့သော သမိုင်းဝင် ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယခု ၂၀၁၁ ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်တွင် (၂၃)နှစ်ပြည့်မြောက်မည်ဖြစ်သည်။

ရှစ်လေးလုံး (၂၃)နှစ်မြောက် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ခံ ဒီမိုကရေစီဘက်တော်သားများကကြီးမှူးပြီး (၈၊ ၈၊ ၂၀၁၁)ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းတိုက်၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

ယင်းရှစ်လေးလုံးအမှတ်တရ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကုသိုလ်အရေး၊ ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်ကာ ပါဝင်ကုသိုလ်ယူနိုင်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ ကြားသိရသည်။

ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ၅၅ လမ်း၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြား၌ တည်ရှိပြီး အဆိုပါကျောင်းတိုက်တွင် ဘုန်းကြီးသင်ပညာရေးကျောင်းနှင့် အခမဲ့ပရဟိတ ဆေးခန်းများ တည်ထောင်ထားကြောင်းလည်း သိရပါသည်။ ။

(ဖိတ်စာကို ပူးတွဲ ဖော်ပြလိုက်ပါသည်)

ညိုကြီး