MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>2011 Mandalay Thingyan – A Tet Day (16.4.2011) April 16, 2011

Filed under: MY NEWS,PHOTOS — Nyo Gyi @ 6:37 pm

>၂၀၁၁ မန္တလေးသင်္ကြန် အတက်နေ့

From 2011 Mandalay Thingyan – A Tet Day (16.4.2011)
အတက်နေ့ဆိုတော့ အကဲဆုံးပေါ့။

အတက်နေ့အတွက်တော့ Rock ပရိသတ်အကြိုက် Iron Cross ပုံတွေတင်ပေးလိုက်ပါတယ်။ Iron Cross ရှေ့ မှာ လူပင်လယ်ကြီး စီးမျောကခုန်အော်ဟစ်နေကြ။

From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)

Iron Cross သီဆိုအပြီး နေ့လည်စာ ထမင်းစားနားမယ်လုပ်တုန်း မန္တလေးစစ်တိုင်းမှူးက Iron Cross ဖျော်ဖြေတဲ့ မြန်မာဘီယာ မဏ္ဍပ်စင်ပေါ်ကနေ ပရိသတ်တွေဆီ လက်ဆောင်ပစ္စည်း(အသေးစားလေး)တွေ ပစ်ချပြီး ဟန်ရေးပြပါလေရော။ မြန်မာဘီယာမဏ္ဍပ်က မန်းစစ်တိုင်းမှူးကို အထူးဧည့်သည်အဖြစ် ဖိတ်ကြားပြီး လက်ဆောင်ကြဲဖို့လည်း စီစဉ်ပေးထားပုံရပါတယ်။

From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)

ဒီနေရာမှာ စဉ်းစားစရာပေါ်လာပြီ။ အစိုးရသစ်ဖွဲ့  ပြီးဆို။ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝင်တွေက ဟန်ရေးမပြဘဲ ဘာလို့ စစ်တိုင်းမှူးက ဟန်ရေးပြ နေရာယူနေတာလဲ။ ဘယ်သူအာဏာပိုရှိလဲ။ အမြင်သာကြီးပေါ့ဗျာ။ အရင်လိုအတိုင်း မပြောင်းလဲပါဘူး။ အခုလို မန်းစစ်တိုင်းမှူးက မြန်မာဘီယာမဏ္ဍပ်စင်ပေါ်ကနေ လူလုံးထွက်ဟန်ရေးပြလိုက်တာဟာ စစ်တပ်မှာသာ အာဏာရှိဆဲဖြစ်တယ်၊ အရပ်သားကြံ့ ဖွတ်အစိုးရရဲ့  အာဏာအဆင့်အတန်းဟာ စစ်တပ်ရဲ့  အောက်မှာသာတည်ရှိမြဲဖြစ်တယ်.. ဆိုတာ ပေါ်လွင်စေပါတယ်။

From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)

အတက်နေ့ ညမြင်ကွင်းလေးတွေလည်း တင်ဆက်လိုက်ပါတယ်။ အတက်နေ့ညဆိုတော့ Alpine မဏ္ဍပ်နဲ့ မြို့တော်ဝန်မဏ္ဍပ်တို့က သန်းခေါင်တိုင်အောင် ဖျော်ဖြေပါတယ်။

From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)
From 2011 Mandalay Thingyan – A Tet Day (16.4.2011)

https://picasaweb.google.com/s/c/bin/slideshow.swf

2011 Mandalay Thingyan – A Tet Day (14.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThingyanATetDay1642011#

သင်္ကြန်မှာ လန်းလန်းလေးတွေကဲနေတဲ့ ဗွီဒီယိုဖိုင်တွေ၊ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သီဆိုထားတဲ့ Thingyan Liveshow ဗွီဒီယိုဖိုင်တွေကိုလည်း အချိန်ရ၊ အလျဉ်းသင့်ရင် တင်ပေးပါဦးမယ်။

>2011 Mandalay Thingyan – A Kyat Day (15.4.2011)

Filed under: MY NEWS,PHOTOS — Nyo Gyi @ 5:45 pm

>၂၀၁၁ မန္တလေးသင်္ကြန် အကြတ်နေ့

လွှတ်တော်အတု၊ အစိုးရအတုအောက်မှာ လူတွေကလည်း အပျော်အတုတွေရှာနေကြ။ အရက်အတုတွေ သောက်ကြ။ သတ္တိအတုတွေ ပြကြ။

From 2011 Mandalay Thingyan – A Kyat Day (15.4.2011)

2011 Mandalay Thingyan – A Kya Day (14.4.2011) Photos Album
https://picasaweb.google.com/s/c/bin/slideshow.swf

2011 Mandalay Thingyan – A Kya Day (14.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThingyanAKyatDay1542011?authkey=Gv1sRgCLeKwsTb3cnJzAE#

>2011 Mandalay Thingyan – A Kya Day (14.4.2011) April 14, 2011

Filed under: MY NEWS,PHOTOS — Nyo Gyi @ 3:22 pm

>၂၀၁၁ မန္တလေးသင်္ကြန် အကျနေ့

From 2011 Mandalay Thingyan – A Kya Day (14.4.2011)

အကျနေ့မှာ တော့ အကြိုနေ့ကထက် ပိုကဲလာကြပါပြီ။ သင်္ကြန်မှာ အရောင်းရဆုံးကတော့ အရက်၊ ဘီယာနဲ့ မိန်းမပါပဲ။

Alpine မဏ္ဍပ်နဲ့ IC မဏ္ဍပ်မှာ လူတွေ ပုံနေပါတယ်။ Alpine မဏ္ဍပ်က ကျုံးအရှေ့တောင်ထောင့်မှာရှိပြီး Iron Cross မဏ္ဍပ်ကတော့ ကျုံးမြောက်ဘက် ရတနာပုံတိရစ္ဆာန်ဥယျာဉ်နဲ့ မျက်နှာချင်းဆိုင်မှာပါ။

https://picasaweb.google.com/s/c/bin/slideshow.swf

2011 Mandalay Thingyan – A Kya Day (14.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThingyanAKyaDay1442011#

>2011 Mandalay Thingyan – A Kyo Day (13.4.2011)

Filed under: MY NEWS,PHOTOS — Nyo Gyi @ 2:25 pm

>၂၀၁၁ မန္တလေးသင်္ကြန် အကြိုနေ့

From 2011 Mandalay ThinGyan – A Kyo Day (13.4.2011)

မန္တလေး၊ ကျုံးတောင်ဘက် (၂၆ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက) 9 Paradise မဏ္ဍပ်က မန္တလေးတိုင်းမှူးသားနဲ့ အခြားစစ်တပ်အရာရှိကြီးတွေရဲ့ အမျိုးအနွယ်သားသမီးတွေ ၀ိုင်းပြီး တည်ထောင်ထားတာပါတဲ့။

မန္တလေးမှာ သင်္ကြန်တွင်း ဗုံးကွဲမယ်ဆိုပြီးလည်း ကောလဟလတွေလည်း ထွက်နေပါတယ်။ လန့်တဲ့လူကလည်း လန့်၊ ကဲတဲ့သူကတော့ ကဲပေါ့။

ဒီနှစ်မန်းမှာ မဏ္ဍပ်နည်းပါတယ်။ အရင်နှစ်တွေက တည်ထောင်နေကျ မဏ္ဍပ်တွေ ဒီနှစ် မဆောက်ဖြစ်ကြပါ။ (ဥပမာ- ကျန်းမာရေး မဏ္ဍပ် ဒီနှစ် မရှိပါ)

မဏ္ဍပ်တည်ထောင်သူတစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးရဲ့ အဆိုအရတော့ ကျုံးဘေး ကိုယ်လိုချင်တဲ့နေရာရဖို့ မန်းမြို့တော်ဝန်(စည်ပင်)ကို သိန်း (၅၀) ပေးရကြောင်းသိခဲ့ရပါတယ်။ ဦးရာလူကို ဦးစားပေးကြောင်းလည်း သိရပါတယ်။ အစိုးရ၀န်ကြီးဌာနမဏ္ဍပ်တွေကတော့ အဲဒီလောက်ပေးစရာမလိုဘူးလို့ ကြားသိရပါတယ်။

မဏ္ဍပ်တွေမှာ ရေကစားချင်ရင် အကြို၊အကျ၊အကြတ်၊အတက် တစ်ရက် တစ်ဈေးနှုန်းနဲ့ အပြိုင်ကြော်ငြာခဲ့ကြပါတယ်။ အတက်နေ့ကတော့ ဈေးအကြီးဆုံးပေါ့။ ၁ သောင်းကနေ ၂ သောင်းကြား အတက်နေ့မဏ္ဍပ်ထိုင်ဈေးပါ။

Alpine မဏ္ဍပ်ကတော့ ပိုက်ဆံနဲ့မဏ္ဍပ်ထိုင်စရာမလိုဘဲ ကိုယ့်ကိုယ်ကို လှတယ်ထင်တဲ့ ကောင်မလေးတွေ မဏ္ဍပ်မှာထိုင်ချင်ရင် ဓာတ်ပုံနဲ့ လာပြီး လျှောက်လွှာတင်ရမယ်လို့ဆိုပါတယ်။

https://picasaweb.google.com/s/c/bin/slideshow.swf

2011 Mandalay Thingyan – A Kyo Day (13.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThinGyanAKyoDay1342011#

>Fire Case at Myawaddy Fuel Filling Station, Kyaukse, Myanmar April 8, 2011

Filed under: OTHERS' NEWS,PHOTOS — Nyo Gyi @ 2:43 pm

>

ကျောက်ဆည်မြို့က
ဦးပိုင်လီမိတက်ပိုင် ” မြ၀တီ ” စက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား
(၄၊ ဧပြီ၊ ၂၀၁၁)

ကျောက်ဆည်မြို့၌ (၄၊ ဧပြီ ၂၀၁၁)ရက်၊ တနင်္လာနေ့၊ ညနေ(၄)နာရီကျော်ခန့်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင်၊ “မြ၀တီ” စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ မြို့ခံများနှင့် မီးသတ်ကား(၂)စီးသွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

စစ်အာဏာရှင်ကျောထောက်နောက်ခံ ဦးပိုင်လီမိတက်ပိုင် “မြ၀တီ” စက်သုံးဆီအရောင်းဆိုင်မှာ မောက်မာသဖြင့် “၄င်းဆိုင်အား မီးလောင်စေချင်ကြောင်း၊ ရပ်ကွက်တွေကို မီးမကူးရင်ပြီးရော” ဟု မြို့ခံများက ပြောဆိုကြောင်းသိရသည်။ ဆိုင်ကယ်နှင့် ကားတစ်စီး မီးထဲပါသွားကြောင်းလည်း သိရပြီး ထိခိုက်ဒဏ်ရာရ/သေဆုံးသူစာရင်း အတိအကျ မသိရှိရသေးပါ။

သန်းရွှေရှယ်မုန်း (ကျောက်ဆည်)