MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Ludu U Hla, 100th Year (News & Photos) January 19, 2010

လူထုဦးလှ ရာပြည့်ပွဲJustify Full
(၁၉၊ ဇန်န၀ါရီ၊ ၀၁၀)

သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ ၃၅ လမ်း၊ ၈၅ – ၈၆ လမ်းကြား၊ မြတောင်ဘုန်းကြီးကျောင်းတိုက်၊ ရာပြည့်ဗိမာန်မှာ ယနေ့ ကျင်းပခဲ့ပါတယ်။

လူထုဦးလှရာပြည့်ပွဲကျင်းပရာ မြတောင်ရာပြည့်ဗိမာန်တော်နှင့်
မြတောင်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ လူထုဦးလှ အမှတ်တရသစ်ပင် ကျောက်စာတုံး

နံနက် (၁၀)နာရီခွဲ

မှာ လူထုမိသားစုက ဘုန်းကြီးအပါး (၅၅)ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရာပြည့်ပွဲလာ ပရိသတ်အပေါင်းကို (စစ်ခွေးတွေကိုပါမကျန်) နေ့လည်စာ ကျွေးပါတယ်။

နံနက် (၁၁)နာရီ (၃၀)မိနစ်ခန့်

မှာ လူထုဦးလှ ရာပြည့်ပွဲကို ပေးပို့လာတဲ့ သ၀ဏ်လွှာများကို ဖတ်ကြားပါတယ်။ သ၀ဏ်လွှာများမှာ
၁။ ဦးသော်ကောင်းရဲ့ ” လူထုဦးလှ အမှတ်တရ ” သ၀ဏ်လွှာ ကို စာရေးဆရာ ဆူးငှက်က လည်းကောင်း
၂။ ဦးဝင်းတင်ရဲ့ ” လူထုကို မျက်နှာမူခဲ့တဲ့ ဦးလှ ” သ၀ဏ်လွှာကို စာရေးဆရာ ညီစေမင်းက လည်းကောင်း
၃။ ဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို ကဗျာဆရာ မောင်နီဦးက လည်းကောင်း
၎။ ကလျာ(၀ိဇ္ဇာ/သိပ္ပံ)ရဲ့ ” ဦးလေးလှအတွက် သ၀ဏ်လွှာ ” ကို စာရေးဆရာမ ၀င်းဝင်းမြင့်(နန်းတော်ရှေ့)က လည်းကောင်း
၅။ ဦးဝင်းငြိမ်းရဲ့ ” ကျွန်တော်သိသမျှ ဘဘဦးလှ ” သ၀ဏ်လွှာကို အယ်ဒီတာ၊ ကဗျာဆရာ မောင်တင်သစ်က လည်းကောင်း အသီးသီး ကိုယ်စားဖတ်ကြားကြပါတယ်။

စာရေးဆရာ ညီစေမင်း (တိုက်ပုံနှင့် ဆံပင်ဖြူဖြူ၊ ခပ်ပြုံးပြုံး)

အဲဒီနောက်ဆက်လက်ပြီး
လူထုဦးလှ ရာပြည့်အမှတ်တရ လူထုဦးလှအကြောင်း စာတမ်းများဖတ်ကြားကြပါတယ်။
၁။ လူထုစိန်ဝင်းရဲ့ ” ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ ” စာတမ်းကို စာရေးဆရာ၊ အယ်ဒီတာ ကျော်ရင်မြင့် က လည်းကောင်း
၂။ ဒေါ်ခင်နှင်းဦးရဲ့ ” ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ ပုံရိပ်များ ” စာတမ်းကို စာရေးဆရာမ မိချမ်းဝေ ကလည်းကောင်း
၃။ စိုးနိုင် (မန္တလေးတက္ကသိုလ်)ရဲ့ ” ပုံပြင်ဦးလှ ” စာတမ်းကို စာတမ်းရှင်ကိုယ်တိုင်ကလည်းကောင်း အသီးသီးဖတ်ကြားကာ ရာပြည့်ဦးလှကို လူထုတစ်ရပ်လုံးကိုယ်စား ဂုဏ်ပြုခဲ့ကြပါတယ်။

အခမ်းအနားကို
ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်ဟောင်း ဦးဝင်းတင်၊ NLD ရဲ့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်နှင့် သူ၏ ဇနီး အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်နိုင်ငံရေးသမားများ၊ ကဗျာဆရာကြီး အံ့မောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ပိုင်စိုးဝေ အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်ကဗျာဆရာများ၊ အနယ်နယ်အရပ်ရပ်မှ စာရေးဆရာများ၊ သတင်းထောက်များ (အင်အား ၂၀၀ ကျော်ခန့်) လူထုဦးလှ ရာပြည့်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကျင်းပရာ

မြတောင်ကျောင်းတိုက်ဝင်းအတွင်းမှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အရောင်းကိုယ်စားလှယ်များက လူထုဦးလှ၊ လူထုဒေါ်အမာတို့အတွက် အထူးထုတ်ဝေထားပြီးဖြစ်သော ပိတောက်ပွင့်သစ်မဂ္ဂဇင်းများကို ပြန်လည် ခင်းကျင်း၊ ရောင်းချပေးခဲ့ပါတယ်။

ထုံးစံအတိုင်း
စစ်အဆိုးရ ထောက်လှမ်းရေးများ၊ ကြံ့ဖွတ်သတင်းပေးများလည်း အခမ်းအနားကို အတည်ပေါက်တက်ရောက်၊ ဓာတ်ပုံရိုက်၊ သတင်းယူခဲ့ကြပါသေးတယ်။

– ညိုကြီး
 
Ludu Mother Mar & Demo Mother Suu December 3, 2009

Filed under: DAW AUNG SAN SU KYI,Ludu Daw Ah Mar — Nyo Gyi @ 4:30 pm

ထို ဒီဇိုင်းအတွက် ပန်းချီ-ဒီဇိုင်း ကိုမျိုး အား အထူး အထူး အထူး
ကျေးဇူးတင်ရှိပါသည်။

Mother Mar, Please Come and Save Our Burma ! November 30, 2008

Filed under: Ludu Daw Ah Mar,NARGIS CYCLONE,OTHERS' POEMS,PHOTOS — Nyo Gyi @ 12:10 pm
ကြာနီကန် လွမ်းချင်း
အမေလူထုဒေါ်အမာသို့

အောင်ကျော်ဆန်း

ဟောဒီ ရာသီမှာလေ
ကြာနီတွေ
ယိမ်းနွဲ့ကာ ပွင့်ကြပေါ့ ။

အို ကြာနီကန်ရယ်
ခင်ဗျားမှာ
ရေကန်မရှိ၊ ကြာမရှိနဲ့
သမနိနှစ်တွေကို ကျောခိုင်း
သမိုင်းကို ကျောပေး
မန္တလေးရဲ့ အသည်းနှလုံးကို
မီးပုံရှို့ခဲ့တယ် ။

ဥသြတွေ တွန်သံထဲမှာ
မီးခိုးခေါင်းတိုင် တငွေ့ငွေ့နဲ့
တမြေ့မြေ့ ကျွမ်းအောင်
မီးလောင်သွား
ဘာကိုများ ထပ်ပြီးပေးရဦးမလဲ
မီးရှူးတန်ဆောင်ကို ဆုံးရှုံးခဲ့ရပေါ့
မန္တလေးမြို့ကြီးမှောင်သွားတယ် ။

အောင်ကျော်ဆန်း

(ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း၊ အမှတ် (၁၈)၊ ဇွန်၊ ၂၀၀၈၊ စာမျက်နှာ-၇၀)

——————————————————————————————-

မှတ်ချက်။ ။ ဒီကဗျာကို ရေးတဲ့ ကိုအောင်ကျော်ဆန်းဟာ နာဂစ်မုန်တိုင်းပြီးခါစ ဧရာဝတီတိုင်းမှာ စေတနာဖြင့် အလောင်းကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်အဆိုးရရဲ့ မတရား ဖမ်းဆီးခြင်းခံထားရသူ ဖြစ်ပါတယ်။
သူဖမ်းဆီးခံရတဲ့ သတင်းအပြည့်အစုံကို အောက်က လင့်ခ်(Link)များမှာ ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

http://bigbbrown.blogspot.com/2008/08/ko-aung-kyaw-san-and-his-friends_5287.html
http://bigbbrown.blogspot.com/2008/08/photos-of-ko-aung-kyaw-san-and-his.html

Mother Mar, Please Come and Save Our Burma !

>Mother Mar, Please Come and Save Our Burma !

Filed under: Ludu Daw Ah Mar,NARGIS CYCLONE,OTHERS' POEMS,PHOTOS — Nyo Gyi @ 12:10 pm

>

ကြာနီကန် လွမ်းချင်း
အမေလူထုဒေါ်အမာသို့

အောင်ကျော်ဆန်း

ဟောဒီ ရာသီမှာလေ
ကြာနီတွေ
ယိမ်းနွဲ့ကာ ပွင့်ကြပေါ့ ။

အို ကြာနီကန်ရယ်
ခင်ဗျားမှာ
ရေကန်မရှိ၊ ကြာမရှိနဲ့
သမနိနှစ်တွေကို ကျောခိုင်း
သမိုင်းကို ကျောပေး
မန္တလေးရဲ့ အသည်းနှလုံးကို
မီးပုံရှို့ခဲ့တယ် ။

ဥသြတွေ တွန်သံထဲမှာ
မီးခိုးခေါင်းတိုင် တငွေ့ငွေ့နဲ့
တမြေ့မြေ့ ကျွမ်းအောင်
မီးလောင်သွား
ဘာကိုများ ထပ်ပြီးပေးရဦးမလဲ
မီးရှူးတန်ဆောင်ကို ဆုံးရှုံးခဲ့ရပေါ့
မန္တလေးမြို့ကြီးမှောင်သွားတယ် ။

အောင်ကျော်ဆန်း

(ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း၊ အမှတ် (၁၈)၊ ဇွန်၊ ၂၀၀၈၊ စာမျက်နှာ-၇၀)

——————————————————————————————-

မှတ်ချက်။ ။ ဒီကဗျာကို ရေးတဲ့ ကိုအောင်ကျော်ဆန်းဟာ နာဂစ်မုန်တိုင်းပြီးခါစ ဧရာဝတီတိုင်းမှာ စေတနာဖြင့် အလောင်းကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်အဆိုးရရဲ့ မတရား ဖမ်းဆီးခြင်းခံထားရသူ ဖြစ်ပါတယ်။
သူဖမ်းဆီးခံရတဲ့ သတင်းအပြည့်အစုံကို အောက်က လင့်ခ်(Link)များမှာ ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

http://bigbbrown.blogspot.com/2008/08/ko-aung-kyaw-san-and-his-friends_5287.html
http://bigbbrown.blogspot.com/2008/08/photos-of-ko-aung-kyaw-san-and-his.html

>Ludu Daw Ah Mar’s 93rd Birthday

Filed under: Ludu Daw Ah Mar,OTHERS' NEWS — Nyo Gyi @ 11:52 am

>

လူထုဒေါ်အမာ ၉၃ နှစ်မြောက်မွေးနေ့
2008-11-29
(RFA မှ သတင်းစာသား ကူးယူဖော်ပြသည်)

အခုနှစ် ဧပြီလအစောပိုင်းမှာ ကွယ်လွန်သွားခဲ့တဲ့ အမေ လူထု ဒေါ်အမာရဲ့ ၉၃ နှစ် မြောက်မွေးနေ့ကို သူရှိစဉ်အချိန်က ကျင်းပလေ့ရှိတဲ့ တောင်သမန်အင်းက တောင်လေးလုံး ကျောင်းတိုက်မှာ ကျင်းပတာမဟုတ်ပဲ၊ မန္တလေး ဝိသိဒ္ဓါရုံကျောင်း တိုက်မှာ ကျင်းပတာ ဖြစ်တယ်လို့ အမေ လူထုဒေါ်အမာရဲ့သား စာရေးဆရာ ညီပုလေးက ပြောပါတယ်။

ဆရာညီပုလေး။ ။ “နယူးစီဗွီလိုင်းမှာရှိတဲ့ မဟာဝိသိဒ္ဓါရုံ ကျောင်းမှာ ပြုလုပ်ပါတယ်။ ဝိသိဒ္ဓါရုံ ဆရာတော်ကြီး အမှူးရှိတဲ့ သံဃာတော်အပါး ၁၈ဝ ကို ဆွမ်းကပ်ပါတယ်။ နောက်ပြီးတော့ အရပ်ရပ်က ကြွလာတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ထမင်းနဲ့ တည်ခင်းဧည့်ခံ ပါတယ်ခင်ဗျ။ စန္ဒယား ဦးသိန်းမောင်က သူလုပ်ထားတဲ့ စီဒီလေးတခုလည်း အမေ့ကို သတိရပြီးတော့ ဂုဏ်ပြုပြီးတော့ ရှင်းပြ၊ ဖွင့်ပြပါတယ်။ မြန်မာ့တူရိယာပစ္စည်းနဲ့ ပတ်သက်တဲ့ သူလုပ်ထားတဲ့ စီဒီလေးတချပ်ရှိပါတယ်၊ အဲဒါလေး အမေ မကြည့်လိုက်ရလို့ အမေညွှန်ကြား လမ်းညွှန်တဲ့အတိုင်း သူလုပ်ထားတဲ့ အတိုင်း ပြပါတယ်။”

အမေလူထုဒေါ်အမာ မွေးနေ့ကို စာရေးဆရာတွေထဲက ဆရာမောင်မိုးသူ၊ ဆရာ ကိုလေးအင်းဝဂုဏ်ရည်၊ ကဗျာဆရာ ကြည်အောင်၊ ဆရာမ သန်းမြင့်အောင်၊ ကာတွန်းဆရာ အော်ပီကျယ်၊ ကဗျာဆရာ မင်းထက်မောင်၊ ဆရာကျော်ရင်မြင့်၊ ဆရာဆူးငှက် စသဖြင့် စာရေးဆရာ အများအပြား လာကြတယ်လို့ ဆရာညီပုလေးက ပြောပါတယ်။ လူကြီးရောဂါနဲ့ အမေရှိတုန်းက အခြေအနေနဲ့ အမေမရှိတော့တဲ့နောက် မွေးနေ့လုပ်ရတဲ့ ခံစားချက်နဲ့ ပါတ်သက်လို့ ဆရာညီပုလေး ပြောပြပါတယ်။

ဆရာညီပုလေး။ ။ “ကြွလာကြတဲ့ ပုဂ္ဂိုလ်အားလုံးက အမေ့သတိရကြပါတယ်။ ဒီနေ့ နောက်ပြီးတော့ ကြိုးစားပြီးတော့ အတတ်နိုင်ဆုံး လာကြပါတယ်။ စီးပွါးရေး ခက်ခဲနေတဲ့ ကြားက တော်တော်စုံစုံညီညီ လာကြပါတယ်။ အားလုံး စေတနာမေတ္တာ ထားကြတဲ့အတွက် အမေ့ရဲ့ အခမ်းအနားဟာ အောင်အောင်မြင်မြင်လေး ပြီးတဲ့အကြောင်းပါပဲ။

ဒါကတော့ ဆရာညီပုလေးပြောသွားတာပါ၊ အမေဟာ စာရေးဆရာသာမက ပြည်သူက လေးစားချစ်ခင်တဲ့သူ ဖြစ်တဲ့အကြောင်း စာရေးဆရာ ကျော်ရင်မြင့်ကလည်း မှတ်ချက်ပြုပါတယ်။

ဆရာကျော်ရင်မြင့်။ ။ “စာရေးဆရာတင်မကဘူး သူက ပြည်သူလူထုကို ချစ်ခဲ့တယ်။ ပြည်သူလူထု ရှေ့ကနေ ရပ်ခဲ့တယ်၊ အဲတော့ စာရေးဆရာတွေ အပါအဝင် ပြည်သူ လူထုကလဲ အမေ့ကို ချစ်တာပါပဲ။ အဲတော့ အမေမရှိပေမဲ့လည်း အမေ့ မွေးနေ့တော့ မှတ်မှတ်ရရ ရှိနေကြတာပါပဲ အမေ့ရဲ့ စေတနာ မေတ္တာကို ပြန်ပြီးတော့ တုံ့ပြန်တဲ့ သဘောပါပဲ။ နောက်တခုကတော့ အနယ်နယ် အရပ်ရပ်မှာရှိနေကြတဲ့ အမေ့ကို ချစ်ခင် လေးစားတဲ့ သူတွေက အမေ့မွေးနေ့ကို အကြောင်းပြုပြီးတော့ အချင်းချင်းတွေ့ကြရတယ်၊ ဆုံကြရတယ်၊ စာပေစကား ပြောကြရတယ်။ ဒီအလေ့အထ အစဉ်အလာလေးက ရှိနေတော့ အမေမရှိတော့ပေမယ့် အမေ့မွေးနေ့မှာ မှတ်မှတ်ရရရှိ နေအုံးမှာပါပဲ။ ကျွန်တော်တော့ အဲလို မြင်ပါတယ်ခင်ဗျ။”

စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ သားတယောက်ဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကလည်း သူ့အမေကို အင်မတန် သတိရနေတယ်လို့ ပြောပါတယ်။

ဖိုးသံချောင်း။ ။ “ဒီကနေ့ဟာ အမေ မရှိတော့တဲ့နောက်မှာ ပထမဆုံးအမေ့ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ အဲတော့ ဒီနေ့မှာ ကျွန်တော်ဟာ အမေ့ သားတယောက်အနေနဲ့ တင်မကပဲ ဗမာပြည်သား တယောက်အနေနဲ့ လွမ်းတာရော၊ တမ်းတတာရော ဗမာပြည်မှာ ဆက်ရှိ စေချင်သေးတာရော အဲဒီဟာတွေ အကုန်လုံး ရောပြွမ်းပြီး ခံစားရပါတယ်။ ဒါအမှန်အတိုင်း ပြောရရင် ကျွန်တော့်အနေနဲ့ ဒီကိစ္စကို မစဉ်းစားမိအောင်တောင် နေရပါတယ်။ ဘာပဲဖြစ်ဖြစ် ဗမာပြည်သားတွေဟာ အခုထက်ထိ ကျွန်တော့်အမေကိုလည်း မမေ့ဘူး၊ ကျန်တဲ့ဗမာပြည်က လေးစားအပ်တဲ့ပုဂ္ဂိုလ်တွေ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တွေကို ဘယ်သူ့ကိုမှ မမေ့ပဲနဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်နေကြတာကို မြင်ရတဲ့အတွက် အများကြီးပဲ အမေ့အတွက် ရောအားလုံးအတွက်ရော ဂုဏ်လဲယူပါတယ်။ ဒီနိုင်ငံသား ဖြစ်ရတာ ကျွန်တော်ဂုဏ်လဲယူပါတယ်၊ ဒီလူတွေနဲ့ အတူတူ တိုက်ဖေါ်တိုက်ဖက်ဖြစ်ရတာ ဂုဏ်လဲယူပါတယ်၊ အခုအချိန်အခါမှာ ရန်သူက ပြင်းပြင်းထန်ထန် နှိပ်ကွပ်တိုက်ခိုက်နေတဲ့ အချိန်မှာ ကျွန်တော်အများကြီး အမေ့ကို သတိရမိပါတယ်။ အမေရှိရင် အမေလည်း ပြောနေမှာပဲလို့ပဲ အောင့်မေ့ပါတယ်။”

လူထုဒေါ်အမာရဲ့အဝေးရောက်သား ရဲဘော်ဖိုးသံချောင်းရဲ့ ရင်ဖွင့်ခံစားချက်ဖြစ်ပါတယ်။ စာရေးဆရာမကြီး လူထု ဒေါ်အမာဟာ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်မှာ အင်္ဂလိပ်ကိုလိုနီ လက်လက်က သပိတ်မှောက် ကျောင်းသူဖြစ်ပါတယ်။ ဘာသာပြန်၊ ဝတ္တုတို၊ ဆောင်းပါး စာအုပ်မြောက်များစွာကို ရေးသားခဲ့သူဖြစ်ပါတယ်။ မကွယ်လွန်ခင် ကာလတ လျှောက်လုံးမှာ မြန်မာ့နိုင်ငံရေး အကြပ်အတည်းပြေ လည်ဖို့အတွက် အတိုက်အခံ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လို တဲ့အကြောင်း မြန်မာစစ်အစိုးရတို့ ကွယ်လွန်ချိန်အထိ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။ ဆရာမကြီးလူထုဒေါ်အမာကို စစ်အာဏာရှင်အောက်မှာကျရောက်နေတဲ့ ပြည်သူလူထု ဖက်ကနေ တလျှောက်လုံး ရပ်တည်သွားခဲ့တဲ့ စာရေးဆရာမ တစ်ယောက်အဖြစ် လူအများက အသိအမှတ် ပြုကြပါတယ်။

———————————————————————————————————
 
Ludu Daw Ah Mar’s 93rd Birthday