MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

ပြောပါ – ကာတွန်းအော်ပီကျယ်၏ လက်ရာ September 27, 2012

Filed under: CARTOONS — Nyo Gyi @ 9:21 pm

ပြောပါ…

ကာတွန်း အော်ပီကျယ်
Health for ALL cartoon, JUNE, 2012

Credit to Hnin Meme Than

 

လူရွှင်တော်များသို့ အကြံပြုခြင်း September 18, 2012

Filed under: CARTOONS,MY POEMS,SATIRE — Nyo Gyi @ 3:54 pm
“လူရွှင်တော်များသို့ အကြံပြုခြင်း”


လူရွှင်တော်တွေအနေနဲ့
တစ်ခါလာလည်း မော်တော်ပီကယ်ကို ဟာသလုပ်
တစ်ခါလာလည်း မီးသတ်ကို ဟာသလုပ်
တစ်ခါလာလည်း လျှပ်စစ်မီးကို ဟာသလုပ်
တစ်ခါလာလည်း ကုန်ဈေးနှုန်းကြီးတာကို ဟာသလုပ်
တစ်ခါလာလည်း ဆေးရုံနဲ့ ဆရာဝန်တွေကို ဟာသလုပ်
တစ်ခါလာလည်း ကျောင်းဆရာ၊ ဆရာမတွေကို ဟာသလုပ်
တစ်ခါလာလည်း တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံးကို ဟာသလုပ်
တစ်ခါလာလည်း မိန်းကလေးလိုဝတ်စားပြီး ဟာသလုပ်
တစ်ခါလာလည်း အဆိုတော်နဲ့ မင်းသား၊ မင်းသမီးတွေကို ဟာသလုပ်
တစ်ခါလာလည်း ….
ရိုးနေ အီနေပါပြီဗျာ
လုပ်စရာ သည်(ဒီ)လောက်မရှားပါဘူး
ဖဲ့ကြစမ်းပါ
ရွဲ့ကြစမ်းပါ
ကာတွန်းဆရာတွေကို အတုယူကြစမ်းပါ
ကွန်မြူနီကေးရှင်းရဲ့ အရေးပါပုံကို သတိရကြစမ်းပါ
မော်မီးလျှပ်ကုန်ဆေးရာလုံးမိန်းတော်မင်းကိုလည်း ဖဲ့နိုင်ကြသလို
နေညွန့်ရွှေအေးမန်းဆန်းရီဥလွှတ်တီကိုသာမက
လိုအပ်ရင် လိုအပ်သလို
သာပေါင်းညာလည်လိမ်လှည့်ယုတ်လုခြောက်စားတွေကိုလည်း ဖဲ့နိုင်ကြပါစေ
ဟာသဆိုတာမှာ…
အောက်လုံးလည်း အရေးပါသလို
အထက်လုံးလည်း အရေးပါပေရဲ့
သို့ကလို အဲ့သလိုသာ
ကြေညာမောင်းခတ်လိုက်ပါရစေငဲ့။


ညိုကြီး

https://www.facebook.com/nyogyi


(မှတ်ချက်။
တစ်ခါတစ်လေ လူရွှင်တော်တွေဟာ ကိုယ့်ပွဲလာကြည့်တဲ့ ပရိသတ်ကို ငဲ့ရတာတွေ၊ ပရိသတ်အမျိုးအစားပေါ် မူတည်ပြီး ပြက်ရတာတွေလည်း ရှိတတ်တာကို လက်ခံပါတယ်။)

 

Mandalay Cartoon Exhibition 2012 – မန္တလေးကာတွန်းပြပွဲ ၂၀၁၂ (ကာတွန်းများနှင့် သတင်းဗွီဒီယို) January 20, 2012

Filed under: CARTOONS,DAW AUNG SAN SU KYI,MY NEWS,NLD,Videos — Nyo Gyi @ 5:02 pm

မန္တလေးတိုင်းဒေသကြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော
မြန်မာကာတွန်းဆရာများ၏ ကာတွန်းပြပွဲ

သတင်းဗွီဒီယို

Mandalay Cartoon Exhibition 2012 (Video)

Joke for All
All for Joke

နေရာ – မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ပဒုမ္မာ ခန်းမ

နေ့ရက် – ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ (၂၀၊ ၂၁၊ ၂၂)ရက်များ

အချိန် – နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ

ဒါရိုက်တာ ညိုကြီး

——————————————————————

ကာတွန်းများ

Mandalay Cartoon Exhibition 2012 (Cartoons)

အောက်က အင်တာနက်လိပ်စာမှာ ကာတွန်းပုံ ၂၈ ပုံ တင်ထားပါတယ်။

https://picasaweb.google.com/bigbbrown/MandalayCartoonExhibition2012?authuser=0&feat=directlink

ညိုကြီး Facebook
www.facebook.com/nyogyi
မှာလည်း တင်ထားပါတယ်။

https://picasaweb.google.com/s/c/bin/slideshow.swf

ဓာတ်ပုံ ညိုကြီး

 

Aw P Kyal’s Environment Cartoons presented by Sein Yaung So Activities January 6, 2011

Filed under: CARTOONS,MY NEWS — Nyo Gyi @ 10:54 am

ပြည်တွင်းဖြစ် စိမ်းရောင်စို ACTIVITIES က ဖြန့်ဝေထားတဲ့ ကာတွန်း အော်ပီကျယ်ရဲ့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာတွန်းလေးတွေပါ။

စိမ်းရောင်စို လှုပ်ရှားမှုမှာ ရဟန်းသံဃာများ၊ စာသမားများ၊ တတ်သိပညာသည်များ၊ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် စိတ်ဝင်စားသူ ဗမာပြည်သူပြည်သားများ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြပါတယ်။
စိမ်းရောင်စို လှုပ်ရှားမှုထဲမှာ သစ်ပင်စိုက်၊ ဆေးကု၊ မရှိဆင်းရဲသားကူညီ၊ ဘုန်းကြီးသင်ပညာရေး ကူညီ၊ ဒုက္ခရောက်သူ ကူညီ၊ အသိပညာပေးဟောပြောပွဲများပြုလုပ် အစသဖြင့် ပါဝင်တယ်လို့ ဆိုပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ စိမ်းရောင်စိုကို ဆက်သွယ်လှူဒါန်းပါဝင်ဆောင်ရွက်ချင်တယ်ဆိုရင်-
seinyaungsoactivities.mdy@gmail.com
အီးမေးလ်ကို ဆက်သွယ်နိုင်ပြီး

စိမ်းရောင်စိုလှုပ်ရှားမှုအကြောင်း သတင်း၊ ဓာတ်ပုံများကိုတော့ FACEBOOK ပေါ်က အောက်ပါ စိမ်းရောင်စို လိပ်စာများမှာ ကြည့်ရှုနိုင်ပါကြောင်း ။
http://www.facebook.com/pages/Sein-yaung-so-activities/148947871822387
http://www.facebook.com/profile.php?id=100001670615608

58166 101337683265252 100001670615608 7883 84896

 

An Open Mail to Nay Pyi Daw February 19, 2010

Filed under: CARTOONS,MY POEMS — Nyo Gyi @ 6:03 am
နေပြည်တော်သို့ မေးလ်ဖွင့်ပေးစာ

ငါတို့က အမှောင်ထဲ နေထိုင်ရချိန်
နေပြည်တော်မှာ မီးတွေထိန်လို့ ။

ဘ၀အသစ်တွေ တည်ပေးပါ
မြို့သစ်တွေ မလိုပါဘူး ။

သေရွာမပါတဲ့ အာဏာနဲ့
မာယာတွေ မလိုပါဘူး ။

ဆက်ဒမ်ဟူစိန်၊ ဟစ်တလာ
နပိုလီယမ်လည်း မလိုပါဘူး ။

ရွှေကိုမလို၊ ရေကိုသာ လို၏
နာမည် “အေး” မလို၊ နောင်ရေးအေးဖို့သာ လို၏
စိန်ကိုမလို၊ လိမ္မာရစ်ကြဖို့သာ လို၏ ။ **

တို့ဗမာပြည်ကောင်းစားဖို့ အရေး…
ဒေါင်းများသွေးနဲ့ စု-တည်
အခုညီရင် အခုရလိမ့် ။

ယုတ်မာပက်စက်လှသူတွေ
ကျလူတွေ ဖြစ်ရဦးလိမ့် ။

တစ်ပတ်လည် ကံကြမ္မာ
၂၀၁၀ မှာ မြင်ကြရလိမ့် ။ ။

ညိုကြီး
(၂၀၁၀၊ ဇန်န၀ါရီ)

(** ဆရာတော်ဦးဝိစာရပျံလွန်တော်မူခါနီး ဆုံးမစကား = လိမ္မာရစ်ကြပါ)

 

YEAR 2010 & THAN SHWE January 7, 2010

Filed under: "MEDIA to MEDIA" FIGHTING,CARTOONS,SATIRE — Nyo Gyi @ 12:56 pm
 

Win – Win Cartoon by Pe Thit T December 29, 2009

Filed under: CARTOONS,PHOTOS — Nyo Gyi @ 12:46 pm

မန္တလေး အထင်ကရ မဂ္ဂဇင်း, Mandalay ICON Magazine, Vol:2, No:5, January, 2010 မှ ဖေသစ်တည် ၏ ကာတွန်းအား ကူးယူဖော်ပြသည်။