MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>RECENT TALKING IN BURMA February 29, 2008

Filed under: SATIRE — Nyo Gyi @ 4:18 pm

>ယနေ့ ဗမာပြည်ကြီးရဲ့ အမေးအဖြေသစ်
(29/feb/008)

အရင်တုန်းကတော့ ဗမာပြည်မှာ ခေတ်စားတဲ့ ဓလေ့တစ်ခုရှိတယ်။
အများသိတော်မူတဲ့အတိုင်း လက်ဖက်ရည်ဆိုင်၊ ဒါမှမဟုတ် ဈေးဆိုင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံမိတာနဲ့ `ဒီနေ့ ဘာထွက်သွားလဲ´ ဆိုတဲ့အမေးနဲ့ `ဒီနေ့ တော့ ဘာထွက်သွားတယ်´ ဆိုတဲ့ အဖြေလေးတွေ အမေးအဖြေလုပ်နေကြလေ။
အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ Stock Share ဈေးကွက်တစ်ခုက စလောင်းမှာ လွှင့်တင်တဲ့ ကိန်းဂဏန်းတွေပေါ် မူတည်ပြီး နှစ်လုံးချဲထီ လောင်းကစားတဲ့ အလေ့အထက ဗမာပြည်ကြီးကို လှိုက်စားထားတာဆိုတော့လည်း ဒီအမေးအဖြေတွေကို နေ့စဉ်လိုလို မေးနေကြ၊ ဖြေနေကြဖြစ်တာ မဆန်းလှပါဘူး။

အခုတော့ အဲဒီ နှစ်လုံးချဲထီ အမေးအဖြေဓလေ့ကို လွှမ်းမိုးမယ့် အမေးအဖြေဓလေ့သစ်တစ်ခု ဗမာပြည်မှာ ပေါ်ပေါက်နေပြီဆိုပါတယ်။
အဲဒါကတော့ ဒီနေ့အခါမှာ လက်ဖက်ရည်ဆိုင်၊ ဒါမှမဟုတ် ဈေးဆိုင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံမိတာနဲ့ `ဒီနေ့ ဘယ်နား မီးလောင်သေးလဲ´ ဆိုတဲ့အမေးနဲ့ `ဒီနေ့တော့ ဘယ်နားမီးလောင်သွားတယ်´ ဆိုတဲ့ အဖြေလေးတွေပဲ စီစီညံနေတော့တာပါပဲ..တဲ့ခင်ဗျာ။

Advertisements
 
RECENT TALKING IN BURMA

Filed under: SATIRE — Nyo Gyi @ 4:18 pm

ယနေ့ ဗမာပြည်ကြီးရဲ့ အမေးအဖြေသစ်

Filed under: JOKES — Nyo Gyi @ 4:18 pm

>FIRE IS SMALLER THAN YADANARPON February 28, 2008

Filed under: MY NEWS,PHOTOS — Nyo Gyi @ 11:29 am

>ဒေါ်နှင်းနှင်းမော် မီး သူ့ဝိုင်းထဲက အဆောင်များလောင်ပြီး ပြီးဆုံးသွား

(၂၈၊ ၂၊ ၀၀၈)

နံနက် (၉း၃၀)ကျော်ခန့်က အလန့်တကြားတောက်လောင်ခဲ့သောမီးမှာ မွန်းတည့် (၁၂း၀၀)နာရီခန့် ရောက်သောအခါ ငြိမ်းသွားပြီဖြစ်သည်။

ဘယ်ကစ
ဒေါ်နှင်းနှင်းမော်ကျူရှင်ဘော်ဒါဆောင် မီးဖိုဆောင်မှ စ လောင်။

ဘယ်တွေဆက်လောင်
ဒေါ်နှင်းနှင်းမော်ကျူရှင်ဘော်ဒါဆောင်ဝင်းထဲရှိ ကျောင်းသား၊ ကျောင်းသူများထားရာ နှစ်ထပ်ဆောင် တစ်ခု၊ မီးဖိုဆောင် နှင့် အခြားအဆောက်အဦတစ်ခု မီးထဲ ပါသွား။ အိမ်နီးနားချင်း အိမ် – အိမ်ခေါင်မိုး မီးထဲပါ။

ဘယ်သူတွေ မီးငြှိမ်းသတ်
မန္တလေးမြို့ပေါ်က မီးသတ်ကားများအလျင်အမြန်ရောက်ရှိငြှိမ်းသတ်။ ဘော်ဒါဆောင်ကျောင်းသားများ၊ ရပ်ကွက်သူ၊ ရက်ကွက်သားများ ကူညီ ငြှိမ်းသတ်။

ကျောင်းသူ၊ ကျောင်းသားများ အခြေအနေ
မီးလောင်စဉ်တွင် ကျောင်းသူ၊ ကျောင်းသားအချို့မှာ ကြောက်လန့်တကြားငိုယိုလျက်ရှိကြောင်း သိရှိရ။ မီးထဲပါ အဆောင်များမှ ကျောင်းသား၊ ကျောင်းသူများ၏ စာရွက်စာတမ်းများ မီးထဲပါသွားသဖြင့် စာကျက်ရာတွင် အခက်အခဲအချို့ရှိဖွယ်ရှိ။

ပြင်းထန်သောဒဏ်ရာရခြင်း၊ သေဆုံးခြင်းမရှိဟုဆို။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးမှာ လာမည့် မတ်လ (၁၀)ရက်နေ့တွင် စတင် ဖြေဆိုရတော့မည်ဖြစ်ပါသည်။

FIRE IS SMALLER THAN YADANARPON

Filed under: MY NEWS,PHOTOS — Nyo Gyi @ 11:29 am

ဒေါ်နှင်းနှင်းမော် မီး သူ့ဝိုင်းထဲက အဆောင်များလောင်ပြီး ပြီးဆုံးသွား