MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

A Poem For The Selfish April 25, 2010

Filed under: "MEDIA to MEDIA" FIGHTING,OTHERS' POEMS — Nyo Gyi @ 5:34 am
ပုတ္တောဝါဒ

နှစ်ထောင့်တစ်ဆယ်က ထမင်းဝိုင်းကြီးလားဗျ
မီဒီယာအချို့ ရင်ဖွင့်တတ်လာတာ မြင်မကောင်း ရှုမကောင်း
သူတို့ရဲ့ချပ်ဝတ်တန်ဆာက တတိယ အသံထုတ်တာဆိုပဲ
မိတ်ဆွေရဲ့ ကဗျာရွတ်သံပဲ ကြားယောင်မိရဲ့
‘သူရဲကောင်းတို့ရဲ့ ချပ်ဝတ်တန်ဆာဟာ ဒဏ်ရာတွေသာဖြစ်တယ်’။

အဲဒီထမင်းဝိုင်းမှာ ပညာတတ်အမည်ခံ အုပ်စုက
ထမင်းစားဝတ်စုံတွေ ၀တ်ကြပေါ့။၊
သိပ်မ၀ါးနဲ့ကိုယ့်လူ
ထမင်းဆိုတာ လယ်သမား၊ အလုပ်သမားတွေဆီကလာတာ။

ဒီပွဲက သစ္စာပြုပွဲဗျ
နောက်ဆုံးလက်တံတွေ ဖြန့်ရမယ့်ပွဲ။

သစ္စာပြုပွဲတိုင်းမှာ
ရူးချင်ယောင်ဆောင်၊ မယောင်ရာဆီလူးတဲ့
ကိုယ်ကျိုးရှာ မောဟဘီလူးတွေဟာ ရှိနေစမြဲပဲ။ ။

ဖိုးပိတာ

 

ABMA Journal (Vol. 1, No. 6) April 21, 2010

Filed under: JOURNALS — Nyo Gyi @ 11:33 am

ABMA Journal Volume 1 No 6

 

Than Shwe News (18, April, 2010) April 19, 2010

Filed under: MY NEWS — Nyo Gyi @ 1:38 pm
သန်းရွှေ သတင်းများ (၁၈၊ ဧပြီ၊ ၂၀၁၀ ခုနှစ်)

ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်ရှိ ရေနား ဘုန်းကြီးကျောင်းအတွင်း မီးလောင်ခဲ့သော ကျောင်းအား ပြုပြင်မွမ်းမံဖွင့် ပွဲအား နံနက်ပိုင်းတွင် သန်းရွှေ ကိုယ်တိုင် ဟတ်စကီး (၂) စီးဖြင့်လာရောက် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

သန်းရွှေ ကျောက်ဆည်ရောက်နေသခိုက် ကျောက်ဆည်မြို့ဝန်းကျင်ရှိ ကြိုးဖုန်းများ၊ ဂျီအက်စ်အမ်ဖုန်းများ၊ အင်တာနက်ဆိုင်များ ပိတ်ထားခံရကြောင်းလည်း သိရသည်။

သန်းရွှေသည် ကျောက်ဆည်မှအပြန်တွင် ပြင်ဦးလွင်(မေမြို့)၌ ဒုလ္လဘ ရဟန်းခံဦးမည်ဟုလည်း သိရသည်။

 

Statement by NCUM (18.4.2010)

Filed under: Bombs,Election,OTHERS' WRITINGS — Nyo Gyi @ 1:37 pm

Statement by NCUM (18.4.2010)

 

Another ThinGyan Bombs Blasts at MyitSone Dam Project April 17, 2010

Filed under: Bombs,OTHERS' NEWS — Nyo Gyi @ 12:27 pm
သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းတွင်
ကချင်ပြည်နယ်၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၌ ဗုံးများပေါက်ကွဲ

သင်္ကြန် အကြတ်နေ့ (၁၅၊ ဧပြီ၊ ၂၀၁၀ ခုနှစ်) နေ့ခင်း ရန်ကုန် X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲခဲ့တဲ့ ဗုံးသုံးလုံးအကြောင်း ပြောကြလို့မပြီးသေးခင် ယနေ့ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ (၁၇၊ ဧပြီ၊ ၂၀၁၀) မှာ ကချင်ပြည်နယ်၊ မြစ်ဆုံအရပ်ဒေသ၌ ဗုံးများ ထပ်ကွဲပြန်ပါပြီ။

တရုတ်၊ ယူနန်ပြည်နယ် လျှပ်စစ်မီးပေးရေးအတွက် ရည်ရွယ်ဦးတည်ကာ ဧရာဝတီမြစ်အစ မေခ၊ မလိခမြစ်ဆုံကို ခွ၍ ဆောက်လုပ်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၌ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ (၁၇၊ ဧပြီ၊ ၂၀၁၀ ခုနှစ်) နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၄)ဦးခန့် သေဆုံးခဲ့ပြီး (၁၂)ဦးခန့် ဒဏ်ရာရရှိသွားကြောင်း http://www.kachinnews.com နှင့် အခြားသတင်းအေဂျင်စီများအရ သိရှိရသည်။ Asia World Company အဆောက်အဦး၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအများစုမှာ တရုတ်လုပ်သားများဖြစ်သည်ဟု သိရသည်။ ဗုံးများဆက်တိုက်ပေါက်ကွဲမှုကြောင့် လုပ်ငန်းသုံး ဘူဒိုဇာများ၊ ထရပ်ကားများစွာ ပျက်စီးသွားသည်ဟု သိရပြီး ဆုံးရှုံးမှုပမာဏအသေးစိတ်ကို မသိရှိရသေးပါ။ ဒေသခံ ကချင်လူမျိုးများကို ဒုက္ခရောက်စေမည့် အဆိုပါ မြစ်ဆုံစီမံကိန်းမှာ ဗမာပြည်ဘက်မှ Asia World Company, အမှတ်(၁)လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ တရုတ်ပြည်ဘက်မှ China Power Investment Corporation (CPI) တို့ ပူးပေါင်း တည်ဆောက်နေသော စီမံကိန်းဖြစ်သည်။ အဆိုပါ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ကချင်လူထု၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုများ ၀ိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင် စစ်အဆိုးရက ဇွတ်အတင်း တည်ဆောက်နေသော စီမံကိန်းတစ်ခုလည်းဖြစ်သည်။

နှစ်ဆန်းတစ်ရက်နေ့ မြစ်ဆုံ ဗုံးသတင်းများ

Four killed, 12 injured in bomb blasts in Irrawaddy-Myitsone dam site
http://www.kachinnews.com/News/Four-killed-12-injured-in-bomb-blasts-in-Irrawaddy-Myitsone-dam-site.html

Bomb blasts hit dam project
http://www.straitstimes.com/BreakingNews/SEAsia/Story/STIStory_515792.html

Explosions reported at hydropower project in northern Myanmar
http://www.monstersandcritics.com/news/asiapacific/news/article_1548895.php/Explosions-reported-at-hydropower-project-in-northern-Myanmar

Series of bomb blasts hit hydropower plant project in Myanmar
http://wireupdate.com/wires/3121/series-of-bomb-blasts-hit-hydropower-plant-project-in-myanmar/




Map of Dams in Burma – http://www.burmariversnetwork.org/

Irrawaddy Mytisone Dam Specifications
(From http://www.burmariversnetwork.org/dam-projects/irrawaddynmaimali.html)
Height: 152 meters
Installed capacity: 6,000 MW
Annual production: 16,634 Gwh

About MyitSone Dam
http://en.wikipedia.org/wiki/Myitsone_Dam

Black day for Burma’s Irrawaddy: junta ministers host Myitsone dam “celebration”
http://www.burmariversnetwork.org/actions/press-releases/23-press-releases/280-black-day-for-burmas-irrawaddy-junta-ministers-host-myitsone-dam-celebration.html

 

Unusual 2010-ThinGyan News, Photos and Poem From Burma April 16, 2010

Filed under: MY NEWS,OTHERS' NEWS,OTHERS' POEMS,PHOTOS — Nyo Gyi @ 5:36 pm
၂၀၁၀ ခုနှစ် ဗမာ့သင်္ကြန် ထူးခြား သတင်းများ (ပြည်တွင်း)
သင်္ကြန် အကြတ်နေ့ (၁၅၊ ဧပြီ၊ ၂၀၁၀ခုနှစ်)ရန်ကုန်မှာ ဗုံး(၃)လုံး ဆက်တိုက်ပေါက်ကွဲ

နေ့လည် (၃)နာရီအချိန်ခန့်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့မှာ မည်သူခွဲမှန်းမသိရဘဲ ဗုံး(၃)လုံးဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်။

ဗုံးကွဲပြီးသတင်းဓာတ်ပုံများကြည့်ရန် – http://blog.nyilynnseck.com/2010/04/bomb-blasts-infront-of-x2o-mandap.html

စစ်အဆိုးရသတင်းထုတ်ပြန်မှုအရ (၈)ဦးသေဆုံး၊ (၁၇၀)ဦး (ကျား- ၁၂၅ + မ-၄၅) ဒဏ်ရာရ သွားသည်ဟုသိရ။
http://www.myanmar.com/newspaper/nlm/index.html

CNN သတင်းအဆိုအရ သေဆုံးသူဦးရေမှာ အနည်းဆုံး(၂၀)ဦးခန့်ရှိမည်ဟု သိရ။
http://edition.cnn.com/2010/WORLD/asiapcf/04/15/myanmar.blast/index.html

————————————–

သင်္ကြန် အတက်နေ့ နံနက်အစောပိုင်း (၁၆၊ ဧပြီ၊ ၂၀၁၀ခုနှစ်)မန္တလေးမှာ လေပြင်းတိုက်၍ ရေကစားမဏ္ဍပ်များ ပြိုလဲ၊ ပျက်စီး

သင်္ကြန်အတက်နေ့ နံနက်အစောပိုင်းအချိန် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မန္တလေးမြို့ကျုံးအရှေ့ဘက်ခြမ်းရှိ အလုပ်သမားဆေးရုံရှေ့မှ ကျန်းမာရေး ရေကစားမဏ္ဍပ်မှာ ပြိုလဲသွားပြီး အနည်းဆုံး အခြားမဏ္ဍပ်တစ်ခုမက ပျက်စီးသွားကြောင်း သိရ။ ကျန်းမာရေး ရေကစားမဏ္ဍပ်ပေါ်ရှိ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးမှာလည်း ပြိုလဲသည့်အထဲ ပါဝင်သွားကြောင်းသိရ။ ကျန်းမာရေးမဏ္ဍပ်မှာ အသုံးပြု၍ မရတော့လောက်အောင် လဲပြိုသွားသော်လည်း အခြားမဏ္ဍပ်များမှာမူ ပြင်ဆင်ပြီး ဆက်လက် ရေကစား၍ ရသေးကြောင်း သိရ။
မန္တလေးမြို့မှ ကျန်းမာရေး ရေကစားမဏ္ဍပ်မှာ ယမန်နှစ်များအတွင်း မန္တလေးမြို့တော်ဝန် ရေကစားမဏ္ဍပ်အလှပြိုင်ပွဲများတွင် ပထမဆု မကြာခဏ ရလေ့ရှိသော မဏ္ဍပ်ဖြစ်သည်။

ပြိုလဲသွားသော ကျန်းမာရေး ရေကစားမဏ္ဍပ် ဓာတ်ပုံများ


————————————–

သင်္ကြန်ကဗျာ

ကောင်မလေးက ၀ီစကီသောက်တယ်
လောကီက ဆူညံတယ် ။ ။

လက်ျာစက်တင်

(၂၀၁၀၊ သင်္ကြန်အကြိုနေ့)

http://www.kaungkin.com/index.php?option=com_content&view=article&id=242:2010-04-15-03-21-13&catid=34:2009-04-17-00-31-18&Itemid=77

 

No Vote Campaign 2010 April 8, 2010

Filed under: OTHERS' WRITINGS — Nyo Gyi @ 4:28 am

မဲမပေးရေး လှုပ်ရှားမှု (No Vote Campaign)
———————————————————

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

သတင်းစကားလေးတစ်ခုလည်း ဝေငှပါရစေ။

မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ နှစ်ပေါင်းများစွာ တစ်နည်းနည်းနဲ့ စစ်အာဏာရှင်တွေရဲ့
ဒဏ်ကို ခံခဲ့ကြရရာမှာ တပ်မတော်သားတွေလည်း အပါအဝင် ဖြစ်ပါတယ်။

လူတစ်စုရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားထက် လူအများအတွက် ရှေ့တန်းတင်သင့်ကြပြီ ထင်ပါတယ်။

လက်နက်မရှိ၊ အာဏာမရှိ၊ အားထားရာမဲ့တဲ့ ပြည်သူတွေရဲ့ အနေထားကို နားလည်ပါတယ်။
ဒါပေမယ့် ရင်မဆိုင်ရင် အားလုံးရဲ့ ဒုက္ခတွေ မဆုံးနိုင်ဘူးဆိုတာလည်း
နားလည်ပေးကြရပါမယ်။

တုတ်၊ ဓါးတွေ ဆွဲစရာ မလိုပါ၊
လက်သီး လက်မောင်းတန်းပြီး အော်ဟစ်နေစရာ မလိုပါ၊
ရှေ့ထွက်ပြီးလည်း ဦးဆောင်စရာ မလိုပါ၊

အအေးချမ်းဆုံး ကိုယ့်ဘဝ ကိုယ်ဆက်သွားရင်း ကိုယ်ပိုင်တဲ့ မဲတစ်ပြားကို
မကြာခင်ဇွတ်လုပ်
တော့မယ့် ရွေးကောက်ပွဲမှာ ဝင်မထည့်ရုံပါ။ အကြမ်းမဖက်ပဲ အာဏာရှင်တွေကို ရင်ဆိုင်ကြ
ရအောင်။

တစ်ဆင့်တက်ပြီး အမိန့်အာဏာကို မလိုက်နာတာမျိုးတွေနဲ့ အနုနည်းဆန့်ကျင်သွားကြလို့ ရပါ
သေးတယ်။ နိုင်ငံကို ပြည်သူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်သူတွေအပ်မှ ပြည်သူ့ကိုယ်စား
လှယ်တွေ အာဏာရ အုပ်ချုပ်ရိုးထုံးစံရှိတာ နှစ်ပေါင်းထောင်နဲ့ချီခဲ့ပါပြီ။

ဒါကြောင့် (စာဖတ်သူ) ပြည်သူတွေရဲ့ စွမ်းအားကို ယုံကြည်ပါတယ်။ အားထားပါတယ်။ လူတိုင်း
လုပ်နိုင်မယ်လို့ မယူဆပေမယ့် ကြိုးစားကြည့်ကြရအောင်လို့
နှိုးဆော်လိုက်ပါတယ်။ ပြိုင်တူ
တွန်းရင် ရွေ့နိုင်ပါတယ်။

မန်းကိုကို
၀၆၊ ၀၄၊ ၂၀၁၀
http://mahnkoko.blogspot.com/