MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Sai Sai Kham Hlaing’s Song, Beggars, Thieves, Robbers And Villains From Burma November 25, 2009

Filed under: MY NEWS,MY WRITING,PHOTOS,SATIRE — Nyo Gyi @ 10:30 am
စိုင်းစိုင်းခမ်းလှိုင်သီချင်း၊ ဗမာပြည်က သူတောင်းစားများနှင့်
သူခိုး၊ ဓားပြ၊ လူဆိုးများ


Don’t Cry Sai SaiMore free videos are here

metacafe မှာ တွေ့ရတဲ့ MTV တိုလေးတစ်ခုပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ သီဆိုထားခဲ့တဲ့ ” ဖုတ်လှိုက်ဖုတ်လှိုက် ” သီချင်းကို ဗမာပြည်က သူတောင်းစားကလေးငယ်များက ပြန်လည် သီဆိုပြီး တောင်းရမ်းစားသောက်နေရပုံ မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်။ မူဗီကလစ်နာမည်ကို metacafe မှာ တင်ထားသူ demonlay က ” မငိုနဲ့နော် စိုင်းစိုင်း ” Don’t Cry Sai Sai လို့ အမည်ပေးခဲ့တယ်။

သူတောင်းစားဦးရေ တိုးပွားလာနေတဲ့ ဗမာပြည်နေရာတွေထဲက တစ်ခု
(ဦးပိန်တံတား- တောင်သမန်၊ အမရပူရ)

တကယ်တော့ ဗမာပြည်ဟာ သူတောင်းစားသိပ်ပေါတဲ့ တိုင်းပြည်တစ်ခုဖြစ်နေပါပြီ။ ဈေးတိုင်း၊ လက်ဖက်ရည်ဆိုင် (သို့) စားသောက်ဆိုင်တိုင်း၊ ဘုရားပရ၀ဏ်/တန်ဆောင်းတိုင်း၊ ပွဲလမ်းသဘင်တိုင်းလိုလိုမှာ မတွေ့ချင်အဆုံး၊ မမြင်ချင်အဆုံး သနားစဖွယ်တွေ့တွေ့နေရတာကတော့ မွေးကင်းစမှ အဘိုး၊ အဘွားအိုအရွယ်အထိ သူတောင်းစားများဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ လက်ရှိဆင်းရဲမှုကို ဖော်ပြနေတဲ့သဘောတွေထဲက တစ်ခုဖြစ်ပါတယ်။

နောက်ထပ်ဝမ်းနည်းစရာတစ်ခုလည်း ရှိပါသေးတယ်။
ညံ့ကလည်း ညံ့သေး၊ ဆက်ကြေးကလည်း တောင်းသေး၊ ယုတ်ကလည်း ယုတ်သေး၊ တရုတ်ရဲ့ ရုပ်သေး စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးရဲ့ ဖြစ်ကတတ်ဆန်း စီမံခန့်ခွဲ လိမ်လည်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရရှာတဲ့ အခြေခံဝန်ထမ်းတွေရဲ့ဘ၀(အခြေခံ စစ်သားလေးတွေအပါအ၀င်)ဟာ မလောက်မငှ၊ မ၀ရေစာ လစာတွေနဲ့သာ ရပ်တည်နေရပြီးတဲ့နောက် မိမိနဲ့ မိမိရဲ့မိသားစု ၀မ်းရေးအတွက် သူတောင်းစားသာသာဘ၀ကို မလွှဲသာမရှောင်သာ ရောက်ရှိသွားခဲ့ရခြင်းပါပဲ။ ဒါဟာသိပ်ကို ရင်နာစရာကောင်းလှပါတယ်။

အာဏာကို တလွဲသုံးပြီး ငွေညှစ်တဲ့သူတွေနဲ့ ကလိန်ကကျစ်ကျတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ ” သူခိုး၊ ဓားပြများ ” လို့ပဲ အမည်တပ်ရတော့မယ်ထင်ပါတယ်။

သူတောင်းစားတွေ၊ သူခိုးဓားပြတွေထက် ပိုဆိုးတဲ့ သူတွေကတော့ စောစောက ပြောခဲ့တဲ့ ဗမာပြည်ရဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးပါပဲ။ စစ်တပ်၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ ထောက်လှမ်းရေး၊ သတင်းပေးတွေကို လက်ကိုင်တုတ်လို အသုံးချပြီး လူဆိုးဂိုဏ်းပုံစံမျိုးဖွဲ့ကာ ဖြတ်စား၊ သတ်စား၊ ရိုက်စား၊ လိုက်စား၊ နှိုက်စား၊ လိမ်စား၊ နှိမ်စား၊ ခြောက်စား၊ ဟောက်စား၊ ညစ်စား၊ ရစ်စား၊ ခွဲစား၊ တွဲစား၊ စားနည်းမျိုးစုံနဲ့ လှည့်စား ရမ်းကား ယုတ်မာနေတဲ့ ကိုသန်းရွှေ၊ ကိုမောင်အေး အစသဖြင့်တို့ ခေါင်းဆောင်နေတဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးကတော့ဖြင့် ယနေ့ဗမာပြည်တွင်းမှာ အဆိုးဝါးဆုံး၊ အရက်စက်ဆုံး၊ တိုင်းပြည်ကို အဖျက်ဆုံးဖြစ်နေတာ အများမျက်မြင် တွေ့ရပါလိမ့်မယ်။

ညိုကြီး
———————————————————————-

Don’t Cry Sai Sai Movie Address-
http://www.metacafe.com/watch/2745108/dont_cry_sai_sai/

Advertisements
 

HAPPY 2nd BIRTHDAY TO MY BLOG!

Filed under: MY NEWS,PHOTOS — Nyo Gyi @ 10:00 am
November 26, 2009 is My Blog’s 2nd Birthday.
My blog was started on 26, November, 2007.
2nd Anniversary Time for my blog!

 

Computer Staff, AUNG TIN WIN, From Yadanabon Newspaper Was Also Arrested November 22, 2009

Filed under: "MEDIA to MEDIA" FIGHTING,MY NEWS — Nyo Gyi @ 2:26 pm
ရတနာပုံသတင်းစာတိုက်မှ ကွန်ပျူတာသမား အောင်တင်ဝင်း လည်း ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် ပါဝင်နေ

စစ်အဆိုးရ၏ တောင်ဝှေးတစ်ခုဖြစ်သည့် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) ရက်နေ့ အာဘော် ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ဟု ” မရနိုင် ” အစား ” ရနိုင် ” ဟု ဖော်ပြခြင်းကိစ္စအပြီး ရတနာပုံသတင်းစာမှ ညပိုင်းအယ်ဒီတာ ကိုမြင့်နိုင်၊ စာပြင်အရာရှိ ဦးခင်မောင်စိုးနှင့် ကွန်ပျူတာခန်းမှ ကွန်ပျူတာဆရာ အပါအ၀င် ၀န်ထမ်း (၆)ဦးထက် မနည်းကို  စစ်အဆိုးရ ထောက်လှမ်းရေးမှ ပြည်သူ့မျက်ကွယ်တွင် ဖမ်းဆီးစစ်ဆေးနှိပ်စက်လျက်ရှိကြောင်း ပြီးခဲ့သည့် ပို့စ်တွင် ဖော်ပြခဲ့ပါသည်။

ယခုအခါ အဖမ်းဆီးခံ ရတနာပုံသတင်းစာတိုက်၊ ကွန်ပျူတာခန်းမှ ကွန်ပျူတာသမား၏ နာမည်မှာ အောင်တင်ဝင်း ဖြစ်သည်ဟု သိရှိရပါသည်။

————————————————————–

Related Previous News

1. ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် – နောက်ဆက်တွဲ
http://bigbbrown.blogspot.com/2009/11/at-least-6-men-from-yadanabon-newspaper.html
2. စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html

 

At Least 6 Men From Yadanabon Newspaper Were Arrested After Word Game November 19, 2009

Filed under: "MEDIA to MEDIA" FIGHTING,MY NEWS,PHOTOS — Nyo Gyi @ 2:40 pm
ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် – နောက်ဆက်တွဲ

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ထုတ် မန္တလေးအခြေစိုက် ရတနာပုံသတင်းစာ၌ ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ဟူသော နှိုးဆော်စာ ပါရှိလာရာ ယခုအခါ ရတနာပုံသတင်းစာမှ တာဝန်ရှိသူ (၆)ဦးထက် မနည်း စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးစစ်ဆေးခြင်းခံနေရကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်အဆိုအရ ကြားသိရသည်။

ညပိုင်းအယ်ဒီတာ ကိုမြင့်နိုင်၊ စာပြင်(Proofread) အရာရှိ  ဦးခင်မောင်စိုးနှင့် ကွန်ပျူတာစာစီခန်းမှ ကွန်ပျူတာသမားအပါအ၀င် (၆)ဦးခန့်မှာ ဖမ်းဆီး၊ နှိပ်စက်၊ စစ်ဆေးခြင်းခံနေရကြောင်းသိရသည်။ (ထပ်မံကြားသိရနိုင်သည့် ရတနာပုံသတင်းများကို အလျဉ်းသင့်လျှင် ဆက်လက် တင်ဆက်သွားပါဦးမည်။)

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) ရတနာပုံသတင်းစာ၌ ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ပါပြီးကတည်းက ရတနာပုံသတင်းစာမှ တာဝန်ရှိသူ အဆိုပါ (၆)ဦးထက် မနည်းကို ဖမ်းဆီးထားရာ ယနေ့အချိန်ထိ ထိုအဖမ်းဆီးခံများမှာ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းလည်း မသိရသေး၊ ဘာလုပ်ခံထားရမှန်း (သေသလား/ရှင်သလား)လည်း မသိရသေးသဖြင့် အဖမ်းဆီးခံများ၏ မိသားစုများမှာ အလွန်တရာ တုန်လှုပ်၊ စိုးရိမ်၊ ဒေါသထွက်နေရကြောင်းလည်း နောက်ဆက်တွဲ ကြားသိရပါသည်။

ညိုကြီး


နောက်ဆက်တိုး

လက်ရှိ မန္တလေးမြို့မှ ရတနာပုံသတင်းစာမှာ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)လက်အောက်ခံ ပြည်သူ့ဆက်ဆံရေးတပ်က စီမံခန့်ခွဲချုပ်ကိုင်နေသော သတင်းစာဖြစ်ကြောင်း၊
သတင်းစာတိုက်တွင်
စစ်တပ်အဖွဲ့ဝင်များလည်း ၀င်ရောက်လုပ်ကိုင်နေကြောင်း နောက်ဆက်တွဲ၏ နောက်ဆက်တိုးအဖြစ် သိရှိရကြောင်းပါ။

—————————————————————–
ဆက်စပ်သတင်း


စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html

 

Mandalay Yadanabon Newspaper Said, " To Get Democracy, Let’s Protest" November 15, 2009

Filed under: "MEDIA to MEDIA" FIGHTING,MY NEWS,MY WRITING,OTHERS' NEWS,PHOTOS — Nyo Gyi @ 4:59 pm
စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် “ ကြောင်း ဖော်ပြခဲ့


” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် “ သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ်  ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင်ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)

ပုံမှန်အတိုင်း ဆိုလျှင် ” ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် ” ဟု စစ်အဆိုးရက ဖော်ပြလေ့ရှိသော်လည်း ယခုလို ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား ” ဒီမိုကရေစီရလိုလျှင် ဆူကြပူကြ “ ဟု ရတနာပုံသတင်းစာ (သို့မဟုတ်) စစ်အဆိုးရကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘောဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသုံးသပ် နေလျက်ရှိကြ၏။

နောက်တစ်မျိုးစဉ်းစားကြည့်မည်ဆိုလျှင် –
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ဟု ရေးသားဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေထုတ်ကြည့်မည်ဆိုပါက ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီရရှိဖို့ ဗမာပြည်သူပြည်သားများ ဆူကြပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်းနေဘိသကဲ့သို့ ရှိနေပါတော့သည်။

ကဲ … ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!
(ညိုကြီး ပြောတာ မဟုတ်ဘူးနော်။ ရတနာပုံသတင်းစာက ဆော်ဩတာ။)

ညိုကြီး
———————–


မှတ်ချက်

(၁၄၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံသတင်းစာ နောက်ဖုံးမှာတော့ 
” ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် ” ဟု ပြန်လည် ပြင်ဆင်ဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။ (အောက်ပုံ)

 

Thiha Thura Tin Aung Myint Oo NEWS I Read In Two Media Sites November 14, 2009

Filed under: "MEDIA to MEDIA" FIGHTING,MY NEWS,MY WRITINGS,OTHERS' NEWS — Nyo Gyi @ 6:06 am
သီဟသူရ တင်အောင်မြင့်ဦး
(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) သတင်းများ

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ တစ်ရက်တည်းမှာ ဖတ်မိခဲ့တဲ့ သီဟသူရ တင်အောင်မြင့်ဦး သတင်းများကို ပြန်လည် မျှဝေလိုက်ပါတယ်။
(ဖတ်မိရတဲ့ သတင်း (၂)ခုကို ဘယ်လို ဆက်စပ်ပစ်ရမယ်မှန်း မသိတော့ပါ။ – Nyo Gyi)

၁။ ပထမတစ်ခုက ဧရာဝတီသတင်းဌာန(အင်တာနက်)မှာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)က ဖော်ပြခဲ့တာပါ။


သီဟသူရ တင်အောင်မြင့်ဦး တိတ်တဆိတ် နုတ်ထွက်
(ဧရာဝတီ သတင်း)

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2130:2009-11-13-11-45-25&catid=1:news&Itemid=2

၂။ နောက်ထပ် သီဟသူရ တင်အောင်မြင့်ဦး သတင်းကလည်း (၁၃၊ ၁၁၊ နိုဝင်ဘာ)ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပါရှိခဲ့တာပါ။ ကိုသန်းရွှေ သီရိလင်္ကာကို ဟန်ရေးပြအလည်အပတ်ခရီးသွားရောက်ခြင်းသတင်းမှာ ကိုသန်းရွှေနဲ့အတူ အဲဒီ ကိုသီဟသူရ တင်အောင်မြင့်ဦးလည်း လိုက်ပါသွားတယ်လို့ သတင်းစာက ဆိုပါတယ်။ သတင်းကို မြန်မာ့အလင်းသတင်းစာကနေ ပုံစာအနေနဲ့ ပြန်ကူးယူ ဖော်ပြပေးလိုက်တယ်။

မြန်မာ့အလင်းသတင်းစာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)ထုတ်က သီဟသူရ တင်အောင်မြင့်ဦး သတင်း
http://www.myanmar.com/newspaper/myanmarahlin/Nov13.pdf

 

TO POET KHANT MIN HTET, WHO HAD BEEN ARRESTED November 10, 2009

Filed under: MY NEWS,MY WRITINGS,OTHERS' POEMS,PHOTOS — Nyo Gyi @ 7:53 pm
ကဗျာဆရာ ခန့်မင်းထက် အတွက် ကဗျာ
သို့ … ခန့်ကြီး
မှ … ကိုအိမ့်

ပိတောက်ပွင့်သစ်မဂ္ဂဇင်း ပဲ့ကိုင်ရှင် တော်လှန်ကဗျာဆရာကြီး မောင်စိမ်းနီ၏ သား အလင်္ကာဝတ်ရည်ဂျာနယ်တိုက်မှ ကဗျာဆရာနှင့် ဒီဇိုင်းပညာရှင် ခန့်မင်းထက်တစ်ယောက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၂၂)ရက်နေ့က စစ်အဆိုးရထောက်ခွေးများ၏ မတရားသဖြင့်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း အောက်ပါသတင်းများကို ဖတ်ရှုပြီးသူတိုင်း သိရှိပြီးဖြစ်ပေလိမ့်မည်။

ထိုသို့ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရရှာသည့် ကဗျာဆရာ ခန့်မင်းထက်အတွက် ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၂)၊ ဇန်န၀ါရီ၊ ၂၀၀၉ တွင် ဖော်ပြပါရှိခဲ့သည့် ကဗျာဆရာ ကိုအိမ့်၏ “သို့ … ခန့်ကြီး၊ မှ … ကိုအိမ့်” ကဗျာအား အမှတ်တရ ကူးယူဖော်ပြပေးလိုက်ပါသည်။ ယင်းကဗျာကိုပင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေခဲ့သည့် “ပိတောက်ပွင့်သစ် ကဗျာရှည်များ” စာအုပ်ထဲ၌ ထပ်မံ ဖော်ပြခဲ့ပါသေးသည်။
(ထို ပိတောက်ပွင့်သစ် ကဗျာရှည်များ စာအုပ်ကိုလည်း ခန့်မင်းထက်ကိုယ်တိုင် မျက်နှာဖုံးကအစ ဒီဇိုင်းပြုလုပ်ပေးခဲ့ပါ၏)

သို့ … ခန့်ကြီး
မှ … ကိုအိမ့်

(ပုံများပေါ် ကလစ်နှိပ်ပြီး ကဗျာစာသားများကို အကျယ်ချဲ့ ဖတ်နိုင်သည်)