MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

REVOLUTION POEMS (တော်လှန်ကဗျာများ) – 1 July 21, 2009

Filed under: DAW AUNG SU KYI,DAYS TOPICS,GENERAL AUNG SAN,OTHERS' POEMS — Nyo Gyi @ 5:19 pm

“တော်လှန်ရေးသမား”

မြေကြီးထဲမှာ
မြုပ်နေပါလဲ၊ ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ဘဲလေ ။

မြေကြီးပေါ်မှာ
ရောက်နေပါလဲ၊ ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ဘဲလေ ။ ။

မောင်ချောနွယ်
(တော်လှန်ကဗျာ- စာမျက်နှာ ၂၂)
——————————————————–

“ဖောက်ပြန်ရေးသမား”

ထလော့ ကြွလော့
နေကြလော့ဟု၊ ပြောတော့ဆိုတော့
အဟုတ်ပေါ့၊ လုပ်တော့ကိုင်တော့
ခပ်ပေါ့ပေါ့၊ ပြီးတော့ ခပ်လျော့လျော့ ။

တိုက်လော့ ခိုက်လော့
တော်လှန်တော့ဟု၊ ပြောတော့ဆိုတော့
အဟုတ်ပေါ့၊ တိုက်တော့ ခိုက်တော့
ခပ်လျော့လျော့၊ ပြီးတော့ ခပ်ပေါ့ပေါ့ ။

ပြုလော့ ပြင်လော့
စွမ်းဆောင်လော့ဟု၊ ပြောတော့ ဆိုတော့
အဟုတ်ပေါ့၊ ပြုတော့ ပြင်တော့
ခပ်ပေါ့ပေါ့၊ ပြီးတော့ ခပ်လျော့လျော့ ။

တည်လော့ ဆောက်လော့
ဖန်တီးလော့ဟု၊ ပြောတော့ ဆိုတော့
အဟုတ်ပေါ့၊ တည်တော့ ဆောက်တော့
ခပ်လျော့လျော့၊ ပြီးတော့ ခပ်ပေါ့ပေါ့ ။ ။

မောင်ချောနွယ်
(တော်လှန်ကဗျာ – စာမျက်နှာ ၂၈)

—————————————————————————————
စာရေးဆရာ အများပိုင် သမဂ္ဂစာပေ၊ လှဆွေစီစဉ်ပြီး ၁၉၆၉၊ ဒီဇင်ဘာ၊ အားမာန်စာပေ၊ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသည့် “တော်လှန်ကဗျာ” စာအုပ်မှ
“နိုင်ငံရေး စံထားချက်နဲ့ အနုပညာ စံထားချက်ကို အခြေခံပြီး သည်ကဗျာများကို ရေးချလိုက်ရခြင်း ဖြစ်ပါသည်” ဆိုသော မောင်ချောနွယ်၏ ကဗျာ (၁၀)ပုဒ်ထဲမှ ကဗျာနှစ်ပုဒ်ကို
ဇူလိုင်(၁၉)ရက်- အာဇာနည်နေ့ အမှတ်တရအဖြစ်လည်းကောင်း၊
ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် ရုံးထုတ်မည့် ၂၀၀၉၊ ဇူလိုင်(၂၄)ရက်- အကြိုအဖြစ်လည်းကောင်း ပြန်လည်ဖော်ပြအပ်ပါကြောင်း။ ။

 

NYO GYI’S 64 WORDS FOR DAW AUNG SAN SUU KYI June 20, 2009

Hello,
Mother Aung San Suu Kyi!
Now,
You are in the age of 65 years.
We love you, we believe you, and we are waiting for your freedom.
Because,
You love us, you want us to be rich and healthy, and you are fighting for our freedom.
Mother,
On behalf of our people of Burma,
Let me say that
We always support you forever!

Nyo Gyi

 

Sasanamoli (India)’s Letter for Birthdays (64 Aung San Suu Kyi and 30 Gam B Ra)

Filed under: DAW AUNG SU KYI,OTHERS' WRITINGS — Nyo Gyi @ 11:32 am


(page – 1)


(page – 2)

 

KYI MAUNG THAN’S DEPAYIN POEM May 30, 2009

ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ ကဗျာ

ဒီပဲယင်းလုပ်ကြံမှု (ဒေါ်အောင်ဆန်းစုကြည်အား စစ်သူခိုးရက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ရာဇ၀တ်မှု) အမှတ်တရ စပ်ဆိုထားတဲ့ ကဗျာဆရာ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာ (ချယ်ရီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၈)ကို ယနေ့ ဒီပဲယင်းလုပ်ကြံမှု (၆)နှစ်ပြည့်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဒီကဗျာနဲ့ပတ်သက်ပြီး စစ်အဆိုးရ စာပေကင်ပေတိုင် (စိစစ်ရေး)က ဖိအားပေးတဲ့အတွက် ထိုစဉ်က ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ လင်းထိပ်သျှင် အယ်ဒီတာအဖြစ်မှ နုတ်ထွက်ပေးလိုက်ရပါတယ်။ ဒီပရင်္ဂ ကဗျာ ချယ်ရီမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းကစလို့ ကဗျာရေးသူ ဆရာကြည်မောင်သန်းရဲ့ ကလောင်အမည် ဆက်လက်သုံးစွဲခွင့်ကိုလည်း စစ်အဆိုးရ စာပေကင်ပေတိုင်က ပိတ်ပင်အရေးယူခဲ့ပါတယ်။

 

DEPAYIN HISTORY or MYANMAR MILITARY JUNTA’S CRIME

Filed under: DAW AUNG SU KYI,NLD,OTHERS' WRITINGS — Nyo Gyi @ 5:40 pm
ဒီပဲယင်း အရေးတော်ပုံ
(သို့မဟုတ်)
ဒေါ်အောင်ဆန်းစုကြည်ကို စစ်သူခိုးရက ယုတ်မာစွာ လုပ်ကြံခဲ့သည့် ဇာတ်လမ်း

depayin- photo history

 

U Ponnya’s poem

Filed under: DAW AUNG SU KYI,OTHERS' POEMS — Nyo Gyi @ 5:16 pm
စလေဦးပုည၏ကဗျာတစ်ပုဒ်
ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊
တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊
သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။
လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊
စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊
တူရိယာ နတ်စည်စောင်း၊
သူဖုန်းတောင်းချင်းကတဲ့သွင်။
ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊
မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊
ခုများဖြင့် မုသားညီတယ်၊
အပလီ ဗိုလ်မင်းပလေး။ ။
(စလေဦးပုည)
 

Special Poem for Daw Aung San Suu Kyi by Aung Way May 28, 2009

Filed under: DAW AUNG SU KYI,OTHERS' POEMS — Nyo Gyi @ 5:55 pm

” ပျားအုံခံစားမှု “
————
အောင်ဝေး
————

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။

လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။

ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။

ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။

ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။

ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။

ဒီအချိန်မှာ
အင်းစိန်ထောင်ဟာငါတို့ အိမ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံးပိတ်လှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင်ချုပ်နှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ်မြေမြှုပ်ခံရတော့မယ်။

သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်
ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ
အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။

ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကိုဆက်ပစ်နေရမယ်။

ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်း ကိုခံရမယ်။

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်

ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။

-အောင်ဝေး
(မေ ၂၅ ၊ ၂၀၀၉)

(From http://www.moemaka.com)