MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>Bomb Blasts within One Day, One Time in Nay-Pyi-Daw, Mandalay, Pyin-Oo-Lwin and Another Bomb Blast in Mandalay June 24, 2011

Filed under: MY NEWS — Nyo Gyi @ 11:31 am

>နေပြည်တော်ဗုံး၊ မန္တလေးဗုံး၊ ပြင်ဦးလွင်ဗုံး၊ နောက်ထပ် မန္တလေးဗုံး

ပြင်ဦးလွင်ဗုံး

ထပ်မံကြားသိရသော သတင်းများအရ ယနေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားနေချိန်နှင့် မရှေးမနှောင်းပင် ပြင်ဦးလွင်မြို့၊ ထောက်ပို့ပန်းခြံအနီး၊ ဆိုင်ကယ်ပွဲစားတန်းအနားတ၀ိုက်ရှိ အိမ်တစ်အိမ်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူမရှိကြောင်းလည်း သိရသည်။

မန္တလေးမှ နောက်ထပ်ဗုံး

ယနေ့ ၃ နာရီအချိန်ခန့်ကလည်း မန္တလေးမြို့၊ ၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားတွင် ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ကြောင်း ကြားသိရသည်။ လူအသေအပျောက်၊ ဒဏ်ရရ မရှိဟုဆိုသည်။

Advertisements
 
>The Same Time Bomb Blasts in Nay-Pyi-Daw and Mandalay, Burma

Filed under: MY NEWS — Nyo Gyi @ 8:32 am

>နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဗုံးများ တစ်ချိန်တည်း ပေါက်ကွဲ

ယနေ့ (၂၄၊ ၆၊ ၂၀၁၁ – သောကြာနေ့) မွန်းတည့် ၁၂ နာရီကျော်ခန့်က နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဗုံးပေါက်ကွဲမှုများ တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေပြည်တော်ဗုံး

နေပြည်တော် သပြေကုန်းရပ်ကွက်၊ သပြေကုန်းဈေးအနီးရှိ အိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲဟု သိရ။ ထိုခိုက်သေဆုံးသူမရှိဟု သိရ။

မန္တလေးဗုံး

နေပြည်တော်တွင် ဗုံးပေါက်ကွဲခဲ့ချိန်နှင့် တစ်ချိန်တည်းလိုလိုပင်
မန္တလေးမြို့၊ ဈေးချိုအနီး၊ ၈၄ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် ရပ်တန့်ထားသော Surf ကား၏ နောက်ကြည့်မှန်ပေါ်တွင် ချိတ်တင်ထားသော ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်းသိရ။ ယင်းဗုံးပေါက်ကွဲမှုကြောင့် စည်ပင်သန့်ရှင်းရေးသမားတစ်ဦး၏ လည်ပင်းနှင့် ညာဘက်လက်ဖျံ ထိခိုက်ဒဏ်ရာရသွားပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ ခွဲစိတ်ဆောင်တွင် တင်ထားကုသနေကြောင်းသိရ။ အခြား ပြည်သူ ၄ ဦးမှာ အနည်းငယ် ဒဏ်ရာရရှိသွားဟုဆို။

ညိုကြီး

>Lorry Fire at Mandalay – Lashio Road at the night of 12.June.2011 June 13, 2011

Filed under: MY NEWS,PHOTOS — Nyo Gyi @ 4:39 pm

>မန္တလေး-လားရှိုးကားလမ်းမပေါ်(ပြင်ဦးလွင်မြို့နယ်)မှာ
ဆိုင်ကယ်များတင်ဆောင်လာသော ကုန်တင်ကား မီးလောင်

(၁၂၊ ၆၊ ၂၀၁၁) ည ၇ နာရီခွဲ အချိန်ခန့်က လားရှိုး-မန္တလေးကားလမ်းမပေါ်တွင် လားရှိုးမှ မန္တလေးသို့ ဆင်းလာသော ကုန်တင်ကား(ဆယ့်နှစ်ဘီးကား)တစ်စီးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရ။ ၄င်းကုန်တင်ကားပေါ်တွင် တရုတ်ဆိုင်ကယ်များတင်ဆောင်ထားပြီး မန္တလေး-လားရှိုးကားလမ်း၊ ပြင်ဦးလွင်မြို့နယ်၊ ကုန်းဘောကျေးရွာရှေ့အရောက်တွင် ၄င်းကုန်တင်ကားပေါ်မှ တရုတ်ဆိုင်ကယ်များ အချင်းချင်းပွတ်တိုက်မိရာမှ (ဆိုင်ကယ်များအတွင်းက ဓာတ်ဆီအကြွင်းအကျန်ကြောင့်လည်းဖြစ်နိုင်) မီးစတင်လောင်ကျွမ်းခဲ့ဟုဆို။ ည ၇ နာရီခွဲခန့်က စတင်လောင်ကျွမ်းသော မီးမှာ ည ၉ နာရီခွဲခန့်မှ ငြိမ်းသွားကြောင်းသိရ။ အနီးအနားကျေးရွာများမှ သံဃာများ၊ ပြည်သူများ၊ နီးရာမြို့ရွာများမှ မီးသတ်ကားများရောက်ရှိ မီးငြှိမ်းသတ်မှုကြောင့် ပေါက်ကွဲမှု တစ်စုံတစ်ရာမဖြစ်ခဲ့ရကြောင်း သိရ။ ဒဏ်ရာရ၊ သေဆုံးသူလည်း မရှိခဲ့ကြောင်း သိရ။ ၄င်းကုန်တင်ကားမောင်းသူမှာ ထွက်ပြေးသွားပြီး မီးလောင်ကားနဘေးတွင် ၄င်းကုန်တင်ကားမှ စပယ်ယာသာ ကျန်ရစ်ခဲ့ကြောင်းသိရ။
From Fire At Mandalay – Lashio Road (12.6.2011)

>Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape (သိဒ္ဓတ္ထလှိုင် တိပ်ခွေ) June 2, 2011

Filed under: MUSIC,OTHERS' WRITINGS,PHOTOS — Nyo Gyi @ 1:13 pm

>သိဒ္ဓတ္ထလှိုင် တိပ်ခွေ (သို့မဟုတ်) သုခမိန်လှိုင် တိပ်ခွေ
ဂျွန်၊ ၁၉၇၇

ကျနော် ချစ်ခင် ခံစားရတဲ့ ကဗျာ ဆရာငယ် “မောင်သစ်မင်း” ရဲ့ “တေးမြုံငှက်” မှာ ဒီ “တိပ်ခွေ” ကိုဖွင့်ဘို့ ပေးလိုက်ပါတယ်။ ကျနော်ရဲ့ “အနုပညာများ” နဲ့ “တိပ်ခွေ” ကို ရဘို့ ကြိုးပမ်းခဲ့ရစဉ် “၇” နှစ်ကာလထဲမှာ ဆင်းရဲမှုများ၊ ပင်ပန်းနွမ်းကြေ ခဲ့ရမှုများ၊ ခြောက်သွေ့ရှတတဲ့ နေ့များကို ဖြတ်သန်းခဲ့ကြရတဲ့ “သိဒ္ဓတ္ထလှိုင်” ရဲ့ “ဝေေ၀”၊ “တာရာသိဒ္ဓတ္ထ” နဲ့ “ဒဏ္ဍာရီဝေေ၀” တို့ကို ကျေးဇူးတင်ခဲ့ကြောင်းကိုတော့ “ဟောဒီကမ္ဘာကြီး” ဟာ မရှိခဲ့တော့ရင်တောင်မှ တုန်ခါပဲ့တင်ထပ်နေမဲ့ အသံတသံအဖြစ် ထားရစ်ခဲ့ပါတယ် ။

သိဒ္ဓတ္ထလှိုင်

(မူရင်းသတ်ပုံအတိုင်း)

———————————–
မောင်သစ်မင်း၏ တေးမြုံငှက် ၀တ္ထုစာအုပ် (ပထမအကြိမ်ထုတ် – ၁၉၇၇) ၏ ရှေ့ပိုင်းတွင် ဖော်ပြပါရှိခဲ့သော သုခမိန်လှိုင် (ထိုစဉ်က “သိဒ္ဓတ္ထလှိုင်” ကလောင်အမည်နှင့်) ၏ “သိဒ္ဓတ္ထလှိုင်တိပ်ခွေ” ကို ဖော်ပြပေးလိုက်ပါသည်။

မောင်သစ်မင်း၏ နောက်အကြိမ်ထုတ်(ပြန်ရိုက်) “တေးမြုံငှက်” ၀တ္ထုစာအုပ်များတွင်တော့ “သိဒ္ဓတ္ထလှိုင် တိပ်ခွေ” ကို ထည့်သွင်းဖော်ပြခြင်း မရှိတော့ပါ။

ချစ်ခင်စွာ…
ညိုကြီး

From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape