MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Blood Donation Ceremony as a Tribute to 97th Birthday of General Aung San February 13, 2012

Filed under: GENERAL AUNG SAN,MASOEYEIN MONASTERY,MY NEWS — Nyo Gyi @ 10:30 am

ဗိုလ်ချုပ်အောင်ဆန်း၏ (၉၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ

From Burmese Martyrs
From Burmese Martyrs
မြင့်မြတ်ဧရာဝတီ လူမှုကွန်ယက်၏ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကျရောက်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၉၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် ကျင်းပပါမည်။

သွေးလှူပွဲကျင်းပမည့် နေရာ

ကံတက်ကုန်းကုသိုလ်ဖြစ်အခမဲ့ဆေးခန်း
ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်
၅၅ လမ်း၊ ၄ဝ – ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်၊
မဟာအောင်မြေမြို့နယ်၊ မန္တလေး။

အချိန်

နံနက် (၉)နာရီတွင် စတင်လှူဒါန်းပါမည်

နေ့ရက်


ဖေဖော်ဝါရီ (၁၃) ရက်၊ ၂ဝ၁၂
တပို့တွဲလပြည့်ကျော် (၆) ရက်။

မြင့်မြတ်ဧရာဝတီ လူမှုကွန်ယက်

———————————————————-
(ဝန်ခံချက်-
အထက်ပါပုံမှ နောက်ခံ သွေးစက်ပုံအား
မှ ရယူပါသည်။
Nyo Gyi)
 

Stop the Civil War! We Want Peace! November 24, 2011

Filed under: MASOEYEIN MONASTERY,MY NEWS,Peace,PHOTOS,UNITY IS STRENGTH,Videos — Nyo Gyi @ 4:11 pm

မန္တလေး၊ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှ ငြိမ်းချမ်းရေးတောင်းဆိုပွဲ

နိုဝင်ဘာ ၂၄၊ ၂၀၁၁ (ကြာသပတေးနေ့)

From Peace

ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီထိ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှာ ငြိမ်းချမ်းရေးဟောပြောပွဲနှင့် တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များ၏ ငြိမ်းချမ်းရေးတောင်းဆိုပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

စာရေးဆရာများဖြစ်ကြသော
၁။ ညီပုလေး
၂။ ဆူးငှက်
၃။ ညီစေမင်း
တို့က တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ရပ်စဲရေးအကြောင်းများ ဟောပြောခဲ့ပါတယ်။

From Peace
အခမ်းအနားအပြီးမှာ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးပညာသင်ကျောင်းမှ တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များက

၁။ သွေးချင်းညီအကိုများအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ပေးပါ
၂။ ပြည်တွင်းစစ်ကို ရပ်ပေးပါ
၃။ ဗမာ = ကချင်

ဟူသော စာတမ်းများကိုင်ဆောင်ကာ

“စစ်ဟူသည် နိုင်သူလည်း ဒုက္ခရောက်၏။
ရှုံးသူလည်း ဒုက္ခရောက်၏။
အမြန်ဆုံး ရပ်ပေးပါ။”

ဟူသော ငြိမ်းချမ်းရေးတောင်းဆိုကြွေးကြော်သံများရွတ်ဆိုခဲ့ပါတယ်။

ညိုကြီး

From Peace
From Peace
(မနက်ဖြန် (၂၅၊ နိုဝင်ဘာ၊ ၂၀၁၁)၊ နေ့ ၂ နာရီမှ ညနေ ၄ နာရီအထိလည်း အထက်ပါ ကံတက်ကုန်း(မစိုးရိမ်)ကျောင်းတိုက်မှာပင် ကလေးချစ်သူများကွန်ယက်မှ ကြီးမှူး၍ “နယ်မြေလုံခြံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ထောက်ပံ့ကူညီလှူဒါန်းရန် အလှူငွေလက်ခံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ” ကျင်းပဦးမည်ဖြစ်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။)

Video Clip
https://www.facebook.com/video/video.php?v=316117248398541

http://www.facebook.com/v/316117248398541

 

An Announcement From Masoeyein Monastery About Peace Monks November 18, 2011

လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား

From Monks Ask for Peace in Mdy (Nov, 2011)
၁၆-၁၁-၂၀၁၁ နေ့က ဖြစ်ပျက်ခဲ့သော ငြိမ်းချမ်းရေးဆရာတော်များကိစ္စနှင့် ပတ်သက်၍ သံဃာတော်အချို့က ၄င်းတို့၏ အမြင်များ၊ ခံစားချက်များကို ကဗျာ၊ စာများ အနေဖြင့် မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)တွင်း ရှိ ကြော်ငြာဘုတ် (Facebook မှာဆို မစိုးရိမ် Wall ပေါ့ဗျာ) တွင် ကပ်တင်ဖော်ပြလျက်ရှိရာ မစိုးရိမ်တိုက်ဟောင်း၊ ပါဠိနယူပဒေသကျောင်းမှ ဆရာတော်ကြီး ဘန္ဒန္တ၀ိစိတ္တာဘိဝံသ က အဆိုပါ ကြော်ငြာဘုတ်ဘေးတွင် ဤကဲ့သို့ ရှင်းချက်ထုတ်ပြန်စာ ကပ်ထားပါကြောင်း။
————————————

လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား

၁၆-၁၁-၂၀၁၁ ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မိမိထံသို့ လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မိမိတို့၏ ထင်မြင်ယူဆချက်များကို စာရေး၍ ကြော်ငြာဘောတွင်ကပ်ခြင်း စသည်တို့ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

(မှတ်ချက်)။ သက်ဆိုင်ရာ ကျောင်းဘုန်းကြီး၏ ထောက်ခံချက် ယူလာပါရန် ။

ဘန္ဒန္တ၀ိစိတ္တာဘိဝံသ
ပါဠိနယူပဒေသကျောင်း၊ မစိုးရိမ်တိုက်။

 

Monks for Peace in Mdy, Masoeyein (16, Nov, 2011) November 16, 2011

မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)က ငြိမ်းချမ်းရေး တရားပွဲ (၁၆၊ နိုဝင်ဘာ၊ ၂၀၁၁)

http://www.facebook.com/v/310906695586263

ယမန်နေ့(၁၅၊ ၁၁၊ ၂၀၁၁)က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းပဆင်နွှဲခဲ့ပါသည်။

ပရိသတ် ဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ အခမ်းအနားသည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ပါသည်။

http://www.facebook.com/v/311013208908945


အခမ်းအနားအပြီးတွင် “သမ္မတကြီးအားတောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များ” အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့သေးကြောင်း သတင်းရရှိပါသည်။

ညိုကြီး

ဆက်စပ်သတင်းများကို အောက်ပါ link များတွင် ဖတ်ပါ

၁။

“မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်”

http://bigbbrown.blogspot.com/2011/11/monks-ask-for-peace-in-mandalay-nov-15.html

၂။

မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ

http://bigbbrown.blogspot.com/2011/11/latest-news-about-monks-demonstration.html

ဓာတ်ပုံများကို

www.facebook.com/nyogyi
တွင်လည်းကောင်း
https://picasaweb.google.com/116723507462397308445/MonksAskForPeaceInMdyNov2011
တွင်လည်းကောင်း ကြည့်ရှုနိုင်ပါသည်။

https://picasaweb.google.com/s/c/bin/slideshow.swf

 

Latest News about Monks’ Demonstration of Mandalay (9:30 PM, Nov 15, 2011) November 15, 2011

Filed under: MASOEYEIN MONASTERY,MY NEWS,SEPTEMBER GOLDEN REVOLUTION — Nyo Gyi @ 5:25 pm
မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ

From Monks Ask for Peace in Mdy (15.11.2011)

ဆွေးနွေးမှုများအရ သပိတ်စခန်းကို မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးသောပါက မှ မိန့်ကြားခဲ့ပါတယ်။

၃း ၂၀ မိနစ်၊ ၁၅၊ နိုဝင်ဘာ၊ ၂၀၁၁

၁။

မန္တလေး သပိတ်မှောက်သံဃာအရေးအခင်းကို သတင်းယူဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်း မှတ်တမ်း တင်ခြေရာခံခြင်းများရှိသည်ဟု အလိုက်ခံခဲ့ရသော သတင်းထောက်တစ်ဦးမှ ပြောကြားပါသည်။

၂။

မန္တလေးမှ သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေး တရားများ ဟောပြောတောင်းဆိုမည်ဖြစ်ကြောင်း

သိရသည်။ ၃ ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ကြံဖွတ်အစိုးရမှ ဖြည့်ဆည်းပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။

၃။

ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။

ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ရက် ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသောကြောင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြရသည် ဆို၏။

၎။

‎”Tomorrow 12 AM, old Masoerein campaign will take part in! Please forward” ဆိုသော Message စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြကြောင်း ကြားသိရပါသည်။

ညိုကြီး

သတင်းရေးချိန် – 9:30 PM, 2011, Nov 5

ဆက်စပ်သတင်းကို

“မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်”

http://bigbbrown.blogspot.com/2011/11/monks-ask-for-peace-in-mandalay-nov-15.html

တွင် ဖတ်ပါ။

 

Monks Ask For Peace in Mandalay (Video and Images) (Nov, 15, 2011)

Filed under: MASOEYEIN MONASTERY,MY NEWS,Videos — Nyo Gyi @ 5:26 am

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်

From Monks Ask for Peace in Mdy (15.11.2011)

Nyo Gyi’s Video Clips on Facebook
https://www.facebook.com/video/?id=100000008066345

http://www.facebook.com/v/310273558982910

နိုဝင်ဘာ ၁၅၊ ၂၀၁၁ နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။
တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ-
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)
တို့ဖြစ်သည်။

https://picasaweb.google.com/s/c/bin/slideshow.swf

အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက မန္တလေးမြို့မှ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆိုထားသော အချက်များမရမချင်း ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊ မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို (ဓာတ်ဆီ၊ စားစရာ၊ ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

(နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဖုန်းနှင့်တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။)

ဦးဆောင်ဆရာတော်အမည်မှာ (အထက်ပါ Photo & Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။

ညိုကြီး
(သတင်းရေးတင်ချိန် = 11:59 AM, Nov, 15, 2011)

(video 3gp ဖိုင် download လုပ်ရန် link ပေးလိုက်ပါသည်။
http://www.mediafire.com/?yb6pn88w4s7g8m3)

From Monks Ask for Peace in Mdy (15.11.2011)
From Monks Ask for Peace in Mdy (15.11.2011)

သပိတ်မှောက် သံဃာတော်များအား မန္တလေးပြည်သူလူထုက ဆွမ်း၊ ရေ ဆက်ကပ်လှူဒါန်းနေကြစဉ်

 

BOOK REVIEW – IDEAL LEADER, The speech of Masoyein Taikthit Sayadaw Bhaddanta Razadhamar Bhivamsa October 13, 2009

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့၏ အဓိပတိမဟာနာယကဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏
စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်) စာအုပ်အမြည်း

(သာသနာ – ၂၅၅၃၊ ကောဇာ – ၁၃၇၁၊ ခရစ် – ၂၀၀၉၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမှ စစ်အဆိုးရ စာပေဆင်ဆာမတင်ဘဲ ထုတ်ဝေထားသည့် ဗမာ့နိုင်ငံရေးလောကအပါအ၀င် နေရာတိုင်း၌ စံပြခေါင်းဆောင် ရွေးချယ်တတ်စေနည်း စာအုပ်)

(မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး၊ ဘ၀ပျိုးဥယျာဉ်စာကြည့်တိုက်တွင် စံပြခေါင်းဆောင် စာအုပ်ကို လိုသလောက် ၀ယ်ယူရရှိနိုင်ပါကြောင်း)

စာမျက်နှာ (၁)

စံပြခေါင်းဆောင်
ဂဝေသီသုတ္တန်တရားတော်

(၁၃၅၂ – ခု၊ နှစ်ဆန်း(၁)ရက်နေ့၊ မန္တလေးမြို့၊ သာသနာပိုင်ရပ်ကွက်၊ ဆုတောင်းပြည့်ဓမ္မာရုံ၌ ဟောကြားသည်။)

၁၃၅၂ – ခု၊ ကနေ့ တန်ခူးလပြည့်ကျော် (၈)ရက်၊ နှစ်ဆန်း (၁)ရက်နေ့၊ ဒါ သာသနာပိုင်ရပ်ကွက်လား?၊ (မှန်ပါ) အေး သာသနာပိုင်ရပ်ကွက်၊ ဘာဓမ္မာရုံလို့ခေါ်တုန်း? (ဆုတောင်းပြည့်ဓမ္မာရုံပါဘုရား) အေး- သာသနာပိုင်ရပ်ကွက်၊ ဆုတောင်းပြည့်ဓမ္မာရုံ၌ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသဟောကြားအပ်သော အင်္ဂုတ္တိုရ်ပါဠိတော် (အံ၊၁၊၁၈၉/၁၉၂)၌ လာရှိသည့် ဂဝေသီသုတ္တန် စံပြခေါင်းဆောင်တရားတော်-

စာမျက်နှာ (၂) – (၃)

…အေး ထို့အတူပဲ ဒီရပ်ကွက်တွေ ဓမ္မာရုံတွေမှာ သင်းလုံးကျွတ် အစည်းအဝေးပွဲတွေ လုပ်ပြီးတော့ ဥက္ကဌတွေ ရွေးသလိုပဲ၊ ဟိုမြို့မှာလည်းပဲ မြို့အလျောက် နိုင်ငံမှာလည်းပဲ နိုင်ငံအလျောက် အဲဒီလို ခေါင်းဆောင်အသစ်တွေ ရွေးချယ်တဲ့ အလေ့အထ ဗမာပြည်မှာ ရှိတယ်၊ အဲဒီခေါင်းဆောင်သစ် ရွေးချယ်တဲ့ နေရာမှာ အခုဘုရားရှင် ဟောကြားထားတဲ့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာရှိတဲ့ ဂဝေသီသုတ္တန်ဆိုတာ မြတ်စွာဘုရားက ခေါင်းဆောင်သစ်ရွေးချယ်တဲ့နေရာမှာ စံပြခေါင်းဆောင် ရွေးချယ်တတ်အောင် အထူးသီးသန့်ပြီးတော့ ဟောကြားထားတဲ့ သုတ္တန်တစ်ခုဖြစ်တယ်ကွ၊ ဟုတ်လား။

အေး မောင်ဌေးတို့ မကြူကြူတို့၊ မင်းတို့က အင်မတန် ငယ်သေးတယ်၊ အဲဒီတော့ မင်းတို့လဲပဲ ခေါင်းဆောင်အသစ် ရွေးချယ်ချင်တယ်နဲ့ တူပါတယ်၊ ဟုတ်လား၊ အေး- “စံပြခေါင်းဆောင်” အမည်ရတဲ့ ဂဝေသီသုတ္တန်ကို မင်းတို့ကို ဟောမယ်၊….

စာမျက်နှာ (၁၅) – (၁၆)

… အဲဒီ သတ်ပစ်လိုက်တဲ့ ပဉ္စာနန္တရိယကံ ပိတုဃာတကကံပေါ့ကွာ၊ အဖကို သတ်တဲ့ကံကြောင့် အဇာတသတ်မင်းဟာ အခု လောဟကုမ္ဘီငရဲမှာ ဒုက္ခခံပြီးတော့ နေရတယ်၊

အဲဒီတော့ အဇာတသတ်မင်း လောဟကုမ္ဘီငရဲ ဒုက္ခခံနေရတာ ဘာကြောင့်လဲဆိုရင် ခေါင်းဆာင် အရွေးမှားလို့၊ ပရိသတ် ဘာဖြစ်လို့တုန်း? (ခေါင်းဆောင် အရွေးမှားလို့ပါဘုရား)၊ အဲ ခေါင်းဆောင် အရွေးမှားရင် အဲဒီလို တစ်သံသရာလုံး ဒုက္ခဖြစ်တတ်တယ် ဟုတ်လား၊

……..အဲဒီ ခေါင်းဆောင်ရွေးခွင့် ကြုံတယ်လို့ ဆိုလို့ရှိရင် ခေါင်းဆောင်ရွေးမမှားဖို့ မလိုဘူးလားကွ (လိုပါဘုရား)၊ လိုတယ်မဟုတ်လား? ရဲရဲတင်းတင်းလျှောက်ပါကွ၊ မင်းတို့ ငါ အဇာတသတ်မင်းအကြောင်း ဒီမှာ ဘုရားဟောအတိုင်း ဟောနေတာပဲ ဟုတ်လား၊ ခေါင်းဆောင် အရွေးမမှားဖို့ မလိုဘူးလားကွ? (လိုပါဘုရား)၊ လိုတယ်နော်၊…

စာမျက်နှာ (၆၇) – (၆၈)

… ဘယ်နှစ်နာရီ ရှိပြီတုန်းကွ မင်းနာရီက၊ (ကိုးနာရီ ခွဲတော့မယ်ဘုရား) ဟင် ခွဲတော့မယ်၊ အေး ခွဲရင် ပြီးမယ်ကွ ဟုတ်လား၊ မင်း ကာဖြူး (curfew နေ၀င်းမီးငြိမ်း စသည် သတ်မှတ်ချိန်၌ အပြင်မထွက်ရ အမိန့်)ရှိတယ်ကွ၊ တော်ကြာနေ ငါ့ ပစ်သတ်ခံနေရရင် ဘယ့်နှယ်လုပ်မလဲ ဟုတ်လား၊ ဒီတော့ ခွဲရင်တော့ ပြီးမှ ဖြစ်မယ်နော်၊…

စာမျက်နှာ  (၇၁) – (၇၂)

…. ကြည့် ဂဝေသီဆိုတဲ့ ဥက္ကဌကြီးက မင်း သူတစ်ပါးအသက် သတ်ကြကွဲ့လို့ ပြောရဲ့လား? (မပြောပါဘုရား)၊ မပြောဘူး၊ တစ်ဆင့်တစ်ဆင့်နဲ့ ကောင်းအောင်ကျင့်တယ် ဟုတ်လား၊ ကောင်းအောင်ကျင့်ပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို သူ ရောက်သွားတယ်၊ သူရောက်သလိုပဲ နောက်က အဖွဲ့ဝင်ငါးရာ ရဟန်းတွေလည်းပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရောက်ကုန်တယ်၊

… ဂဝေသီဖြစ်တဲ့ ဥက္ကဌ ရဟန်းက သူတို့ကို ဆုံးမတယ်၊

ရဟန်းတို့ မင်းတို့ အချင်းချင်း မေတ္တာထားပြီးတော့ နေကြကွယ် ဟုတ်လား၊ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေကြလို့ ဆုံးမတာဟုတ်ရဲ့လား? (မဟုတ်ပါဘုရား)

အေး- တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်အောင်လို့ ကတုံးကတိုက်လုပ်တယ်ဆိုရင် အဲဒါ စံပြခေါင်းဆောင် ဘယ်တော့မှ မဟုတ်ဘူး၊ ကျောင်းသားအချင်းချင်း ရန်ဖြစ်အောင် လုပ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စံပြခေါင်းဆောင် မဟုတ်ဘူးနော်၊ ရဟန်းအချင်းချင်း ရန်ဖြစ်အောင် လုပ်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟဟာ စံပြခေါင်းဆောင် မဟုတ်ဘူး၊ လယ်သမားအချင်းချင်း ရန်ဖြစ်အောင်လုပ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စံပြခေါင်းဆောင် မဟုတ်ဘူး။

အခု ဂဝေသီကတော့ နောက်လိုက်ငယ်သားရဟန်းတွေကို မင်းတို့ကွယ် အချင်းချင်း မေတ္တာထားပြီးတော့ နေကြဟဲ့၊ “ဒိဋ္ဌာ ၀ါ အဒိဋ္ဌာ ၀ါ” ပေါ့ကွာ၊ ဒို့ မေတ္တသုတ်ထဲမှာ လာတဲ့အတိုင်းနော်၊…… အဲဒီ မေတ္တသုတ္တန်အတိုင်း နေကြဟဲ့လို့ ဂဝေသီက ရဟန်းတော်တွေကို ဆုံးမတယ် ဟုတ်လား၊ …

စာမျက်နှာ (၇၇) – (၇၈)

… အေး- ခေါင်းဆောင်သစ် ရွေးချယ်တဲ့နေရာမှာ သာရိပုတြာတို့ မောဂ္ဂလာန်တို့လို အားမနာတမ်း ရွေးချယ်ဖို့ကော မကောင်းဘူးလား၊ ကောင်းတယ်ကွ၊ အခုတော့ ဒို့ဗမာပြည်က အားနာသလိုလို ဘာလိုလိုနဲ့ ဒါတွေကလည်း တော်တော်ရှိတယ် ဟုတ်လား၊ အေး- ခေါင်းဆောင်ဟောင်းကို အားနာသလိုလို ဘာလိုလို၊ မင်း သာရိပုတြာတို့ မောဂ္ဂလာန်တို့ဟာ ခေါင်းဆောင်ဟောင်းကို အားနာနေရင် နိဗ္ဗာန်ရပါ့မလား၊ မရဘူး၊ ခေါင်းဆောင်ဟောင်းကို အားမနာဘဲနဲ့ ပြတ်ပြတ်သားသား ခေါင်းဆောင်သစ် ရွေးချယ်တဲ့အတွက် သူတို့ဟာ တစ်မဂ် တစ်ဖိုလ် နိဗ္ဗာန်ကို ရတာ ဟုတ်ရဲ့လား၊

အဲဒီတော့ ဒို့ လောကီရေးရာမှာပဲ ဖြစ်စေ လောကုတ္တရာရေးရာမှာပဲ ဖြစ်စေ ခေါင်းဆောင်သစ် ရွေးချယ်ကြတယ်ဆိုရင် ဒီခေါင်းဆောင်ဟောင်းရဲ့ လမ်းညွှန်ချက်ဟာ ပန်းတိုင်ကို မရောက်နိုင်ဘူးလို့ဆိုရင် အဲဒီ ခေါင်းဆောင်ဟောင်းကို အားနာနေဖို့ မလိုဘူး၊ သံယောဇဉ်ဖြစ်နေဖို့လည်း မလိုဘူး ဟုတ်လား၊ အေး- ဒီ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်လို့ လမ်းညွှန်ပေးနိုင်တဲ့ ခေါင်းဆောင်အသစ် စံပြခေါင်းဆောင် အဲဒီ ပုဂ္ဂိုလ်မျိုး ရွေးချယ်ပေးဖို့ မကောင်းဘူးလား၊

အခု ဒီမှာ ဂဝေသီ တဖြည်းဖြည်း ကျင့်ကြံသွားပုံကို ကြည့်၊ သူက ငါးပါးသီလ ဆောက်တည်တယ်၊ ကောင်းတဲ့ အလုပ် လုပ်တယ် ဟုတ်လား၊ သူ ငါးပါးသီလ ဆောက်တည်တော့ နောက်လိုက်အဖွဲ့ဝင်တွေလည်း ငါးပါးသီလ မဆောက်တည်ဘူးလား၊ ဥက္ကဌက ကောင်းတော့ အသင်းသူအသင်းသား အဖွဲ့ဝင်အားလုံးလည်း ကောင်းလာတာပေါ့ကွ၊ ဒါသဘာဝပဲ ဟုတ်လား၊ …


စာမျက်နှာ (၈၂) – (၈၃)


၁၃၇၀- ခု၊ သီတင်းကျွတ်လဆန်း (၇)ရက်နေ့
မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ
သြ၀ါဒကထာ

ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ဟောကြားထားတဲ့ ဆုံးမထားတဲ့ စကားရှိတယ်။
သြ၀ါဒေယျ – မျက်မှောက်ဆုံးမရာ၏၊
အနုသာသေယျ – မျက်ကွယ်ဆုံးမရာ၏၊
သြ၀ါဒေယျ – တစ်ကြိမ်ဆုံးမရာ၏၊
အနုသာသေယျ – အကြိမ်ကြိမ်ဆုံးမရာ၏၊
အဲဒီ ဘုရားရှင်တိုင်း ဟောကြားထားတဲ့ ဒေသနာတော်အတိုင်းပဲ မင်းတို့ မြတ်စွာဘုရားက သြ၀ါဒပေးတယ် သြ၀ါဒယူတယ်ဆိုတာ အင်မတန်ကို ကျေနပ်တယ်၊

အသဗ္ဘာ စ နိဝါရယေ – အကုသိုလ်အဘို့မှလည်း တားမြစ်ရမယ်၊ အကုသိုလ်မဖြစ်အောင် တားဖြစ်ရမယ်၊ အဲဒါ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ဟောကြားထားတဲ့ အဆုံးအမ။

ဒီတော့ မင်းတို့ ဦးဇင်းတွေ ကိုရင်တွေဆိုတာ သင်္ကန်းဝတ်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ သမဏတဲ့ သမဏဆိုတာ ဘာတုန်း? ပါပေ သမေတီတိ သမဏော၊
ပါပေ – မကောင်းမှု အကုသိုလ်တို့ကို။ သမေတိ – ငြိမ်းစေတတ်၏ ငြိမ်းအောင်လုပ်တတ်၏။ ဣတိ – ထို့ကြောင့်။ သမဏော – သမဏမည်၏ ရဟန်းမည်၏။ …

စာမျက်နှာ (၉၉)

… မင်းတို့ နိုင်ငံက ရှင်းရှင်းပြောမယ်၊ လူကြီးရော လူငယ်ရော အကုန်လုံး အူချောင်ချောင်တွေ များတယ်၊ ဟုတ်လား၊ တစ်ယောက် ပါတီထောင်တယ်ဆိုရင် အဟုတ်မှတ်ပြီးတော့ ပါတီထောင်၊ အဲသလိုကိုက များနေတယ်၊ အဲဒါ မှတ်ထား၊ …

စာမျက်နှာ (၁၀၁)

ဒို့ဗမာ နိုင်ငံမှာလည်း ခုနက “ဥဒါန စရိတာနံ တု၊ ၀သုဓေ၀ ကုဋုမ္ဗကံ” ဆိုတဲ့အတိုင်းပဲ ၀သုဓာ – မြေတစ်ပြင် လုံးမှာရှိတဲ့ မြန်မာပြည် တစ်ပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးသည် ကုဋုမ္ဗကံ ကုဋုမ္ဗကံ ဧ၀ – ငါတို့ရဲ့ မိသားစုကြီး တစ်ခုတည်းသာတည်း။ ငါတို့ရဲ့ အိမ်ထောင်စုကြီး တစ်ခုတည်းသာတည်း- လို့ စိတ်ထားပြီးတော့ ငြိမ်းချမ်းရေးတရားဟောဖို့ တိုက်တွန်းရင်း ငါရဲ့ သြ၀ါဒ ကထာကို နိဂုံးချုပ်ပါတယ်၊

(သာဓု သာဓု သာဓု)

—————————————————
Related Previous Article;

IDEAL LEADER by Masoeyein Sayadawgyi Badanta Yarza Dammã Biwuntha

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စအသံများ ဆူညံလာချိန် မစိုးရိမ်အဓိပတိမဟာနာယကဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်) စာအုပ် ပြည်တွင်း၌ ထွက်ရှိ