MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>အကြံကုန် အင်တာနက် ပိတ် April 28, 2008

Filed under: "MEDIA to MEDIA" FIGHTING — Nyo Gyi @ 5:07 pm

>အင်တာနက်ကို အဆင့်လိုက် ဖြတ်တောက်မည်
မဇ္ဈိမသတင်းဌာန
Monday, 28 April 2008 17:33 – မြန်မာစံတော်ချိန်

ရန်ကုန်။ ။ လာမည့် ဆန္ဒခံယူပွဲ အတွင်း သတင်းစီးဆင်းမှု တားဆီးရန်အတွက် အင်တာနက် ဆက်ကြောင်းများအား စီစစ် ဖြတ်တောက်ရန် စီမံမှုများ ပြုလုပ်နေကြောင်း ၀န်ကြီးဌာန သတင်းရပ်ကွက်အရ သိရသည်။

ဖြတ်တောက်မည့် ပုံစံမှာ ဆာဗာများ ခွဲချထားပြီး အလွှာလိုက် ဖြတ်တောက်မည့် ပုံစံ ဖြစ်သည်။

အများပြည်သူသုံး အင်တာနက် ကဖေးများ၊ စီးပွားရေး လုပ်ငန်းသုံးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း စသဖြင့် အဆင့် ၃ ဆင့် ခွဲကာ ဖြတ်တောက်မှု ပြုလုပ်မည် ဖြစ်သည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

အစိုးရဘက်မှ ခွင့်မပြုလိုသော အချက်အလက်များ၊ ဓာတ်ပုံများ အင်တာနက်မှ ထွက်ပေါ်လာသည်ကို စတင် တွေ့ရှိပါက ပထမဆုံး PAC ခေါ် အများပြည်သူသုံး အချက်အလက် စင်တာများအား စတင် ပိတ်ဆို့မည် ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ငန်းနှင့် ရုံးများအတွင်း အင်တာနက်ကို ဖွင့်လှစ်ထားမည် ဖြစ်သည်။

ဆက်လက် ထွက်ပေါ်နေပါက အဆိုပါ စီးပွားရေး လုပ်ငန်းသုံး ဆက်ကြောင်းကို တားမြင့် ပိတ်ဆို့မည် ဖြစ်သည်။ နောက်တဖန် ထွက်လာပါက ခရီးသွား လုပ်ငန်းများ၏ ဆက်ကြောင်းကို ပိတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးဟု ခေါ်တွင်သည့် သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒပြပွဲ ဖြစ်ပွားစဉ်က သတင်း အချက်အလက်များနှင့် ဓာတ်ပုံများ အင်တာနက်မှတဆင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် ပြန့်နှံ့မှု ဖြစ်ခဲ့ပြီးနောက် အလားတူ ဖြစ်ရပ်များ ဖြစ်ပွားလျှင် ပိတ်ဆို့မှုပြုရန် စစ်အစိုးရက ကြိုးစားနေခဲ့သည်။

“ထိုသို့ အဆင့်ဆင့် ပိတ်ဆို့ခြင်းဖြင့် ဘယ်နေရာတွေက သတင်းများ ထွက်ပေါ်နေသည်ကို သိရှိရန်မှာ လွယ်ကူသွားသလို အင်တာနက်အား ပိတ်ဆို့ထားသည် ဟူသော နိုင်ငံတကာ ပြောဆိုမှုမှလည်း လွတ်မြောက်ဖွယ်ရှိရန် စီစဉ်ထားခြင်း ဖြစ်သည်” ဟု စစ်အစိုးရ အင်တာနက် ထိန်းချုပ်ခြင်းကို စောင့်ကြည့် လေ့လာနေသူ ရန်ကုန်ရှိ ကျွမ်းကျင်သူ တဦးက ပြောသည်။

ထို့အပြင် ပိတ်ဆို့ရာတွင် လုံးဝ သုံးမရအောင် ပိတ်ဆို့ခြင်းနှင့် နှေးကွေး လေးလံစွာ သုံးရေရအောင် ဘန်းဝှစ် Bandwidth လျော့ချခြင်း နှစ်မျိုးဖြင့် လုပ်ဆောင်ဖွယ် ရှိကြောင်းလဲ ပြောသည်။

လက်ရှိ အခြေအနေတွင် ရန်ကုန်နှင့် မြန်မာနိုင်ငံ မြို့ကြီးများ၏ အင်တာနက် ကွန်နက်ရှင်သည် ဆက်လက် နှေးကွေးနေဆဲ ဖြစ်သည်။

စက်တင်ဘာ တော်လှန်ရေးတွင် အင်တာနက် ထွက်ပေါက်ကို အစိုးရမှ ပိတ်ဆို့လိုက်ပြီးနောက် မြန်မာပြည်အတွင်း ခရီးသွားလုပ်ငန်း အပါအ၀င် အခြားသော ဆိုက်ဘာ အခြေပြု စီးပွားရေး လုပ်ငန်းများတွင် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့သည်။

အကြံကုန် အင်တာနက် ပိတ်

Filed under: "MEDIA to MEDIA" FIGHTING — Nyo Gyi @ 5:07 pm

အင်တာနက်ကို အဆင့်လိုက် ဖြတ်တောက်မည်

FREE THEM !!! April 23, 2008

Filed under: NAY PHONE LATT,PHOTOS — Nyo Gyi @ 4:55 pm

http://picasaweb.google.com/s/c/bin/slideshow.swf

FREE THEM !!!

Filed under: PHOTOS — Nyo Gyi @ 4:55 pm
 
>X X X X X X X

Filed under: OTHERS' WRITINGS — Nyo Gyi @ 4:13 pm

>”ပြောချင်တာလေး တစ်ခု”

ဒီစာသည် မြန်မာ့ တပ်မတော် အတွင်းမှာ တာဝန်ထမ်းဆောင်နေသော အောက်ခြေ တပ်မတော်သားများ၊ ပညာသင်ကြားဆဲ တပ်မတော်သားများ နှင့် အခြား နအဖ အဖွဲ့ဝင် မဟုတ်သော သာမန် တပ်မတော်သားများကို ရည်ရွယ်ပါသည်။

ကျွန်တော် အားတဲ့ အချိန်တိုင်း အဆိုပါ နအဖက ထောက်ခံရမည် ဆိုသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကို အပြန်ပြန်၊ အလှန်လှန် ဖတ်ပါသည်။ ခံစားပါသည်။ တွေးပါသည်။

အဲဒီ အခါ ရှင်းနေသလိုနဲ့ စိတ်ထဲမှာ မရှင်းတဲ့ အချက် တစ်ခုကို တွေ့တယ်။ ဘာ အချက်လဲ ဆိုတော့ … အခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်လျှင် ဖြစ်ပေါ်လာမည့် အနာဂါတ် တိုင်းပြည်သည် စစ်အာဏာရှင် တိုင်းပြည် တစ်ခု မဟုတ်နိုင်ပါ။ စစ်ခေါင်းဆောင်ပိုင်းက သာ အာဏာ ရယူထားသော …. …..စစ်ခေါင်းဆောင် အာဏာရှင် …. တိုင်းပြည်ဖြစ်လာမှပါ။

ဒါတွေ ဘာကြောင့် ပြောနိုင်ပါသလဲ … တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိ စိတ်ကြိုက် တပ်မတော်သား ၂၅ % ကို လွှတ်တော်သို့ စေလွှတ်နိုင်ပါသည် လို့ ဆိုထားပါတယ်။ ထိုအချက်မှာ … တပ်မတော်သားများက ရွေးကောက်တင်မြောက်သော တပ်မတော်သားကိုယ်စားလှယ်မဟုတ်ပဲ … ကာကွယ်ရေး ဦးစီးချုပ်ကသာ စိတ်ကြိုက် ရွေးချယ်သော ကိုယ်စားလှယ်များသာ ဖြစ်နေသည်ကို သေချာ သတိထားမိမှ မြင်နိုင်ပါသည်။

ထိုအချက်ကြောင့် တပ်မတော် အတွင်း ကာကွယ်ရေး ဦးစီးချုပ်၏ သြဇာအာဏာပိုကြီးထွားလာပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် သူ၏မိသားစု အာဏာကိုသာ ထူထောင်နေခြင်း ဖြစ်ပါသည်။ တပ်မတော်သည် တိုင်းပြည်အတွက်မဟုတ်ဘဲ … တပ်မတော်နှင့် တိုင်းပြည်သည် ကာကွယ်ရေး ဦးစီးချုပ် အတွက် ဖြစ်နေပါသည်။

အဆိုပါ ၂၅ % ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ စေလွှတ်မည် ဆိုသော အချက်သာ ပါဝင်ပြီး၊ အခြားသော သာမန် တပ်သားများက မည်သည့် အခွင့်အရေး၊ ရပိုင်ခွင့်များ ရနိုင်သည်ဆိုသော အချက်ကို လုံးဝ ပြဌာန်းထားခြင်း မရှိပါ။

ကျဆုံးသွားသော တပ်မတော်သား မိသားစုများကို ကူညီမည်၊ မသန်မစွမ်းသော တပ်မတော်သားများကို ကူညီမည်ဟု ရေးထားသော်လည်း ယခု လက်ရှိအချိန်တွင် အဆိုပါ ကျဆုံးသွားသော တပ်မတော်သား မိသားစုများ၏ ဒုက္ခများ၊ မသန် မစွမ်းသော တပ်မတော်သားများ လမ်းမတွင် တောင်းစားနေရမှုများကို ကိုယ်တွေ့ မြင်နေရပါသည်။

အခြေခံဥပေဒေ အတည်ဖြစ်သွားပြီးလျှင်လည်း လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်နှင့် စီနီယာ တပ်မှူးများကသာ နေရာတွေယူ၊ အခွင့်အရေးတွေ ရယူမည်သာ ဖြစ်သဖြင့် သာမန် တပ်မတော်သားများ၏ ဘဝတွေ ထူးခြားလာနိုင်မည် မဟုတ်ပါ။

လက်တွေ့ မိုးထဲ၊ ရေထဲ၊ နေပူထဲတွင် တာဝန်ထမ်းဆောင်နေသော မြန်မာ့ တပ်မတော်သားများ အနေဖြင့် မိမိတို့၏ အခွင့်အရေး အပါအဝင် နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအတွက် … တပ်မတော်သည် တိုင်းပြည်အတွက် … ဟု မှတ်တမ်းတင်မည်လော၊ …. တပ်မတော်နှင့် တိုင်းပြည်သည် ကာကွယ်ရေး ဦးစီးချုပ် အတွက် …. ဟု မှတ်တမ်း တင်မည်လော ဆိုတာ …. လာမည့် ဆန္ဒခံယူပွဲတွင် တပ်မတော်သားများ ပေးမည့် မဲ များမှ အဆုံး အဖြတ်ပေးသွားမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

(http://ko-htike.blogspot.com မှ ကူးယူဝေငှပါသည်)

X X X X X X X

Filed under: OTHERS' WRITINGS — Nyo Gyi @ 4:13 pm

“ပြောချင်တာလေး တစ်ခု”

>My Desire is ‘NO’ April 18, 2008

Filed under: MY WRITING,REFERENDUM — Nyo Gyi @ 9:43 am

>

“မေလ (၁၀)ရက်အတွက် ရင်လေးမိပါကြောင်း”

စစ်အဆိုးရကတော့ စစ်သတင်းစာတွေ(မြန်မာ့အလင်း+ကြေးမုံ)ထဲမှာ ပြောင်ပြောင်တင်းတင်းပဲ အခြေခံဥပဒေကို ထောက်ခံမဲပေးကြဖို့ စည်းရုံးရေးဆင်းနေကြပြီ။
သူတို့ပါးစပ်တွေကလည်း ဒီထောက်ခံမဲအတွက်ပဲ တစ်သံတည်း ထွက်နေကြ၊ စည်းရုံးနေကြတယ်။

ကျွန်တော်တို့ စိုးရိမ်တာကတော့ ဘာမှ မသိနားမလည်တဲ့ ကျေးလက်ရွာသူရွာသားတွေပဲ။
တောသူတောင်သားဆိုတာ မီဒီယာရဲ့ အထိအရောက်နည်းတယ်။ သူတို့မှာ နားထောင်စရာ ရေဒီယိုတွေပဲ ရှိတတ်တယ်။ မြန်မာပြည်ဆိုတာလည်း သိတော်မူတဲ့အတိုင်း ရွာသူရွာသား ၇၅ ရာခိုင်နှုန်းလောက်ရှိတာဆိုတော့ ခက်ကပြီ။

မြန်မာပြည် မြို့ကြီးတွေမှာတော့ စစ်အဆိုးရရဲ့ အခြေခံဥပဒေ ဆနခံယူပွဲမှာ ကန့်ကွက်မဲ တွေက အနိုင်ရမှာ သေချာသလောက်ပါပဲ။

မြို့ကြီးတွေမှာက လှုပ်ရှားမှုတွေကလည်း တက်ကြွတယ်။ ကန့်ကွက်မဲအတွက် လှုံဆော်မှုတွေကလည်း အဆက်မပြတ်ဆိုတော့ စိတ်ချရတယ်။ မြို့ကြီးတွေမှာတော့ ကန့်ကွက်မဲအတွက် အခြေအနေကောင်းတယ်။

အဲဒီမှာ ခက်နေတာက
-၀န်ထမ်းတွေရယ်၊
-ကြံဖွတ်ရယ်၊
-စွမ်းအားရှင်တွေရယ်၊
-မိခင်နှင့်ကလေးအသင်းရယ်၊
-အမျိုးသမီးရေးရာရယ်၊
-မီးသတ်ရယ်၊
-စစ်တပ်ရယ်၊
-သာပေါင်းညာစားတွေရယ်….။

အဲဒီအဖွဲ့အစည်းတွေကတော့ ထောက်ခံမဲအထည့်များနိုင်တယ်။ ဘာမှလည်း မသိဘူး။ အမှန်ခြစ်ခြစ်လိုက်ရင် အနရယ်ကင်းတယ်ဆိုတဲ့ အတန်းအစားတွေပါပဲ။

အကြောက်တရားအောက်မှာ ကောက်ခံတဲ့ ဆန္ဒမဲဆိုမှတော့ ဘယ်ကလာ အမှန်တရားနဲ့ နည်းစပ်နိုင်ပါ့မလဲ။

လုပ်ကြပါဦး အရပ်ကတို့ရေ…။ ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့ကြပြီ။

-“ညိုကြီး”

(မှတ်ချက်များကို မျှော်လင့်ပါတယ်)

My contact email: bigbbrown@gmail.com