MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Thiha Thura Tin Aung Myint Oo NEWS I Read In Two Media Sites November 14, 2009

Filed under: "MEDIA to MEDIA" FIGHTING, MY NEWS, MY WRITINGS, OTHERS' NEWS — Nyo Gyi @ 6:06 am
သီဟသူရ တင်အောင်မြင့်ဦး
(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) သတင်းများ

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ တစ်ရက်တည်းမှာ ဖတ်မိခဲ့တဲ့ သီဟသူရ တင်အောင်မြင့်ဦး သတင်းများကို ပြန်လည် မျှဝေလိုက်ပါတယ်။
(ဖတ်မိရတဲ့ သတင်း (၂)ခုကို ဘယ်လို ဆက်စပ်ပစ်ရမယ်မှန်း မသိတော့ပါ။ – Nyo Gyi)

၁။ ပထမတစ်ခုက ဧရာဝတီသတင်းဌာန(အင်တာနက်)မှာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)က ဖော်ပြခဲ့တာပါ။


သီဟသူရ တင်အောင်မြင့်ဦး တိတ်တဆိတ် နုတ်ထွက်
(ဧရာဝတီ သတင်း)

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2130:2009-11-13-11-45-25&catid=1:news&Itemid=2

၂။ နောက်ထပ် သီဟသူရ တင်အောင်မြင့်ဦး သတင်းကလည်း (၁၃၊ ၁၁၊ နိုဝင်ဘာ)ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပါရှိခဲ့တာပါ။ ကိုသန်းရွှေ သီရိလင်္ကာကို ဟန်ရေးပြအလည်အပတ်ခရီးသွားရောက်ခြင်းသတင်းမှာ ကိုသန်းရွှေနဲ့အတူ အဲဒီ ကိုသီဟသူရ တင်အောင်မြင့်ဦးလည်း လိုက်ပါသွားတယ်လို့ သတင်းစာက ဆိုပါတယ်။ သတင်းကို မြန်မာ့အလင်းသတင်းစာကနေ ပုံစာအနေနဲ့ ပြန်ကူးယူ ဖော်ပြပေးလိုက်တယ်။

မြန်မာ့အလင်းသတင်းစာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)ထုတ်က သီဟသူရ တင်အောင်မြင့်ဦး သတင်း
http://www.myanmar.com/newspaper/myanmarahlin/Nov13.pdf

 

TO POET KHANT MIN HTET, WHO HAD BEEN ARRESTED November 10, 2009

Filed under: MY NEWS, MY WRITINGS, OTHERS' POEMS, PHOTOS — Nyo Gyi @ 7:53 pm
ကဗျာဆရာ ခန့်မင်းထက် အတွက် ကဗျာ
သို့ … ခန့်ကြီး
မှ … ကိုအိမ့်

ပိတောက်ပွင့်သစ်မဂ္ဂဇင်း ပဲ့ကိုင်ရှင် တော်လှန်ကဗျာဆရာကြီး မောင်စိမ်းနီ၏ သား အလင်္ကာဝတ်ရည်ဂျာနယ်တိုက်မှ ကဗျာဆရာနှင့် ဒီဇိုင်းပညာရှင် ခန့်မင်းထက်တစ်ယောက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၂၂)ရက်နေ့က စစ်အဆိုးရထောက်ခွေးများ၏ မတရားသဖြင့်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း အောက်ပါသတင်းများကို ဖတ်ရှုပြီးသူတိုင်း သိရှိပြီးဖြစ်ပေလိမ့်မည်။

ထိုသို့ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရရှာသည့် ကဗျာဆရာ ခန့်မင်းထက်အတွက် ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၂)၊ ဇန်န၀ါရီ၊ ၂၀၀၉ တွင် ဖော်ပြပါရှိခဲ့သည့် ကဗျာဆရာ ကိုအိမ့်၏ “သို့ … ခန့်ကြီး၊ မှ … ကိုအိမ့်” ကဗျာအား အမှတ်တရ ကူးယူဖော်ပြပေးလိုက်ပါသည်။ ယင်းကဗျာကိုပင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေခဲ့သည့် “ပိတောက်ပွင့်သစ် ကဗျာရှည်များ” စာအုပ်ထဲ၌ ထပ်မံ ဖော်ပြခဲ့ပါသေးသည်။
(ထို ပိတောက်ပွင့်သစ် ကဗျာရှည်များ စာအုပ်ကိုလည်း ခန့်မင်းထက်ကိုယ်တိုင် မျက်နှာဖုံးကအစ ဒီဇိုင်းပြုလုပ်ပေးခဲ့ပါ၏)

သို့ … ခန့်ကြီး
မှ … ကိုအိမ့်

(ပုံများပေါ် ကလစ်နှိပ်ပြီး ကဗျာစာသားများကို အကျယ်ချဲ့ ဖတ်နိုင်သည်)

 

AWAY November 9, 2009

Filed under: Uncategorized — Nyo Gyi @ 5:30 am

ဝေး… ဝေး…

အဝေး.. ဆိုတဲ့စကားလုံး
ထိထိမိမိ ဝေးတော့မှ
ဆတ်ဆတ်ခါအောင်နာရ ။

မိဝေး ဖဝေး
တနယ် တကျေး
ကျနော် ဝေးခဲ့တဲ့ ရွာ
အမေ…ညီမလေးတွေ သူငယ်ချင်းတွေ
ဝေးကွာခြင်းမှာ အဓိပ္ပာယ် ဖွင့်ခံလိုက်ရပြီ ။

တမြေ့မြေ့ စိတ်မှာ
ထိချက်တွေများလွန်းတော့
တချက်တချက် မူးမေ့ သွားအောင် အလွန်အကျွံ တွေထဲမှာ စွဲနှစ်
ကံကြမ္မာဆိုတာလည်း တစ်ကြောင်းစွဲမျဉ်းတွေမှာ ပြေးဝင်

ဘယ်လောက်ဆိုးလိုက်လဲ
ဒီကြားထဲမှာ
နေရစ်လို့ မပြောခဲ့ဘဲ
ကျန်ရစ်ခဲ့တာလေ။

ရွှေညို

 

A Fundraiser for Burma: Burmese Food Fair and Ethnic cultural Dance November 8, 2009

Filed under: Uncategorized — Nyo Gyi @ 11:50 pm
 

KYAUKSE POEM by Aung Ba Nyo November 5, 2009

Filed under: OTHERS' POEMS, PHOTOS — Nyo Gyi @ 9:33 am
ကျောက်ဆည်

မြို့က မြစ်ကို
ကိုယ်ဝန်ဆောင်ထားရတယ် ။

တကယ်တော့
ခြေထောက်မပါတဲ့ မြစ်ကိုပဲ
မြို့က ခြံခတ်ထားခဲ့တယ် ။

မြို့က မြစ်ကို
ထွက်ပြေးမှာ ကြောက်လို့
ဦးနှောက် အခြောက်ခံ
စီမံခဲ့လေသလား ။

သံဝေဂမရနိုင်တဲ့
ငါတို့ရဲ့ ဘဝအမောများ
တောင်တော်ဆည်းလည်းသံက ညှို့တယ် ။

ဆင်မိုက်ကြီးလည်း
ဒူးမတုပ်နိုင်တဲ့နေရာ
ငါတို့မှာ ရာစုဝက်အလွမ်းတွေနဲ့ ။

သဘာဝတရားကြီးကတော့
ရိုးရိုးသားသားပါပဲ
ကိုဓဥပဒေ ရင်ဝယ်ပိုက်လို့ ။

( ရေးဖော်များသို့ )

အောင်ဘညို

(၂ဝဝ၆၊ အောက်တိုဘာ၊ ချယ်ရီမဂ္ဂဇင်း ဆင်ဆာထိ ကဗျာ)

 

US diplomat meet with NLD November 5, 2009

Filed under: DAW AUNG SAN SU KYI, NLD, OTHERS' NEWS — Nyo Gyi @ 9:02 am

(၄၊ ၁၁၊ ၂၀၀၉) က အမေရိကန် သံတမန်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၊ NLD
ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

(For above photos, I thank
1. phyowai -mmp
2. http://english.chosun.com/site/data/html_dir/2009/11/05/2009110500239.html)

 

IN TEARS October 28, 2009

Filed under: DAW AUNG SAN SU KYI, OTHERS' POEMS, PHOTOS — Nyo Gyi @ 5:24 am

ကျွန်တော်ဟာ မျက်ရည်လွယ်တယ်

► အခုလိုပဲ
မီးဝိုင်းနေတဲ့ ငုံးမင်းပုံပြင်
အမေပြောပြတော့
ငယ်ငယ်တုန်းက
ကျွန်တော် ငိုခဲ့ဖူးသလား … ။

► အဲဒီလိုပဲ
ကျသွားတဲ့ကမ်းဝေးလှောင်အိမ်က
လူလိမ္မာသားတစ်ယောက်ရဲ့မိခင်
သူ့ရင်ထဲ မီးဝိုင်းနေတဲ့
တကယ်အဖြစ်အပျက်တွေ
ကမ္ဘာက ကြားတဲ့အခါ
မျက်ရည်တွေဟာ
ရေဒီယိုလေးပေါ်စိုခဲ့သလား
ကျွန်တော် စဉ်းစားကြည့်မိတယ်။

နေမင်း(ပလိပ်)

———————————————————————————————————————–
[လှိုင်းသစ် - စာပေ၊ အနုပညာနှင့် အတွေးအခေါ်မဂ္ဂဇင်း၊ အမှတ် (၈)၊ အောက်တိုဘာလ၊ ၂၀၀၉၊ စာမျက်နှာ (၁၂၄)၊
အောင်ဘညိုပြုခဲ့ဖူးသော သစ္စာ - ကဗျာခံစားမှုဆောင်းပါးမှ ကဗျာအား ကူးယူဖော်ပြသည်]

 

BURMA POLITICS By Damma Piya Sayadaw October 25, 2009

Filed under: OTHERS' WRITINGS, PHOTOS, UNITY IS STRENGTH — Nyo Gyi @ 4:42 pm
သည်နိုင်ငံ သည်အရေး
- ဓမ္မပိယဆရာတော် -

အတွေးအမြင်၊ အမှတ်(၂၁၁)၊ ၂၀၀၉၊ အောက်တိုဘာလ၊ ၂၅ နှစ်ပြည့် ငွေရတုအထူးထုတ် စာစောင်မှ
ဓမ္မပိယဆရာတော်၏ “သည်နိုင်ငံ သည်အရေး” ဆောင်းပါးအား ကူးယူဖော်ပြပါကြောင်း။


Front Cover Of 25th A Twae A Myin


Back Cover Of 25th A Twae A Myin

 

Secretary General’s Message for UN Day 2009 October 25, 2009

Filed under: UN — Nyo Gyi @ 10:53 am

Secretary General’s Message for UN Day 2009

On this United Nations Day and every day throughout the year, the United Nations is at work for the planet, for jobs, for “we the peoples”.

We deliver more humanitarian aid than anyoneand to the toughest places. We vaccinate 40 per cent of the world’s children. We feed more than 100 million people and are helping more than 30 million refugees, most of them women and children fleeing war and persecution. We are deploying more peacekeepers than ever more than 115,000. In the last year alone, we provided electoral assistance to almost 50 countries. And the entire UN system has mobilized to face global economic turmoil and the social unrest it threatens.

People look to the United Nations to defeat poverty and hunger, to keep the peace, to expand education and stand up for human rights in every corner of the globe. They look to us to stop the spread of deadly weapons and disease, and to protect people and families hit by disasters. In December, they will look to us to seal a comprehensive, equitable and ambitious deal on climate change that will protect us all and pave the way toward a greener, more sustainable economy.

This is a unique moment in world affairs. Multiple crises food, fuel, financial, flu are hitting at once. Climate change looms larger every day. Each illustrates a 21st-century truth: we share one planet, one home. As people, as nations, as a species, we sink or swim together.

The United Nations is doing its utmost to respondto address the big issues, to look at the big picture. We are forging a new multilateralism that can deliver real results for all people, especially those most in need. But I am also painfully aware of the distance to go and the gap between commitment and action. On this UN Day, let us resolve to redouble our efforts on behalf of the vulnerable, the powerless, the defenceless. Let us stand more united than ever – united in purpose and united in action to make the world a safer, better place.

Ban Ki-moon

—————————————————————–
http://www.un.org/en/events/unday/2009/sgmessage.shtml

 

HEROES’ DAUGHTERS October 22, 2009

Filed under: DAW AUNG SAN SU KYI, MY NEWS, PHOTOS — Nyo Gyi @ 5:46 am
ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး
(ရှားပါးသမိုင်းဝင်ဓာတ်ပုံ)

ဗမာပြည်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာပြည်၏ ထင်ရှားသော လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်၊ တောင်သူလယ်သမားအရေးတော်ပုံမှ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ သမီး ဒေါ်စိန်တို့ တွေ့ဆုံကြစဉ်ဖြစ်သည်။
၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တောင်သူလယ်သမားနေ့ ချီတက်ပွဲသို့ ဆရာစံ၏ သမီး- ဒေါ်စိန်နှင့် ဆရာစံ၏ သား- ဦးအေး၊ မြေး- ကိုအောင်မောင်းတို့ လာရောက်စဉ်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အိမ်တွင် ဧည့်ခံစဉ် ကြုံတောင့်ကြုံခဲ ဆုံတွေ့ကြပုံ။

(၁၅၊ ၃၊ ၁၉၇၁) ထုတ် အိုးဝေဂျာနယ်၊ အိုးဝေမှတ်တမ်းတင် ဓာတ်ပုံသတင်းမှ ရယူမျှဝေသည်။

သူရဲကြီး

—————————————————————————–
(Thanks a lot to my special friend, Tha Ye` Gyi (သူရဲကြီး) who give me the above photo to post in my blog)