MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Mandalay Thukha-Yeik-Myone Care Centre for Children Living with HIV/AIDS December 4, 2011

Filed under: MY NEWS,PHOTOS — Nyo Gyi @ 2:15 pm

HIV ပိုးရှိ မိဘမဲ့ကလေးသူငယ်များအတွက်
မန္တလေးမြို့၌ “သစ္စဝေဒဂူ သုခရိပ်မြုံ” လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ တည်ထောင်ကြောင်း မိတ်ဆက်ခြင်း၊ အလှူငွေလက်ခံခြင်းနှင့် အကြံပြုဆွေးနွေးခြင်း အခမ်းအနား

From Mandalay Thitsa Wai Da Gu Thukha Yeik Myone
From Mandalay Thitsa Wai Da Gu Thukha Yeik Myone

နေ့ရက် – ၄၊ ဒီဇင်ဘာ၊ ၂၀၁၁
နေရာ – Oriental House ခန်းမအပေါ်ထပ်၊ မန္တလေး
အချိန် – နေ့လည် ၁ နာရီခွဲမှ စတင်ပြီး ၃ နာရီကျော်ခန့်တွင် ပြီးဆုံး

From Mandalay Thitsa Wai Da Gu Thukha Yeik Myone

အခမ်းအနားအစီအစဉ်များ

၁။ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ မြို့မိမြို့ဖတစ်ဦးဖြစ်သော ဦးသိန်းတန်က အဖွင့်စကားပြောကြားခြင်း
၃။ ရန်ကုန်မြို့၊ သုခရိပ်မြုံမှ စာရေးဆရာမ သန်းမြင့်အောင်က မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ ပေါ်ပေါက်လာရေးကြိုးပမ်းနေမှုနှင့် အထွေထွေဆွေးနွေးတင်ပြခြင်း
၎။ အလှူရှင်များ၏ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းမှုကို လက်ခံခြင်း
၅။ တက်ရောက်လာသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ အထွေထွေဆွေးနွေးအကြံပြုကြခြင်း
၆။ စာရေးဆရာမ သန်းမြင့်အောင်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခြင်း
၇။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း

(ယခုအခမ်းအနားကျင်းပရာနေရာကို မန္တလေး Oriental House ပိုင်ရှင် ဒေါက်တာ ဦးကိုလေး+ဒေါ်ခင်စောဦးတို့က ဒါနပြုလှူဒါန်းသည်)

အမရသုခ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းမှ ဒေါက်တာဇော်မြင့်မောင် (NLD) ဆွေးနွေးနေစဉ်

From Mandalay Thitsa Wai Da Gu Thukha Yeik Myone

ယနေ့ အလှူခံရရှိသမျှမှာ ကျပ်ငွေစုစုပေါင်း ၂၃ သိန်းကျော်နှင့် ပစ္စည်းတန်ဖိုး ကျပ် ၁၅ သိန်းခန့် ဖြစ်ပါသည်။

ပန်တျာဒေါ်ဌေးဌေးမြင့်မိသားစုက အလှူငွေ ကျပ် ၁ သိန်း ထည့်ဝင်လှူဒါန်းစဉ်

From Mandalay Thitsa Wai Da Gu Thukha Yeik Myone

(၆၊ ဒီဇင်ဘာ၊ ၂၀၁၁) နံနက် ၉ နာရီခွဲတွင် မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟော၊ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာအနီး၊ ရေတံခွန်တောင်ခြေ၊ ပုသိမ်ကြီးမြို့နယ်တွင် အကျိုးတော်ဆောင်များ အစည်းအဝေးရှိပါသေးကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ညိုကြီး

—————————-
မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟောသို့ အောက်ပါ ကြားခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက တစ်ဆင့် လှူဒါန်းနိုင်ပါသည်

လူမှုကူညီရေးအသင်းများ

ဗြဟ္မစိုရ်၊ နိဗ္ဗာန်သုခ၊ ချမ်းမြသုခ၊ အမရသုခ၊ ဘ၀အလင်း၊ အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ရတနာ့မေတ္တာ

လူပုဂ္ဂိုလ်များ

ဦးထွန်းဦး (ထွန်းဦးစာပေ)
စာရေးဆရာ ညီပုလေး၊ ညီစေမင်း၊ ရွှေနောင်ရိုး
ဒေါက်တာဦးကိုလေး+ဒေါ်ခင်စောဦး (Oriental House, Mandalay)

https://picasaweb.google.com/s/c/bin/slideshow.swf