MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Myanmar-Thabin-Ah-Hla-Sin-Thumyar And Pakokku Flood Victims November 23, 2011

Filed under: MY NEWS,PHOTOS — Nyo Gyi @ 6:44 am

“မြန်မာ့သဘင် အလှဆင်သူများ” လည်း ပခုက္ကူရေဘေးဒုက္ခသည်များအတွက် အလှူခံထွက်

မန္တလေးမှ ဇာတ်မင်းသားလေးများ ပေါင်းစည်းတည်ထောင်ထားသော “မြန်မာ့သဘင် အလှဆင်သူများ” အဖွဲ့သည်
“ပခုက္ကူရေဘေးဒုက္ခသည်များအတွက် ပရိသတ်များနှင့် ကျွန်တော်တို့ သူစိမ်းတွေလိုမနေဘဲ ကူညီကြပါစို့။ ကသောလက်ဖြင့် လှူကြမည်”
စာတမ်းများချိတ်ဆွဲထားသော ကုန်တင်ကားကြီးဖြင့် မန္တလေးမြို့ပေါ်တွင် ၂၀၁၁၊ နိုဝင်ဘာ၊ ၂၀၊ ၂၁၊ ၂၂ (၃) ရက်တာမျှ နံနက် ၈ နာရီမှ ည ၈ နာရီတိုင်တိုင် သီဆိုဖျော်ဖြေ အလှူခံထွက်ခဲ့ကြောင်း သတင်းရရှိပါ၏။

(မန္တလေး မြို့မ တူရိယာအသင်းကြီးကလည်း ပြီးခဲ့သော ရက်သတ္တပတ်များအတွင်းက ယခုကဲ့သို့ပင် မန္တလေးမြို့တွင်း လှည့်လည်သီဆိုတီးခတ်ဖျော်ဖြေကာ ပခုက္ကူရေဘေးဒုက္ခသည်များအတွက် အလှူခံထွက်ခဲ့ပါသည်။

မြို့မသတင်းများကို
http://myomamusic.com/ တွင်လည်းကောင်း၊
Facebook ပေါ်က Myo Ma
https://www.facebook.com/pages/Myo-Ma/335176251444
တွင်လည်းကောင်း ဖတ်ရှုနိုင်ပါသည်။)

ညိုကြီး