MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Silent Honouring The Martyrs at Mandalay July 21, 2011

Filed under: DAYS TOPICS,GENERAL AUNG SAN,MY NEWS,PHOTOS — Nyo Gyi @ 4:30 am

အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ

၁၉၊ ဇူလိုင်၊ ၂၀၁၁ – (၆၄)နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေး၊ ကန်ကောက်ရပ်က ကိုခင်မောင်ရီတစ်ယောက် အာဇာနည်များကို ဂါရ၀ပြုပုံဆန်းခဲ့ပါတယ်။ သူက မန္တလေး၊ ၆၂ လမ်း၊ သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တည့်တည့် ၆၂ လမ်းပေါ်မှာ နံနက် ၉ နာရီကျော်ခန့်ကနေ မွန်းလွဲ ၂ နာရီလောက်ထိ ငြိမ်သက်စွာ မျက်စိမှိတ်ထိုင်ကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးသော အာဇာနည်များကို ဂါရ၀ပြုခဲ့ပါတယ်။

သူ့ရှေ့က သံတိုင်တန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကိုးဦးပုံပါ ဂျာနယ်မျက်နှာဖုံးတစ်ခုချိတ်ဆွဲထားပြီး ပန်းစည်းများနဲ့ ပူဇော်ထားပါသေးတယ်။ သူ့မှာပါလာတဲ့ အမွှေးတိုင်တွေကိုတော့ မထွန်းဘဲ သူ့ရှေ့မှာ မီးခြစ်နဲ့အတူ ချထားခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်လက်ပတ် ပတ်ထားပါတယ်။

သူ့ပတ်လည်မှာ စိတ်ဝင်စားသူတွေက ၀န်းရံထားပါတယ်။ မီဒီယာသမားတွေနဲ့ ထောက်လှမ်းရေးဆိုသူတွေကတော့ မှတ်တမ်းတင်ကြပါတယ်။

သူဂါရ၀ပြုတာကိုမြင်ပြီး လမ်းသွားလမ်းလာထဲက အချို့ သူနဲ့အတူ အာဇာနည်များကို ၀င်ကန်တော့သွားတာလည်းရှိသလို အချို့သူတွေကလည်း သူနဲ့အတူ အာဇာနည်များကို ပန်းစည်းများချထားကာ ၀င်ရောက် ဂါရ၀ပြုသွားကြောင်းသိရပါတယ်။

ညိုကြီး

(အာဇာနည်များအား ကိုခင်မောင်ရီ ဂါရ၀ပြုပုံဗီဒီယိုကလစ်အား www.facebook.com/nyogyi မှာ တင်ထားပါမည်။)

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s