MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>REVOLUTION POEMS (တော်လှန်ကဗျာများ) – 2 August 1, 2009

Filed under: OTHERS' POEMS — Nyo Gyi @ 11:00 pm

>

“ တော်လှန်ကဗျာ ” စာအုပ်မျက်နှာဖုံး

” ကဗျာဆိုတာ ဒါပါဘဲ

လေပြည်ညှင်းလျှင်
ပင်လယ်ပြင်မှာ၊ အသွင်သဏ္ဍာန်
ငြိမ်းချမ်းဟန်နှင့်၊ တေးသံဆိုလျက်
စည်းဝါးဖက်သို့၊ လှိုင်းကြက်ခွပ်လေး တလှုပ်လှုပ် ။

မုန်တိုင်းထန်လျှင်
ပင်လယ်ပြင်သည်၊ မာန်ဝင်ထန်သည်း
လှိုင်းလုံးကြီးတို့၊ စုစည်းထကြွ
တားမရတော့၊ ဒေါသ၀က်ဝက် ကွဲထွက်၏ ။

ကဗျာဆရာ
ဒို့ရင်မှာလျှင်၊ ပင်လယ်ပြင်သို့
အသွင်သဏ္ဍာန်၊ ၀န်းလည်ရံ၍
ရောင်ပြန်ထင်ဟပ်၊ ခေတ်၏ဇာတ်သည်
“ပြတ်ပြတ်သားသား ထင်စမြဲ” ။ ။

မောင်စိမ်းနီ
(တော်လှန်ကဗျာ- စာမျက်နှာ- ၃၆)

——————————————————–

” တော်လှန်ရေးသဘောတရား “

ကြောင်တို့သည်လျှင်
ကြွက်ကိုမြင်သော်၊ ဖမ်းချင် သတ်ချင် စားချင်မည် ။

တကောင်ချင်းလျှင်
အားခြင်းမမျှ၊ ယှဉ်မရ၍
ကြောင်က ကြွက်ကို နိုင်စမြဲ ။

သို့အတွက်
ကြွက်တို့သည်ကား၊ လှုပ်ရှားကာသာ
အလိမ်မာနှင့်၊ လွတ်ရာမြေအောက်
တိုးဝင်ရောက်၍၊ ကျင်းဖောက် ခိုလှုံ
အသိုက်အုံနှင့်၊ စုပြုံနေကြ
သမဂ္ဂကို၊ တည်ကြ ဆောက်ကြ
ညီညွတ်ကြလော့၊ အချိန် အခါ
ရောက်၍လာလျှင်၊ မဟာရန်ဘက်
ကြောင်အိုလက်အား၊ ချိုးဖျက်ရည်မြှော်
တိုက်ပွဲခေါ်ရန်၊ မြေပေါ်ထွက်ခဲ့ကြကုန်လော့ ။ ။

မောင်စိမ်းနီ

(၁၉၆၉၊ စက်တင်ဘာ၊ ရုပ်ရှင် မျက်မှန်)
(တော်လှန်ကဗျာ- စာမျက်နှာ- ၄၉)

—————————————————————————————

စာရေးဆရာ အများပိုင် သမဂ္ဂစာပေ၊ လှဆွေစီစဉ်ပြီး ၁၉၆၉၊ ဒီဇင်ဘာ၊ အားမာန်စာပေ၊ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသည့် “တော်လှန်ကဗျာ” စာအုပ်မှ

“စာဖတ်တတ်သူအားလုံး ဖတ်ဖို့၊ စာမဖတ်တတ်သူ အားလုံး ကြားဖို့၊ မြင်သလို သိသလို အရင်းအတိုင်း ရေးသည်”

ဆိုသော ဆိုစကားဆိုသူ ကဗျာဆရာ မောင်စိမ်းနီ (ထိုစဉ်က- မောင်စိမ်းနီ (ကေသီပန်))၏ ကဗျာ (၁၀)ပုဒ်ထဲမှ ကဗျာနှစ်ပုဒ်ကို တော်လှန်ကဗျာများ အပိုင်း (၂)အဖြစ် ဆက်လက်ထုတ်နုတ်ဖော်ပြလိုက်ရပြန်ပါကြောင်း ။
(ကဗျာ စာလုံးပေါင်း သတ်ပုံ မူရင်းအတိုင်း)

REVOLUTION POEMS (တော်လှန်ကဗျာများ) – 2

>SASANAMOLI (India)’s Invitation For Meeting Today

Filed under: OTHERS' NEWS,SEPTEMBER GOLDEN REVOLUTION,UNITY IS STRENGTH — Nyo Gyi @ 8:58 am

>

ဖိတ်ကြားလွှာ

မြန်မာ့ဒီမိုကရေစီအတွက် တိုင်းရင်းသား ပေါင်းစုံ အဖွဲ့ အစည်းများကြား၌
သွေးစည်းညီညွတ်ရေးကို ရှေ့ ရှု၍ အစည်းအဝေးပွဲတစ်ရပ် ကျင်းပပေးပါရန်
လျှောက်ထားချက်အရ သာသနာ့မောဠိအဖွဲ့ ကြီးမှ ဦးစီး၍ ကျင်းပပေးသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဖွဲ့ အစည်း အသီးသီးအနေဖြင့်လည်းကောင်း၊ တစ်သီးပုဂ္ဂလ အနေဖြင့်လည်းကောင်း
အားလုံး မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အပြည်ပြည်ဆိုင်ရာ သာသနာမောဠိအဖွဲ့  (အိန္ဒိယ)

နေရာ။ ။ မြန်မာရိပ်သာခန်းမ (BCRC) အချိန်။ ။ ညနေ (၄) နာရီ ရက်။ ။ ၀၁၊ ၀၈၊ ၂၀၀၉ ။

SASANAMOLI (India)’s Invitation For Meeting Today