MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>JULY 19, WE CAN’T FORGET July 28, 2009

Filed under: DAYS TOPICS,GENERAL AUNG SAN,OTHERS' WRITINGS — Nyo Gyi @ 4:49 pm

>

၁၉ ဇူလိုင် မမေ့နိုင်

ဒီနေ့ဟာ ပုံမှန်ကျရောက်နေကျပေမဲ့ အလွန်တရာထူးဆန်းတဲ့ကြေကွဲဖွယ်ကောင်း တဲ့နေ့ တစ်နေ့။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ သွေးမြေကျခဲ့တဲ့နေ့။
အာဇာနည်နေ့။

အရင်တုန်းကတော့ အာဇာနည်နေ့ဆိုရင် ရထားတို့ သဘောင်္တို့ ဥသြဆွဲတယ်။ အာဇာနည်ခေါင်းဆောင်ကြီး တွေကျဆုံးခဲ့ရတဲ့အချိန်မှာ တစ်လောကလုံးတိတိဆိတ်စွာနဲ့ ဂုဏ်ပြုခဲ့ကြတယ်။ မိုးပြေးလေးနဲ့အတူ အားလုံးရဲ့ ပါးပြင်ထက်မှာ မျက်ရည်တွေနဲ့။ အခုတော့…………………..။

ဘယ်မှာလဲ အာဇာနည်နေ့အခမ်းအနား။ အမှတ်ရတဲ့သူကတော့ မှတ်မိနေဆဲ။ မသိတော့သူတွေလည်းအများကြီး။ရင်နာဖို့ကောင်းအောင်ပဲ အာဇာနည်တွေ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို မသိကြတော့ဘူး။ ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးကို မေ့အောင်လုပ်သောသူများ အသေဆိုးနဲ့သေကြပါစေ။ငလျင်ဘေးကြုံရပါစေရှင်။

အာဇာနည်နေ့ကို ကျွန်မတို့ငယ်ငယ်က ဖေဖေနဲ့မေမေတို့က အိပ်ရာဝင်ပုံပြင် အဖြစ်ပြောပြတော့ ကျွန်မမျက်ရည်ကျမိတယ်။ အသိဥာဏ်နည်းတဲ့ကလေးတောင် ခံစားတတ်ခဲ့တယ်။ ဒါကို မသိမခံစားတတ်သောသူသည် ခွေးသာသာအဆင့်ရှိသော လူတိရစ္ဆာန်တွေဖြစ်တယ်။ လေးတန်းတုန်းက ကျွန်မအာဇာနည်နေ့အကြောင်း စာစီစာကုံးရေးတာ ပထမရခဲ့တယ်။ အခုတော့ အာဇာနည်နေ့အထိမ်းအမှတ် ဘာပွဲ ဘာအခမ်းအနားမှ မလုပ်ပေးတော့ပါလား။ ဒီပုံအတိုင်းဆိုလျှင် နောင်ဆယ်နှစ်ကြာလျှင် အာဇာနည်နေ့ဆိုတာလုံးဝပျောက်ကွယ်သွားတော့မည်။ ဘုရား…………ဘုရား။

အာဇာနည်နေ့ကိုမမေ့သွားအောင် ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ။
ကျွန်မတို့ရဲ့မောင်ညီမတွေကို ၁၉၄၇ ဂျူလိုင်လ ၁၉ရက်နေ့က အဖြစ်အပျက်တွေကို ကျွန်မတို့လူငယ်တွေ ပြန်ပြောပြကြရအောင်။ လူထုစည်းလုံးရင် အရာအားလုံးကို အောင်နိုင်ပါလိမ့်မယ်။
အာဇာနည်နေ့မှာ ကျွန်မတို့ဘာတွေလုပ်ခဲ့ကြသလဲ။ အာဇာနည်နေ့မှာ ကျွန်မတို့အနက်ရောင်ဝတ်စုံ ၀တ်ဆင်ခဲ့တယ်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ပေါ့။ဘုရားသွားတယ်။ ဆုတောင်းပေးတယ်။ နောင်နှစ်အာဇာနည်နေ့မှာလည်း တူညီအနက် ထပ်ဝတ်ကြတာပေါ့။

ဘယ်သူသေသေ ငတေမှာရင်ပြီးရော ဆိုတဲ့ ခွေးတိရစ္ဆာန်တွေ၊အောက်ခြေမှာဘာဖြစ်နေတယ်ဆိုတာမသိတဲ့သူတွေ သံသရာတစ်လျှောက် အသေဆိုး ကံကြမ္မာဆိုးနဲ့ကြုံပါစေ။

ရေးသူ – ပန်းရင့်ရောင်

————————————————————————-
Aung San Photo was taken from; http://aklatt2008.multiply.com/photos/album/4/4

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s