MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>NEW BURMA February 26, 2009

Filed under: OTHERS' POEMS,PHOTOS — Nyo Gyi @ 3:10 pm

>“ နယူးဗားမား ”
ချမ်းတိုင်းကျော် (မန္တလေး)


(Photo Title – Night Show of Burma)

(ကမ္ဘာမကြေ… ဗမာပြည်…
ဒါဒို့ပြည်…ဒါဒို့မြေ…ဒို့ပိုင်တဲ့မြေ)
အစချီလိုက်ပြီး…
ကျွန်တော်တွေးတောနေမိတယ်
ဗမာ…ဘာလို့ မြန်မာဖြစ်သွားပါလိမ့်
ရတနာပုံမ်…ဘာလို့ မန္တလေးဖြစ်သွားတာကို
အံ့သြမိနေလေရဲ့
ဗမာဆိုတာ ဗမာပဲပေါ့
ရတနာပုံမ်ဆိုတာ ရတနာပုံမ်ပဲပေါ့
ရှေးလူတွေခေါ်နေကြ ယိုးဒယား
အခု ထိုင်းလင်း လို့ နာမည်ပြောင်းလိုက်တော့
တော်တော်လေး အခြေအနေကောင်းလာတယ်လေ
ဒါဘယ်သူသိသလဲ- ဒါတွေကို ဘယ်သူသိသလဲ
ကုန်းဘောင်ခေတ်စခဲ့တဲ့ အလောင်းမင်းတရားကြီး
ယိုးဒယားကို စစ်နိုင်တော့
အဲ့ဒီအချိန်…အဲ့ဒီကာလ
ဗမာတွေကွ…ဒို့ဗမာဟေ့…လို့ ကြွေးကြော်ကြတာ
ဂုဏ်ကျက်သရေ ရှိလောက်တဲ့ ကြွေးကြော်သံတွေ
ဗမာသား/သူတွေ အော်ဆိုခဲ့တဲ့ သီချင်းသံများ
ရှိနေသ၍…သူတို့ခများ…ဘယ်လို…ဘယ်လို
ငိုကြွေးသံတွေနဲ့ ဒို့ဗမာ့ဘုရင်ကို
လက်ဦးချကာ ထိုင်ရှိခိုးကြပါသေးတယ်
အဲ့ဒါတွေ နှောင်းခဲ့ပါပြီ…ပြီးခဲ့ပါပြီ
ယခု-ကျွန်တော်တို့လည်း ဗမာကို နယူးလို့ တပ်ပေးလိုက်ရင်
နယူးဗားမား ဖြစ်သွားမှာပေါ့
အို…ဘားမား…ဘာလုပ်မှာလဲ ။ ။

ချမ်းတိုင်းကျော် (မန္တလေး)

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s