MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Region of Nile River (BURMA POEM) February 20, 2009

Filed under: OTHERS' POEMS,PHOTOS — Nyo Gyi @ 2:38 pm


(Photo Title – Burma Girls)

“ နိုင်းမြစ်ဝှမ်း ´´

ဒုက္ခကို ရှာဖွေထုဆစ်ကြ
အီဂျစ်ဘုရင်တွေ နိုင်းမြစ်ဝှမ်းမှာ ။

ပိရမစ်ကြီးတွေကို ဖဲ့လိုက်ရင်
သွေးတွေ ထွက်လာမယ်
အံကြိတ်သံတွေ ထွက်လာမယ်
ကျိန်စာသံတွေ ထွက်လာမယ်
ပိရမစ်ကြီးတွေဟာ
ကျောက်တုံးတွေမဟုတ်ကြောင်း
ကျွန်တွေဖြစ်ကြောင်း
သုံ့ပန်းတွေဖြစ်ကြောင်း
လူသားတွေဖြစ်ကြောင်း
ဘ၀တွေဖြစ်ကြောင်း သိရှိလာမယ် ။

ဘ၀တွေဟာ
ပိရမစ်ကြီးမြင့်တက်လာဖို့
ကျောက်တုံးသက်သက်ဖြစ်ခဲ့ကြောင်း
သူတို့လွတ်လပ်မှုဟာ
ပိရမစ်ထဲက ကျောက်တုံးတွေလို
စားရတဲ့အစာဟာ
ကျောက်တုံးတွေရွေ့လျားဖို့
သိမိတဲ့စိတ်ဟာ
ကြာပွတ်ကိုကြောက်တတ်ဖို့ပဲလို့
စာနာစွာဖြင့်
ပိရမစ်ကြီးတွေက ပြောပြလာတယ် ။

ကျွန်တော်တို့ဟာ
လူ့စနစ်တစ်ခုရဲ့ ရလဒ်ဖြစ်ကြောင်း
အတိတ်တစ်ခုရဲ့ သဲလွန်စဖြစ်ကြောင်း
ကျွန်တော်တို့ဟာ ဘာမှ မဟုတ်ကြောင်း
ဒီဘာမှ မဟုတ်တာဖြစ်ဖို့ကိုပဲ
ဘ၀တွေ ထင်းဖြစ်ခဲ့ရ
ရင်ဘတ်တွေ မီးဖိုဖြစ်ခဲ့ရ
ဒါတွေဟာ
အနာကြီးထဲက ပေါက်ထွက်လာတဲ့
ပြည်တွေ ဖြစ်ကြောင်း
ပိရမစ်ကြီးတွေက ပြောပြလာတယ်… ။ ။

လူငြိမ်း

 

One Response to “Region of Nile River (BURMA POEM)”

  1. heininfo Says:

    ဒီကဗျာ ကိုဖတ်ပြီးကျွန်ခေတ်ရဲ့ပြကွက်ထဲရောက်သွားတယ်..
    ပိရမစ်ကြီးတွေရယ် …
    ကျောက်တုံးတွေကိုတရွှေ့ရွှ့သယ်နေကြတဲ့ကျွန်တွေရဲ့ညီးညူသံတွေ…
    ကြာပွတ်သံတွေ…
    သံချင်းခတ်သံတွေနဲ့ဟီးထနေတယ်….

    ဟုတ်တယ် …
    ပိရမစ်ကြီးတွေက
    ကျောက်တုံးတွေမဟုတ်ဘူး…..
    ပိရမစ်ကြီးတွေက
    ကျွန်တွေဖြစ်တယ် …
    သုံ့ပန်းတွေဖြစ်တယ်…
    လူတွေဖြစ်တယ်…
    ပြီးတော့သူတို့ရဲ့ အသွေး အသက် နဲ့ ၀ိဥာဉ် တွေဖြစ်တယ်…..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s