MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

PHADO MANSHAR September 30, 2008

Filed under: OTHERS' POEMS — Nyo Gyi @ 12:57 pm
ဖဒိုမန်းရှာ အတွက် ပန်းခွေ
ဖိုးလှလေး


ဖဒိုမန်းရှာ…
စိတ်ကို အရှို့ ခံလိုက်ရတာဟာ
ကောက်ရိုးမီး မဟုတ်ဘူး
“တက်” ခေါက်လိုက်ရရုံ
ကိုယ့်ရင်ကို ထုပြရုံလောက်နဲ့လည်း
မလုံလောက်နိုင်တော့ဘူး…
အဲဒီ့ မာယာရဲ့  အရင်းအမြစ်က ရှင်းသလို
အဲဒီ့ ကြံစည်မှုရဲ့  ခေါင်းစည်းကိုလည်း
ဒွိဟ ဖြစ်နေစရာ အကြောင်းမရှိ
ဖဒိုမန်းရှာ…
မျက်နှာလွှဲလို့ မရတဲ့ ဖေဖော်ဝါရီ (၁၄)မှာ
(ဗယ်လင်တိုင်း) ပြီးရင်
ထပ်နှမြှောရမှာက ဖဒိုမန်းရှာ
ဆူလွယ်တဲ့ သွေးတွေကြွ
ကြွတက်လို့ …
ဖဒိုမန်းရှာ …
အသက်ပေါင်းများစွာကို…လုပ်ကြံအကြမ်းဖက်ခဲ့တာတွေကိုမှ
ယဉ်ကျေးမှုလို့ ထ,ထ အော်ချင်တဲ့ လောကကို
ဘယ်လိုမှ ယဉ်ကျေးပြလို့ မရတော့
အသိကို ထိုးခွဲခံခဲ့ရတဲ့ နေ့တွေ
ပက်စက်မှုတယောကို
မသိမှု ဘိုးတံနဲ့ ထိုးပြနေတဲ့ အဖြစ်တွေ ကြုံရဦးမယ်
ဖဒိုမန်းရှာ…
ပျော်ရာမှာ နေတိုင်းလည်း မပျော်တော့ဘူး ။
တော်ရာမှာ နေတိုင်းလည်း မတော်တော့ဘူး ။
ပန်းသီးကို လှံစွပ်နဲ့ ထိုးစားချင်သူတွေ
အနုပညာဆန်တယ်ဆိုတာ မယုံဘူး
ဖဒိုမန်းရှာ …
နှုတ်ဆက်ခွဲခွာရခြင်း မဟုတ်တဲ့ အတွက်
သွေးရိုးသားရိုး မဟုတ်တဲ့ သေခြင်းတရားကို
နှုတ်ဆက်ရမှာ အားနာမိ…
ဒါပေမဲ့, ကျုပ်တို့ နှုတ်ဆက်လိုက်ပါတယ်
ဒီမိုကရက်တစ်ရဲ့  လက်ရုံးတစ်ဖက် ဖဒိုမန်းရှာ
ရောက်လေရာ ဘ၀တိုင်း
နောက်တစ်ကြိမ် လုပ်ကြံ သတ်ဖြတ် ခံရခြင်းမှ ကင်းဝေးပါစေ …

ဖိုးလှလေး

———————————————————————————————-

(Poem Photo – http://khinthumyint.blogspot.com/2008/02/blog-post_4835.html)

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s