MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

POEM for SPDC (State Poor and Dangerous Council) January 15, 2008

Filed under: OTHERS' POEMS — Nyo Gyi @ 5:15 pm

“ကိုယ့်လူ…သူ့ဘက်သား”

ဖိုးလမင်း

●တိုင်းပြည်နဲ့ လူမျိုးအတွက်တဲ့လား…?
တော်ပါတော့
ကြားဖူးပေါင်းများလှပါပြီ

●တစ်မျိုးသားလုံး တိုးတက်ရေးဆိုလားပဲ…?
လေပေါမနေပါနဲ့
ဘာမှ မမြင်ရသေးဘူး

●ငတ်လို့သေတဲ့ မသာ မရှိဘူး ဆိုကွ…?
ကြားလို့တော့ ကောင်းပါရဲ့
ပြတ်လို့သေသွားတဲ့ ဘ၀တွေကတော့ ဒုနဲ့ဒေး

●မြစ်ကူးတံတားတွေကို လက်ညှိုးထိုးပြဦးမလို့လား…?
အိပ်ကပ်ထဲက တစ်ထောင်တန်ယူပြီး နေကြာစေ့တစ်ထုပ်ဝယ်လာပေးတာပါ
ငါတော့ မပျော်တတ်ဘူး သူငယ်ချင်း…

●တစ်ချိန်မှာ
သမိုင်းက မေးလာလိမ့်မယ်
ပြည်သူ့ တပ်မတော်လား…?
ဘဘတို့ တပ်မတော်လား…?

●ခွာသံပေးတတ်ရုံလေးနဲ့တော့
ငါတို့ ပြည်သူရဲ့ မေတ္တာ
မလိုချင်ပါနဲ့ဦးကွာ…။ ။

ဖိုးလမင်း
(၉၊ ၁၊ ၂၀၀၈)

(မှတ်ချက်- ယခုခေတ် မြန်မာပြည် နေကြာစေ့ တစ်ထုပ် (အလွန်ဆုံး) ၃၀၀ ကျပ်ခန့်သာရှိ – ညိုကြီး)

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s