MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

A POEM of KINDNESS January 14, 2008

Filed under: MY POEMS,SEPTEMBER GOLDEN REVOLUTION — Nyo Gyi @ 4:44 pm
“မေတ္တာသည်သာ…”
ညိုကြီး
(ကိုထိုက်ဘလော့ဂ်မှ ကာတွန်းပုံ ရယူပါသည်)


လူအချင်းအချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ…
ဆရာတော်သံဃာများက မေတ္တာတော်တွေပို့ဝေ…
ရရောရပါလေရဲ့လား…
မေတ္တာဓာတ်ကို
သေနတ်နဲ့ ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား…
မေတ္တာတရားကို
တုတ်၊ ဓားလက်နက်တွေနဲ့ ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား…
မေတ္တာစိတ်နှလုံးကို
မျက်ရည်ယိုဗုံးသုံးပြီး ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား…
နိုင်ငံရေးဆိုတာမှာ
အသက်၊ သွေး၊ ချွေး…တွေဟာလည်း အရင်းခံပေါ့
အနင်းခံ၊ အဖိခံ ပြည်သူတွေအတွက်တော့
သေရတာက နေရတာထက်တောင် ပိုကောင်းနေသလိုလို…။

ငါစံ နင်ခံ တရားတွေ ကြီးစိုး
တုတ်၊ ဓား၊ သေနတ်မိုးတွေ ကြီးစိုး
ခေတ်ကလည်း ခေတ်ဆိုး…။

ကဲ… အခုတော့
ဗုံးမိုးတွေ တအုံးအုံးရွာချ (ဟိုနေရာ၊ ဒီနေရာ…)
သေရတဲ့သူတွေ လွတ်မြောက်လမ်းပွင့်
နေခဲ့ရတဲ့ငါတို့မှာဖြင့်…
ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားကြမလဲ…
ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားရမလဲ…
မေးခွန်းများနဲ့အိပ်မက်တွေကိုပဲ ဆက်မက်ရမလို။ ။

ညိုကြီး

 

Leave a comment