မန္တလေးအိုးဘိုထောင်ရှေ့ မြင်ကွင်းများ
(Friday 13, January, 2012)
http://www.facebook.com/v/349201505090115
မန္တလေးအိုးဘိုထောင်ရှေ့ မြင်ကွင်းများ
(Friday 13, January, 2012)
http://www.facebook.com/v/349201505090115
| From Peace |
ဘ၀အလင်းပရဟိတက ဦးဆောင်ပြီး ကချင်ဒေသ စစ်ဒုက္ခသည်များအတွက် အလှူကောက်ခံနေရာ စုစုပေါင်း ကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးနှင့် အ၀တ်အထည်များ၊ ဆေးဝါးများ၊ ကျောင်းသုံးပစ္စည်းများရရှိနေပြီဆိုပါတယ်။
ဘ၀အလင်းပရဟိတအသင်းအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့နဲ့အတူ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ စစ်ဒုက္ခသည်များကို ကူညီရန် ထွက်ခွာမှာဖြစ်ပါတယ်။
စစ်ဘေးဒဏ်သင့် ကချင်ပြည်နယ်ရောက်တဲ့အခါ အတူစုပေါင်းခရီးထွက်လာသော ပရဟိတအသင်းများအနေနဲ့ မိမိတို့လှူဒါန်းရန်သတ်မှတ်ထားသည့် အရပ်ဒေသများအသီးသီးသို့ သီးခြား သွားရောက်လှူဒါန်းကြမှာ ဖြစ်ကြောင်း သိရပါတယ်။
ညိုကြီး
——————————
![]() |
| From Peace |
![]() |
| From Peace |
ဦးဥတ္တမသာရ – 09 2035936
ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဖန်ချက်တန်းကျောင်း၊ မန္တလေး။
ကိုပေါင်ချိန် (ခ) ကိုသက်ဦးမောင် – 09 2023218
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။
ကိုတာတာ – 09 47133332
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။
ကိုဇော်မင်းခိုင် – 09 2002024
စိမ်းနုဝါကျောက်မျက်ရောင်းဝယ်ရေး၊ မန္တလေး။
ကိုမြင့်သန်း – 09 2055755
အကွက်(၂၇၆)၊ ရှမ်းဝိုင်းရပ်၊ မန္တလေး။
(၃၀၊ နိုဝင်ဘာ၊ ၂၀၁၁)
![]() |
| From Peace |
အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ ၈၂ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားရှိ ရွှေနှလုံးတော် ကာသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် (၃၀၊ ၁၁၊ ၂၀၁၁) နေ့လည် ၂ နာရီမှ ၄ နာရီကျော်ခန့်အထိ ကျင်းပခဲ့ပါသည်။
![]() |
| From Peace |
အခမ်းအနားအစီအစဉ်များ
၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ ဆုတောင်းပွဲပြုလုပ်ရခြင်းအကြောင်းတင်ပြခြင်း – ဆရာတော်အရှင်ဦးစိန္တိတ (အာရှအလင်းရောင် ဆရာတော်)
၃။ အစ္စလာမ်မစ်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၎။ ဘဟာအီဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၅။ ဗုဒ္ဓဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၆။ ဟိန္ဒူသာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၇။ ခရစ်ယာန်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၈။ အလှူငွေ လှူဒါန်းမည့်လုပ်ငန်းအစီအစဉ်တင်ပြခြင်း
၉။ အလှူငွေ ကောက်ခံခြင်း
၁၀။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း
မှတ်ချက်။
အခမ်းအနားပြီးဆုံးပါက သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအသီးသီးမှ အမှုဆောင်လူကြီးများ အစည်းအဝေးကျင်းပခြင်း အစီအစဉ် ဆက်လက်ပြုလုပ်ပါမည်။
![]() |
| From Peace |
တက်ရောက်သော အဖွဲ့အစည်းများ
အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ YMCA၊ ဘဟာအီဘာသာမှ တာဝန်ရှိသူများ၊ မန္တလေးကရုဏာ၊ ပုလဲပရဟိတ၊ မဟာမြိုင် လူမှုကူညီရေးအသင်း၊ ဇနသုခ ရေသန့်အလှူတော်၊ ကရင်နှစ်ခြင်းခရစ်ယာန်၊ ကချင်နှစ်ခြင်းခရစ်ယာန်၊ ယေဇူးရွှေနှလုံးတော်၊ ရခိုင်သဟာရ၊ မက်သဒစ်အသင်းတော်(အထက်မြန်မာပြည်)၊ YSCM၊ ချမ်းမြမေတ္တာလူမှုကူညီရေး၊ အစ္စလာမ်ဘာသာမှ တာဝန်ရှိသူများ၊ လောကပါလလူမှုရေး၊ ရတနာမွန်သွေးလှူရှင်အသင်း၊ ဗိသုကာလူမှုရေး၊ စိတ္တသုခလူမှုကူညီရေး၊ ဟိန္ဒူဘာသာမှ တာဝန်ရှိသူများ၊ ကလေးချစ်သူများကွန်ယက်၊ လွတ်လပ်သောသူငယ်ချင်းများအင်အားစု၊ ရတနာ့မေတ္တာ၊ မြင့်မြတ်ဧရာဝတီ
![]() |
| From Peace |
စစ်ဒုက္ခသည်များထံ သွားရောက်လှူဒါန်းမည်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်အတွင်း စစ်မက်ဖြစ်ပွားလျက်ရှိသော ကချင်ဒေသရှိ စစ်ဘေးဒဏ်သင့်ဒုက္ခသည်များကို မန္တလေးမြို့၊ ဘာသာပေါင်းစုံကရုဏာရှင်များအဖွဲ့က အကူအညီများသွားရောက် ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
စစ်ဒုက္ခသည်များအတွက် တတ်အားသမျှ ပါဝင်လှူဒါန်းကြရန် နှိုးဆော်လိုက်ရပါသည်။
ညိုကြီး
——————–
Video File
မန္တလေး၊ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှ ငြိမ်းချမ်းရေးတောင်းဆိုပွဲ
နိုဝင်ဘာ ၂၄၊ ၂၀၁၁ (ကြာသပတေးနေ့)
| From Peace |
စာရေးဆရာများဖြစ်ကြသော
၁။ ညီပုလေး
၂။ ဆူးငှက်
၃။ ညီစေမင်း
တို့က တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ရပ်စဲရေးအကြောင်းများ ဟောပြောခဲ့ပါတယ်။
| From Peace |
၁။ သွေးချင်းညီအကိုများအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ပေးပါ
၂။ ပြည်တွင်းစစ်ကို ရပ်ပေးပါ
၃။ ဗမာ = ကချင်
ဟူသော စာတမ်းများကိုင်ဆောင်ကာ
“စစ်ဟူသည် နိုင်သူလည်း ဒုက္ခရောက်၏။
ရှုံးသူလည်း ဒုက္ခရောက်၏။
အမြန်ဆုံး ရပ်ပေးပါ။”
ဟူသော ငြိမ်းချမ်းရေးတောင်းဆိုကြွေးကြော်သံများရွတ်ဆိုခဲ့ပါတယ်။
ညိုကြီး
![]() |
| From Peace |
![]() |
| From Peace |
Video Clip
https://www.facebook.com/video/video.php?v=316117248398541
>
ပြည်ထောင်စုအသံ
ပြည်ထောင်စုဆိုတာ…
အာဏာရှင်တွေက တစ်တိုင်းပြည်လုံးကို ထောင်လိုစုပြီး သိမ်းပိုက်ထားခြင်းလား
အမေစု ပြန်လည်တည်ထောင်ရမယ့် တိုင်းပြည်ကို ဆိုလိုသလား
ဖေဖော်ဝါရီ ၁၂…
လွန်ခဲ့သော ၁၉၄၇ ခုနှစ်က
ပင်လုံမှာ အောင်ဆန်း စုစည်းခဲ့တဲ့ စိတ်ဓာတ်
ကနေ့ ၂၀၁၁ ခုနှစ်မှာ အမေစု ပြန်လည်စုစည်းရမယ့် စိတ်ဓာတ် ။
တူနီးရှား၊ အီဂျစ်…
အာဏာရှင်တွေ လဲပြိုရတဲ့ ဒိုမီနိုဖြစ်စဉ်
တို့ဗမာပြည်ကို ခုချက်ချင်း လှမ်းဝင်ခဲ့ပါတော့
ပြည်ထောင်စုနေ့ ဖိတ်ခေါ်သံ
အာဏာရှင်တွေအတွက် တော်လည်းငလျင်သံ…။ ။
ညိုကြီး
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၁၁
(၆၄ နှစ်မြောက် ပြည်ထောင်စုနေ့)
(၉၆ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁ ရက်အလို ရေးဖွဲ့သည်)
———————————————-
ပူးတွဲပါ ဓာတ်ပုံကို Ko Wild (http://www.facebook.com/ko.wild)ထံမှ ရယူပါသည်။
(ပုံကြီးမြင်ရရန် ပုံပေါ် ကလစ်နှိပ်ကြည့်ပါ)
မြန်မာပြည်က ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်တွေဟာ သက်ဦး
ဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆလို့ရနိုင်ပြီး ဒီကနေ့အထိလည်း စဉ်ဆက်မပြတ်
သက်ရောက်နေသေးကာ လူတန်းစားအဆင့်ဆင့် တုံးအောက်ကဖားတွေလို ပြားနေကြရတာ
ခံစားတတ်သူ့ ပုထုဇဉ်တွေအတွက်တော့ စိတ်မကောင်းစရာပါ။
အသက်၊ သွေး၊ ချွေး နဲ့ မျက်ရည်ပင်လယ်တွေလည်း ဝေနေခဲ့ကြရတာ ထောင်စုနှစ်တစ်ခုတောင်
ပြည့်ဖို့ သိပ်မလိုတော့ပါဘူး။ ဝမ်းနည်းကြေကွဲစရာ၊ ခံပြင်းဒေါသထွက်စရာ၊ အံသြတုန်လှုပ်စရာ
တွေနဲ့ ရှက်ရွံ့စရာတွေ မရေတွက်နိုင်လောက်အောင်ပဲ ဖြတ်သန်းခဲ့ပြီးပေမယ့် မက်စရာ လုပ်ပိုင်ခွင့်
အာဏာနဲ့ (လူထုဘဝမှာ အခရာကျတဲ့) သတင်းကဏ္ဍကို ချုပ်ကိုင်ချယ်လှယ်ပြီး “တိုင်းပြည်
အတွက်” ဆိုတဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားဟောင်းကိုဆက်ဖွင့်ရင်း လိုရာကိုဆက်ဆွဲ နေခဲ့ကြတာလည်း အဆုံးဆိုတာ မမြင်နိုင်လောက်အောင်ပါ။
“သောင်းကျန်းသူ၊ သူပုန်” တွေလို့ နာမည်တပ်ပြီး မိသားစုတွေ အားလုံးနဲ့ပေါင်းမှ ၃-၄ ထောင်
လောက်သာသာ အရေအတွက်ရှိတယ်လို့ ဆိုတဲ့တိုင်းရင်းသားအဖွဲ့တွေဟာ ဒီကနေ့အထိ
“စွမ်းစွမ်းတမံ ချေမှုန်း” ခံနေခဲ့ကြရတာတောင် လျော့မသွားပဲ ပိုတိုးလာခဲ့ကြတာ “ဆန်းကျယ်တယ်”
လို့များ ဆိုကြရလေမလား။ မဟုတ်ရင်လည်း ဝါဒဖြန့်ချီရေးတွေရဲ့ မအောင်မြင်တဲ့လုပ်ဇာတ်တစ်ခု
ဖုံးလို့မရ ဖိလို့မနိုင် ဖြစ်သွားခဲ့လား။
“ရဲသော်မသေ သေသော်ငရဲမလား” သံပြိုင်သီချင်းတွေဆိုပြီး အစီး ၃-၄၀ သော ကားတန်းတွေနဲ့
“တရားသောစစ်” ကိုဆင်နွဲဖို့ ထွက်သွားရာက ၄-၅ စီးလောက်နဲ့ ချောက်ချက်ဖြစ်နေတဲ့ စစ်သည်
တွေ ပြန်တင်လာတဲ့ အပြန်ခရီးတွေကို မြို့ကြီးများပေါ်က အသွားတုံးက အောင်သပြေနဲ့ ပန်းကုံး
တွေ စွပ်ပေးခဲ့သူများ မမြင်မိကြတာလား၊ မဟုတ်ရင်လည်း မမြင်ချင်ကြတာလား။
နှစ်စဉ်ထောင်နဲ့ချီတဲ့ တိုက်ပွဲတွေနဲ့ မရေတွက်နိုင်တဲ့ အသက်ဆုံးရှူံးမှုတွေဟာ တနိုင်ငံလုံး ဆင်းရဲ
ချွတ်ခြုံကျမှုနဲ့ အမုန်းတွေပြည့်လျှံနေတဲ့ သောင်း၊ သိန်းမကတဲ့ စိတ်နှလုံးတွေကို မွေးထုတ်ပေးဖို့
အာမခံချက်တွေပါ။
“သူပုန်တွေက ရဲဘော်တွေကို သေနတ်နဲ့တောင်မပစ်ပဲ လက်ဗလာနဲ့တင် တက်ဖမ်းကြတယ်” ဆိုတဲ့
သတင်းမျိုးတွေဟာ တိုင်းရင်းသားတွေမှာ ဘယ်လောက်အထိ အမုန်းတရားတွေ လောင်မျိုက်
အောင် အလုပ်ခံခဲ့ကြရသလဲဆိုတာ တွေးမိနိုင်ဖို့ အကြောင်းရင်းတစ်ခု ဖြစ်မလာနိုင်ရင်တော့လည်း အနာဂါတ်ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်သိပ်မရှိနိုင်ပါ။
မြို့ပေါ်မှာ လမ်းမတွေပေါ် ပင်ပင်ပန်းပန်း ဝမ်းစာဖွေရှာ စားနေကြရချိန်မှာ၊ တောထဲကမောင်နှမ
တွေဟာ အကြောက်တရားအပြည့်နဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေစားနေကြရတာ သိစေလိုပါတယ်။
ရပ်ကွက်ထဲ အချို့သောမိခင်တွေ သူတို့ရဲ့ စစ်ထွက်သားမောင်များအတွက် အပူသောကတွေဝေနေ
ချိန်မှာ ဟိုအဝေး တောင်ကုန်းပြာပြာတွေပေါ်က အမှောင်ထဲမှာ စမ်းတဝါးဝါး တစ်တီတူးများလို
မလုံခြုံတဲ့စိတ်နဲ့ ပုန်းအောင်းအိပ်စက်နေရသူတွေက ဒုနဲ့ဒေးပါ။ ဆေးပေးခန်းမှာ စုတ်ပြဲနေတဲ့
ငွေစက္ကူတွေနဲ့ လူတစ်ချို့ စောင့်ဆိုင်းနေကြရချိန်မှာ သစ်ပင်၊ ဝါးပင်အောက် စမ်းရေကိုဆေးလုပ်
သောက် နေကြသူတွေ မရေတွက်နိုင်လောက်အောင်ပါပဲ။
ဒါတွေဖြစ်အောင် ဖန်တီးခဲ့ကြသူတွေအတွက် သာယာယစ်မူးမှုတွေ ရရှိနေကြသလား မသေချာ
ပေမယ့် အကျိုးဆက်တွေကို ကိုယ်တိုင်ခံစားနေရသူတွေအတွက်တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်းဟာ
လောကငရဲထဲက အချိန်ကာလတွေပါ။
ခုချိန်မှာ တနိုင်ငံလုံး သံသယရှိစရာ ဗုံးတွေပေါက်နေတာ ကြားလာကြရပြန်ပါပြီ်။ စစ်ရေးပြင် တိုက်ပွဲ
ခေါ်သံတွေဆိုတာ ထပ်ပြီးပြောပြစရာတောင် လိုတော့မယ် မထင်ပါ။
ပြတ်ပြတ်သားသား ပြောချင်တာကတော့ “ဒီရူးသွပ်မှုတွေကို ရပ်တန်းက ရပ်လိုက်ကြ
ပါတော့” ဆိုတာပါပဲ။
ဝင်စေဖို့နဲ့ ဒီဖြစ်စဉ်ကြီးကို ရပ်တန့်အောင်လုပ်ဖို့ တတ်စွမ်းနိုင်သူများကို တောင်းဆိုနေတာပါ။
သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီပါစေနဲ့တော့။
မန်းကိုကို
၂၉၊ ၀၄၊ ၂၀၁၀
Burma Labour Solidarity Organization
P.O Box 119, Mae Sot, Tak 63110, Thailand Ph: 66 55 547 376
E-mail: tdoke88@cscoms.com
ရန်ကုန်မြို့ ရှိ စက်ရုံများမှ အထည်ချုပ် အလုပ်သမားများ၏ ဆန္ဒပြ သပိတ်မှောက်ခြင်းများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်
2010 Burmese Labor Strike – Burmese
———————————————-
BLSO – statement pertaining to labor strikes at the Industrial Zones in Rangoon, Burma
20th February 2010
တစ်ပတ်လောက်အတွင်း (အင်တာနက်)မှာ (ဂျကာတာ ကွန်ဖရင့်)နဲ့ပတ်သက်ပြီး ရေးနေကြတာတချို့ကို ဖတ်ရပါတယ်။ အပြုသဘောတွေကို ကျေးဇူးတင်ရမှာပါ။ တကယ်လို့ “Proposal for National Reconciliation” ဆိုတာကို ထုတ်ပြန်ခဲ့တဲ့ Movement for Democracy and Rights of Ethnic Nationalities ရဲ့ အစည်းအဝေးကိစ္စမှာ မရှင်းတာလေးတွေ ရှိနေပါရင် ကျွန်တော် ဒီလို ပြန်လည်ရေးသား အစီရင်ခံပါရစေ။
(ဂျကာတာ)ကွန်ဖရင့်ပြီးရင် ဥရောပကွန်ဖရင့်တခု ရှိသေးတယ်ဆိုတာကိုတော့ ရိုးရိုးသားသားပြောရရင် ကျွန်တော် အခုထိ မသိသေးပါ။ အဲဒီကွန်ဖရင့်မှာ အန်စီဂျီယူဘီ၊ အန်စီယူဘီ၊ အီးအန်စီ၊ အပြင် တတိယအုပ်စုပါမယ်ဆိုတာလည်း မသိပါ။
အတိအကျ သိတာကိုသာ ရေးပါမယ်။ ဂျကာတာမှာ လုပ်ခဲ့တာက NCGUB, NCUB, ENC, WLB, FDB, SYCB နဲ့ NYF ဆိုတဲ့ ညွန့်ပေါင်းအဖွဲ့ (၇)ဖွဲ့ဖြစ်ကြပါတယ်။ ဒီခုနစ်ဖွဲ့လုံးဟာ သိပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူ ညီမျှမှု၊ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ ဗျူဟာပိုင်းမှာ တူညီကြပါတယ်။ နောက်ပြီး၊ (ဆန်ရှင်)ကိစ္စမှာလည်း တူကြသလို၊ ၂၀၀၈-၂၀၁၀ မှာလည်း တူကြပါတယ်။ တူတယ်ဆိုတာထက် တွဲလုပ်နေကြတာမို့ နားလည်မှုတွေ အထူးရှိကြတာကို ပြောချင်တာပါ။
တတိယအုပ်စုဆိုတာ ဘယ်ဟာကို ရည်ညွှန်းလဲ တိတိကျကျ မမှန်းတတ်ပါ။ တကယ်လို့ စစ်အုပ်စုမဟုတ်ပေမဲ့ (ဆန်ရှင်)၊ ဖွံ့ဖြိုးရေး၊ ၂၀၁၀ ဆိုတာတွေမှာ ကျွန်တော်တို့နဲ့ မတူသူများကို တတိယလို့ ခေါ်မယ်ဆိုရင်ဖြင့် (ဂျကာတာ)မှာ သူတို့ မပါပါခင်ဗျား။ သိတဲ့အတိုင်း မြန်မာရေဒီယိုတွေက မတူဘူးထင်သူတွေကို တွဲထုတ်ပေးတာ ခေတ်စားနေတာမို့ သူတို့တတွေနဲ့ ရေဒီယိုတွေမှာ အတူတူ စကားပြောချင်ပြောပါမယ်။ ဘုံလုပ်ငန်းတခု ချရေးမှာတော့ သူတို့မပါပါ။ သူတို့လုပ်လည်း ကျွန်တော်တို့ကို ခေါ်မှာ မဟုတ်ပါ။ အတိုက်အခံတွေ မညီညွတ်ဘူးလို့ပြောလဲ ခံနေရဦးမှာပါ။
(ဂျကာတာ)ကနေ ညီညွတ်မှုတစ်ခု ရတာပါ။ အနိမ့်ဆုံးအားဖြင့် နိုင်ငံတကာရောင်းကုန်တစ်ခုကို တညီတညွတ် ထုတ်လုပ်ခဲ့ကြတာပါ။ ၀ယ်တာ၊ မ၀ယ်တာက နောက်မေးခွန်းတစ်ခု ဖြစ်ပါမယ်။ နိုင်ငံရေးစေတနာပါပါ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ (အာစီယံ)ထဲသွားထိုင်ပြီး အသံထွက်ခဲ့ကြတာလည်း ဖြစ်ပါသေးတယ်။ တစ်ဖွဲ့မှာ တစ်ခုစီလောက် (ရုပ်မက်) တို့ အသွင်ကူးပြောင်းရေး အစီအစဉ်ဆိုတာတွေ ရှိနေတဲ့အထဲ၊ (အနည်းဆုံးတော့) ဒီအဖွဲ့အစည်းတွေကဖြင့် တခုထဲ ဒါပါလို့ ပြောနိုင်တဲ့ အဆင့်တခုကို ရောက်ခဲ့တာပါ။
“ကိုယ်မကြိုက်တာတော့ သိတယ် ကိုယ်ကြိုက်တာကိုယ် မသိဘူး” လို့ အထင်ခံနေရာကနေ “ကျုပ်တို့မှာ ဒီအမြင်တွေ အတူတကွ ရှိကြတယ်”လို့ ပြောနိုင်လာတာ ဖြစ်ပါသေးတယ်။ ကျွန်တော်တို့အတွက် သက်သက်မဟုတ် အုပ်စိုးသူများလဲ ပါဝင်နိုင်တဲ့ အစီအစဉ်တရပ်ကို တင်ပြတာမို့ ဒီအဆိုပြုချက်ဟာ အဖြစ်ချင်ဆုံး (အိုင်ဒီးလ်)တွေတော့ မဟုတ်ပါ ခင်ဗျား။
ခုနစ်ဖွဲ့ဟာ “အားလုံး” လို့ မပြောပါ။ ကနေ့ကာလ အခင်းအကျင်းအရ လူဘယ်လောက်များများ တနေရာထဲ စုလို့ရမှာလဲ။ ပြည်တွင်းမှာသာမက အပြင်မှာလဲ အခြေအနေက ပေးတာမဟုတ်ပါ။ (၇)ဖွဲ့ကိုတောင် အချိန်၊ အရင်းအမြစ်နဲ့ သန္နိဋ္ဌာန်တွေ အတော်ကြီး စုစည်းခဲ့ရတာပါ။ ဒီလိုစုစည်းနိုင်တာထက် ပိုကျယ်ပြန့်တာမျိုး ဖြစ်နိုင်ရင် ဘယ်သူကမဆို ကြိုဆိုကြမယ် ထင်ပါတယ်။ (၇)ဖွဲ့ကလဲ ဒို့ချည်းဘဲကွ မဟုတ်ပါ။ ဆက်လုပ်ရာ၊ တွဲလုပ်စရာတွေ တလှေကြီး ရှိပါသေးတယ်။
အခုထိတော့ ထုတ်ပြောလို့ရမဲ့ အဖွဲ့တွေထက်ပိုပြီး တိုင်ပင်ညှိနှိုင်းတာတွေ လုပ်ထားပြီးပါပြီ။ သဘောထားရယူတာတွေ၊ ဖြည့်စွက်ချက်တွေလဲ ပါသွားပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လက အစပျိုးအဖွဲ့အစည်းရဲ့ မူကြမ်းဟာ အခုလောက်ထိ မပြည့်စုံခဲ့ပါ။
နောင်လည်း ပိုပြည့်စုံတဲ့တိုင်အောင် မစွံတဲ့ရောင်းကုန်ဖြစ်ဖို့က အများကြီး ဖြစ်နိုင်ပါတယ်။ စစ်အုပ်စုအပါအ၀င် (စတိတ်-ဟိုးလ်ဒါး) လို့ ခေါ်သူအားလုံး ပါပြီး၊ အတူတူထိုင်ဆွဲတာမျိုးဖြစ်မှ စွန်မှာပါ။ အဲဒီအဆင့် မရောက်နိုင်မီ အတူတကွ ထိုင်နိုင်ကြသူများကနေ အကျယ်ပြန့်ဆုံး အစီအစဉ်တစ်ခုကို တင်ပြလိုက်ကြတာဖြစ်ပါတယ်။
အရင်က မရှိသေးတာတစ်ခုကို စလုပ်တာဟာ သမိုင်းတွင်တယ်လို့ဆိုရင် (ဂျကာတာ)ဟာ သမိုင်းလေးတခုပါ။ အချိန်ကောင်းတော့ ဟုတ်မသွားပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်မှု လုပ်လိုက်တာနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အဆိုပြုချက်ဟာ တစ်ချိန်တည်းဆိုသလို ထွက်ခဲ့ရပါတယ်။ တဖက်က အာဃာတ ကြီးမားဆဲကာလမှာ အပြုသဘောဆောင် တင်ပြချက်လုပ်တာဟာ အားနည်းချက်လို့ မယူဆစေလိုပါ။ ကျွန်တော်တို့ ကံမကောင်းဖြစ်ဆဲပါ။
၂၀၀၃ (ရုပ်မက်)ကလွဲရင် ဘာမှ မရှိတော့ဘူးဆိုသူများ စိတ်ဝင်စားလာစေချင်ပါတယ်။ သိချင်-ဖြည့်ချင်-ပါချင်သူများ ရှိလာရင် တွေ့ဆုံ ဆွေးနွေးရေးတစ်ခု ရလာတာပဲ ဖြစ်ပါမယ်။ ကြားကနေ သွားပြောမဲ့သူများကလည်း တဖက်က “ဒါ” ရှိတယ်လို့ သယ်သွားစေဖို့လည်း မှန်းပါတယ်။
ကိုယ်လုပ်ရမယ့်အလုပ်ကို စိတ်ကောင်းစေတနာ မှန်မှန်နဲ့ မဆုပ်မနစ် လုပ်နေကြသူတွေကို လေးစားပါတယ်ခင်ဗျား။
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၉/၂၀၀၉)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
လူထုကို စည်းရုံးလှုံ့ဆော်ရှေ့ဆောင်ရန် အချိန်ကျရောက်နေပါပြီ
(၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်)
DPNS Commentary 9 2009 http://d.scribd.com/ScribdViewer.swf?document_id=18570752&access_key=key-20akqv6a3xekh9hium8&page=1&version=1&viewMode=
Recent Comments