ဒီနေ့ရက်…
ဘိုးဘွားတွေရဲ့ သွေးချွေးတွေနဲ့ ထုဆစ်ခဲ့တဲ့
ဒီနေ့ရက်…
အခုတော့များ ဒီနေ့ရက်ဟာ…
ရေပေါ်ဆီသမားတွေရဲ့ အပေါ်ယံအယားဖျောက်မှုကြောင့်
အခုတော့များ ဒီနေ့ရက်ဟာ…
ပြက္ခဒိန်ပေါ်က နာမည်ခံအဖြစ်သာ ကျန်ခဲ့ပြီ။
ဖေဖော်ဝါရီ (၁၄) တဲ့…
မိ-မစစ် ဖ-မစစ် ချစ်သူများနေ့ ကတောင်
တစ်သားမွေး တစ်သွေးလှလှ ဖြစ်လို့
အခုတော့ ငါကိုယ်တိုင်တောင်
စွယ်စုံကျမ်းကြီး လှန်ကြည့်ရတော့မယ်…။ ။
Recent Comments