MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

23th Anniversary of 8888 Revolution will be held in Mandalay August 6, 2011

Filed under: DAYS TOPICS,MY NEWS,PHOTOS,Uncategorized — Nyo Gyi @ 1:54 pm

မန္တလေး၌ ရှစ်လေးလုံး (၂၃)နှစ်မြောက်အထိမ်းအမှတ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည်

အာဏာရှင်နေ၀င်းအဆိုးရကို ဖြုတ်ချနိုင်ခဲ့သော သမိုင်းဝင် ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယခု ၂၀၁၁ ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်တွင် (၂၃)နှစ်ပြည့်မြောက်မည်ဖြစ်သည်။

ရှစ်လေးလုံး (၂၃)နှစ်မြောက် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ခံ ဒီမိုကရေစီဘက်တော်သားများကကြီးမှူးပြီး (၈၊ ၈၊ ၂၀၁၁)ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းတိုက်၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

ယင်းရှစ်လေးလုံးအမှတ်တရ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကုသိုလ်အရေး၊ ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်ကာ ပါဝင်ကုသိုလ်ယူနိုင်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ ကြားသိရသည်။

ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ၅၅ လမ်း၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြား၌ တည်ရှိပြီး အဆိုပါကျောင်းတိုက်တွင် ဘုန်းကြီးသင်ပညာရေးကျောင်းနှင့် အခမဲ့ပရဟိတ ဆေးခန်းများ တည်ထောင်ထားကြောင်းလည်း သိရပါသည်။ ။

(ဖိတ်စာကို ပူးတွဲ ဖော်ပြလိုက်ပါသည်)

ညိုကြီး

 

AWAY November 9, 2009

Filed under: Uncategorized — Nyo Gyi @ 5:30 am

ဝေး… ဝေး…

အဝေး.. ဆိုတဲ့စကားလုံး
ထိထိမိမိ ဝေးတော့မှ
ဆတ်ဆတ်ခါအောင်နာရ ။

မိဝေး ဖဝေး
တနယ် တကျေး
ကျနော် ဝေးခဲ့တဲ့ ရွာ
အမေ…ညီမလေးတွေ သူငယ်ချင်းတွေ
ဝေးကွာခြင်းမှာ အဓိပ္ပာယ် ဖွင့်ခံလိုက်ရပြီ ။

တမြေ့မြေ့ စိတ်မှာ
ထိချက်တွေများလွန်းတော့
တချက်တချက် မူးမေ့ သွားအောင် အလွန်အကျွံ တွေထဲမှာ စွဲနှစ်
ကံကြမ္မာဆိုတာလည်း တစ်ကြောင်းစွဲမျဉ်းတွေမှာ ပြေးဝင်

ဘယ်လောက်ဆိုးလိုက်လဲ
ဒီကြားထဲမှာ
နေရစ်လို့ မပြောခဲ့ဘဲ
ကျန်ရစ်ခဲ့တာလေ။

ရွှေညို

 

A Fundraiser for Burma: Burmese Food Fair and Ethnic cultural Dance November 8, 2009

Filed under: Uncategorized — Nyo Gyi @ 11:50 pm

Let Help Burma

 

BUDDHA’S NUCLEAR POWER October 5, 2009

Filed under: Uncategorized — Nyo Gyi @ 6:38 am

စစ်အာဏာရှင်ကို သံဃာတွေတိုက်နိုင်တဲ့နည်းနဲ့တိုက်နေပြီ…။ ဗုဒ္ဓပေးခဲ့တဲ့
နယူကလီးယားပဲ။

မိတ်ဆွေတို့

ဒေလီမြို့က မြန်မာသံဃာတော်တွေ ကံဆောင်ပွဲပုံပါ၊ သီတင်းကျွတ်လပြည့် (၃၊
၁၀၊ ၂၀၀၉) နေ့က လုပ်ပါတယ်၊

လွတ်လပ်စွာ အသုံးပြုနိုင်သည်။ အညာနွေ တမာမြေဘလော့မှာ တင်ပြီးဖြစ်ပါတယ်၊
အညာနွေမှ ပေးပို့ပေးသည်လို့ ရေးချင်ရင်လည်း ရေးနိုင်ပါတယ်၊

လေးစားလျက်..

ဇာနည်
အညာနွေ တမာမြေ

 

BEWARE OF MILITARY DOGS in MYANMAR! September 29, 2009

Filed under: Uncategorized — Nyo Gyi @ 3:28 pm

သတိ ခွေးကိုက်တတ်သည်
(Dr Che Burma)

စက်တင်ဘာ နှစ်ပတ်လည် ရာသီ
ထောက်ခွေးများ အရမ်းသောင်းကျန်းနေ၏
သတိထားပါ
ကံမကောင်းက ခွေးအကိုက် ခံရနိုင်ပါသည် ။

နှစ်ကြီးနိုင်ငံရေးအကျဉ်းကျဟော

င်းအနည်းငယ်မျှကိုသာ
ခေတ္တလွှတ်ပေးလိုက်ပြီး
ထောင်လူလဲလှယ်ရေး အစီအစဉ်အရ
တော်လှန်လူသစ်များစွာကို ဆက်လက်ဖမ်းဆီးလျက်ရှိပါသည် ။

စက်တင်ဘာကို ကြောက်၍သော်လည်းကောင်း
၂၀၁၀ မတိုင်ခင် ရှင်းလင်းသုတ်သင်ထားသည့် အနေနှင့်လည်းကောင်း
ပြည်သူ့အရေးတက်ကြွလှုပ်ရှားတတ်သူများစွာကို
စစ်အဆိုးရ ထောက်ခွေးများက
အတင်းကာရော ပိုးစိုးပက်စက် လိုက်လံ ဖမ်းဆီးလျက်ရှိပါသည် ။

ယခုကာလအတွင်း
ရန်ကုန်၊ မန္တလေး၊ ပြည်၊ မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး အစရှိသဖြင့်မြို့များမှ
တော်လှန် တက်ကြွ မှန်ကန် လူငယ်/လတ်/ကြီးများစွာ
မတရားဘဲ အဖမ်းခံခဲ့ရပြီး ဖြစ်ပါသည်
အချို့တော်လှန်လူများမှာလည်း ပုန်းလျှိုး/ကွယ်လျှိုး/ပြေးလျှိုးနေ- နေရလျက်ရှိပါသည် ။

ထိုသည့်အခိုက် လက်ရှိတော်လှန်ရေးဒီရေမှာကား
ပြည်တွင်း/ပြည်ပ  အခြေအနေမကောင်းလှပါ
ပြည်ပမှာလည်း တကွဲတပြား
ပြည်တွင်းမှာလည်း တကွဲတပြား
ပွဲလန့်စဉ် ဖျာယူပြေးချင်သူများလည်း ပေါလွန်းလာပါသည် ။

ပထမ/ဒုတိယ/တတိယအုပ်စု အစရှိသဖြင့်
ဘာအုပ်စု၊ ညာအုပ်စုများ
ဗမာ့နိုင်ငံရေးလောကအတွင်း ပေါ်ထွန်းနေပြီဟုလည်း
ထူးဆန်းစွာ ကြားသိရပါသေးသည် ။

အမှန်တကယ်တမ်း ဗမာ့နိုင်ငံရေးလောကတွင်
စစ်ခွေးနှင့် လူကောင်းဟူ၍
ရှင်းရှင်းလင်းလင်း နှစ်မျိုးနှစ်စားသာ ခွဲခြားမြင်ရပါသည်
ကျေးဇူးပြု၍ ဟိုလိုဒီလိုမလုပ်ဘဲ
မေးခွန်းနှစ်ခုအနက် အဖြေတစ်ခုကိုသာ ရွေးစေလိုသည်
သင်သည်
၁။ စစ်ခွေးအာဏာရှင်စနစ်ထောက်ခံသူလား (၂၀၁၀ ရွေးကောက်ပွဲကို သူလက်ခံသည်)
၂။ စစ်ခွေးအာဏာရှင်စနစ်ဆန့်ကျင်သူလား (၂၀၁၀ ရွေးကောက်ပွဲကို သူလက်မခံပါ)
စူးစမ်း၊ ကျော်ဝင်းနှင့် အခြားရွေးကောက်ပွဲဝင်/ထောက်ခံအုပ်စုတွေလိုတော့
ဝါးတားတား ရူးတူးတူး ယောင်တောင်တောင် သွားရေတမြားမြားလုပ်မနေပါနှင့်
အမှန်ကိုသာ စိတ်ထဲပါသည့်အတိုင်းဖြေပါလေ
ပြတ်သားရမည့်အချိန်ကား နီးသထက်နီးလာပြီ ။

ဒါနဲ့ စကားမပြတ်
ထပ်၍ သတိပေးချင်ပါသေးသည်
စက်တင်ဘာ နှစ်ပတ်လည် ရာသီ
ထောက်ခွေးများ အရမ်းသောင်းကျန်းနေ၏
သတိထားပါ
ကံမကောင်းက ခွေးအကိုက် ခံရနိုင်ပါသည် ။        ။

ဒေါက်တာချေဗားမား
(၂၈၊ စက်တင်ဘာ၊ ၀၀၉)

 

Kokang Leaders’ Bank Accounts Were Under Control September 7, 2009

Filed under: Uncategorized — Nyo Gyi @ 12:55 pm
" ကိုးကန့်ဖုန်ကြားရှင်၏ ပြည်တွင်း Bank Accounts များအား ထိန်းချုပ်ထားရန် စစ်အဆိုးရက ညွှန်ကြား "

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်နှင့်တကွ သူနှင့် ဆက်စပ်ပတ်သက်သူအားလုံး၏ Bank Accounts များကို ထိန်းချုပ်ထားရန် ပြည်တွင်းရှိ အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအားလုံးအား စစ်အဆိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ကြားသိရသည်။

ပြီးခဲ့သော ရက်များအတွင်းကလည်း ကိုးကန့်ဖုန်ကြားရှင်၏ မိသားစုပိုင် ပစ္စည်း၊ အိမ်ယာများကို စစ်အဆိုးရက လိုက်လံချိတ်ပိတ်သိမ်းယူခြင်းများ ပြုလုပ်ခဲ့သေးသည်။

————————————————————————————————
 

INTERACTION OR INTER-ACTION? August 25, 2009

Filed under: Uncategorized — Nyo Gyi @ 9:40 am

“အင်တာ-အက်ရှင်” လား “အင်တာရက်ရှင်” လား

(24.8.009)

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန် (ဆီနေတာ)ဟာ မီဒီယာများ အဆိုအရ ဒေါ်စုက ဘာပြောတယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ သတိထားပြီး ပြောဆိုကြောင်း သိရှိရပါတယ်။


ပထမနေ့နဲ့ နောက်နေ့ သတင်းထွက်တာတွေ မတူကြပါ။ အစဦးဆုံး စာလုံးမဲကြီးတွေနဲ့ ထွက်လာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ (ဆန်ရှင်) တချို့ ရုတ်သိမ်းမှာကို ကန့်ကွက်မယ် မထင်ပါဘူးတဲ့။ ဒါက (အင်တိုင်-ဆန်ရှင်) အမတ်စကား ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ မြန်မာ (မီဒီယာ)တခုကနေ ကျွန်တော့်ကို (အင်တာဗျူး)တုံးက (ဆန်ရှင်)ကိစ္စမှာ ဒေါ်စုက ဒီလို ပြောတယ်လို့ ဆိုတာမှာ ကျွန်တော် သံသယရှိပါတယ်လို့ ဖြေခဲ့ပါတယ်။ အဲဒီ (မီဒီယာ)က သုံး မသုံးတော့ မသိပါ။ နောက်နေ့မှာဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ့ရဲ့ တရားဝင် ပြောရေးဆိုခွင့်ရှိသူကတစ်ဆင့် ရှင်းလင်းချက်ကို ကြားရတော့ ကျွန်တော့် သံသယဆိုတာ မှန်သွားပါတယ်။

ရှင်းလင်းချက်ထဲမှာ တခုဆက်ရှိပြန်သေးတာက ဘာသာပြန်တာပြောပြော၊ အဓိပ္ပာယ်ကောက်တာဆိုဆို ကျွန်တော် ပြန်ချင်တာ၊ ကောက်ချင်တာနဲ့ နဲနဲလွဲနေတာ တွေ့ရပါတယ်။ Interaction ဆိုတာပါ။ တချို့က “ပူးပေါင်းဆောင်ရွက်ဖို့” “ညှိနှိုင်းဖို့” “ပူးပေါင်းဆောင်ရွက်တာ” “ညှိနှိုင်းဆောင်ရွက်ခြင်း” စသဖြင့် တာသာပြန် ကောက်ယူကြပြီး၊ တချို့ကတော့ Interaction ကို အတိုင်းသား ထည့်သွင်း ဖေါ်ပြကြတာ တွေ့ရပါတယ်။ သတင်းသမားများအဖို့ မြန်ဖို့ကအရေးပါလို့နဲ့ တူပါတယ်။


Interaction ဟာ Inter-action နဲ့မတူပါ။ Inter-action ဆိုတာက တွဲလုပ်တဲ့သဘော ပိုဆောင်ပါမယ်။ Interaction က စကားပြောကြတဲ့ သဘော၊ အပြန်အလှန်သဘော၊ အမြင်ချင်းဖလှယ်တဲ့သဘော၊ ချုပ်လိုက်ရင် တွေ့ဆုံဆွေးနွေးရေးပါဘဲ။ လူနှစ်ယောက်တွေ့တာနဲ့ ဆရာနဲ့တပည့်ဖြစ်ရင်တောင် ကနေ့ခေတ်မှာ ဆရာပြောတာချည်း တပည့်က နားထောင်ရတာ မဟုတ်လို့ တစ်ယောက်ကေပြောတာကို ကျန်တစ်ယောက်က သူ့အယူအဆ၊ ဒါမှမဟုတ် တစ်ဖက်ပြောတာကို သဘောတူ-မတူ ပြောရတာပါ။ (ဆီမီနာ)တို့ (၀ပ်ရှော့ပ်)တို့မှာလဲ အဓိက ပြောမယ့်လူ ပြောပြီးတဲ့နောက် Questions and comments ကျန်တဲ့လူတွေက မေးလိုတာရော၊ ပြောလိုတာပြောနိုင်တဲ့ အစီအစဉ် ထည့်ပါတယ်။ သတင်းစာရှင်းလင်းပွဲလို Questions and answers အမေး-အဖြေမဟုတ်ပါ။


လူ-လူချင်းမဟုတ်ဘဲ လူနဲ့ ကွန်ပြူတာအကြားမှာရော၊ ကွန်ပြူတာတွေအကြားမှာရော (အင်တာရက်ရှင်) ရှိတာပါဘဲ။ လူနဲ့ တီဗွီအကြား အပြန်အလှန်သဘောပါရင် Interactive လို့ပြောပါတယ်။ Communicate လုပ်ကြတာ ဖြစ်ပါတယ်။ “အပြန်အလှန်သဘော” က အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အတူနေရင်း-လုပ်ကိုင်ရင်း အပြန်အလှန် ပြောဆိုကြတာဖြစ်လို့ တခုခုကို “ပူးပေါင်းဆောင်ရွက်တာ” “တွဲလုပ်တဲ့သဘော” နဲ့ ကွာခြားပါတယ်။


ပူးပေါင်းဆောင်ရွက်တာ မတိုင်ခင် ညှိနှိုင်းတာရှိရမှာဖြစ်ပြီး၊ ညှိနှိုင်းတာရောက်ဖို့ လုပ်ရမယ့်အဆင့်ကို Interaction အဆင့်လို့ ခေါ်မယ်ထင်ပါတယ်။


ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ “ပြည်ပမှာထက်အရင် ပြည်တွင်းထဲမှာ Interaction လုပ်ဖို့ လိုတယ်” ဆိုတာကို “ကိုယ့်ပြည်ထဲမှာ တာဝန်ရှိသူများအကြား အပြန်အလှန်သဘောပါတဲ့ ဆက်သွယ်ရေး၊ ဆက်ဆံမှုတွေ ရှိဖို့ လိုတယ်” လို့ မှတ်ယူသင့်ပါတယ်။ တစ်ဖက်ကပြောသမျှ လိုက်လုပ်ရမယ်၊ မလိုက်ရင် ဘယ်ဥပဒေနဲ့ ညိလို့၊ ဘယ်ဥပဒေကို ချိုးဖောက်လို့ ဘာပြစ်ဒ်၊ ညာပြစ်ဒ်ဆိုတာနဲ့ လုံးဝမတူပါ။


အလုပ်ရုံတစ်ခုမှာ စီမံခန့်ခွဲရေးနဲ့ အလုပ်သမားတွေကြား Interaction ရှိမှ အလုပ်က တိုးတက်ပါသတဲ့။ မြန်မာပြည် ဆိုတဲ့စက်ရုံကြီး တိုးတက်မလာတာလဲ Interaction မရှိသေးလို့ပါဘဲ။ာတ်ပစ္စည်းတစ်ခုနဲ့ တစ်ခု တွေ့ရင်ာတ်ပြောင်းလဲမဖြစ်လာကလည်း အတူတူပါ။ အနှစ် ၂၀အတွင်း မြန်မာပြည်မှာ ပြောင်းလဲမှုမရှိသေးတာ Interaction မရှိသေးလို့ပါ။


တင့်ဆွေ

 

BURMA THINGYAN 2009 April 12, 2009

Filed under: MY NEWS,MY POEMS,Uncategorized — Nyo Gyi @ 4:27 pm

သင်္ကြန်ကျပြီ ၂၀၀၉ ဗမာပြည်

ဧပြီ ၁၃ – အကြိုနေ့
ဧပြီ ၁၄ – အကျနေ့
ဧပြီ ၁၅ – အကြတ်နေ့
ဧပြီ ၁၆ – အတက်နေ့

ဧပြီ ၁၇ – နှစ်ဆန်းတစ်ရက်နေ့

—————————————–
“သင်္ကြန်ဆုတောင်း သီချင်းကဗျာ”

အတာရေတန်ခိုးနဲ့
စစ်အဆိုးရလည်း ပြုတ်ကျစေ… ။

အတာသင်္ကြန်ဒိုးနဲ့
စစ်အဆိုးရလည်း ပြုတ်ပြေးစေ… ။

နှစ်သစ်ကူးမှာ
စနစ်သစ်ထူးနဲ့ ကြုံပါရစေ… ။

ကြုံလေ ဘုံပွေ
ဗမာပြည်ကြီးလည်း မြန်မြန်ကောင်းစားစေ… ။

-ညိုကြီး

 

THE 3rd ANNUAL MIGHTY MIC HUMAN RIGHTS AWARENESS CONCERT April 8, 2009

Filed under: Uncategorized — Nyo Gyi @ 10:37 am

Contact: FOR IMMEDIATE RELEASE

Jennifer Lai
Press Director
Mighty Mic Human Rights Awareness Concert
press@mightymic.org

Announcing the Official Artist Lineup for
THE 3rd ANNUAL MIGHTY MIC HUMAN RIGHTS AWARENESS CONCERT

Benefit for Burma
April 21, 2009
6:00 – 10:00 PM
Doors open at 5:45

Los Angeles, CA (April 7, 2009) – On Tuesday, April 21, thousands of
students and community members will come together to make history at
the 3rd Annual Mighty Mic Human Rights Awareness Concert at UCLA,
Benefit for Burma. This student-run non-profit concert attracts about
2,000 attendees annually and is fast becoming a beloved UCLA
tradition. Last year, Mighty Mic raised over $20,000 for the refugees
of the genocide in Darfur. This year, Mighty Mic will highlight the
struggle for human rights in Burma, a country that has been under the
rule of an all-oppressive military junta for 43 years, making it the
4th least free country in the world. Learn more about the human rights
violations, including the abuse of ethnic minorities, mass rape of
women, forced labor, mandatory relocations, and child soldiers.
Benefit For Burma 2009's multi-media showcase will feature an eclectic
mix of artists from many genres such as rock, indie, and hip-hop, as
well as relevant educational content in the form of speakers and
videos which will entertain, inform, and inspire attendees.

ARTISTS

Blackalicious
Daphne Loves Derby
Audible Mainframe
Jarell Perry
Brandon Contreras

SPEAKERS

Edith Mirante
Min Zin
Khin Omar
The All-Burma Monks Alliance
(Pyinya Zawta, Gawasita, Agga Nya)

The concert will also include an on-site art gallery, interactive
educational activities, and booth space for non-profits, sponsors, and
student-organizations. Although the concert is free, donations are
highly encouraged as all proceeds will go towards Doctors Without
Borders, USA, and US Campaign for Burma. For more information,
ticketing, press passes, vendor and sponsorship opportunities visit
www.mightymic.org.

 

Invitation for commemoration of the Sayadaw U Kovida April 6, 2009

Filed under: Uncategorized — Nyo Gyi @ 1:41 pm

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်
SÃSANAMOLI
INTERNATIONAL BURMESE MONKS ORGANIZATION

84-32, Apt#2A,GRAND AVE,ELMHURST NY 11373, U.S.A. Tel & Fx: (718) 426-3959
www.burmesemonks.org

Invitation for commemoration of the Sayadaw U Kovida

<!– /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-parent:""; margin:0in; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:"Times New Roman"; mso-fareast-font-family:"Times New Roman";} @page Section1 {size:8.5in 11.0in; margin:1.0in 1.25in 1.0in 1.25in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} –>

Venerable U Kovida, founder of the International Burmese Monks Organization (IBMO), has passed away on April 29, 2008. Sayadaw U Kovida is well-known Buddhist scholar monk, not only in lecturing hundreds of monks for a half century in Mandalay but also in safeguarding Buddhism, which itself is at stake in Burma.

 

Sayadaw had indeed done a great service to the cause of the monastic life reminds us to perform extraordinary acts of compassionate service committing to the suffering humanity. Spirit and courage of Sayadaw U Kovida inspired us to follow his footsteps for future worthy of our pledge and sacrifice to accomplish his long desired mission we are in, to bind up nation’s demand, to make the promise of Sayadaw come true.

 

Sayadaw left a legacy behind meaningfully—will be living memory in the heart of the Burmese monks and followers around the world. We cordially invite you all to join us in honor of his illustrious life of an anniversary of the commemoration ceremony to be held by the International Burmese Monks Organization (IBMO) with the following program.

Program:                                                                                                            Times:
Offering food to the Sangha and lunch followed by the devotees            11: 00 am

Prayer to the Buddha                                                                                     1 : 00 pm

Five precepts                                                                                                   1 : 10 pm

Speeches in memory of late Sayadaw U Kovida                                         2 : 10 pm

Dhamma talks                                                                                                 2 : 40 pm

Blessings & sharing merits for all beings                                                     3 : 00 pm

Date:   April 26, 2009 Sunday

Time:   9: am To 4: pm

Place:   84-32 Apt -2A Grand Ave, Elmhurst NY 11373

Train No: R-G-V Grand Ave, New Town Station

 

Contact: IBMO Office Tell: (718 ) 426 3959

Ashin Cando bhasacara

Secretary (IBMO)

Cell (716) 512 2801

April 2 2009

——————————————————————————————————————-

<!– /* Font Definitions */ @font-face {font-family:Zawgyi-One; panose-1:2 11 6 4 3 5 4 4 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:1627421319 -2147483648 8 0 66047 0;} @font-face {font-family:Georgia; panose-1:2 4 5 2 5 4 5 2 3 3; mso-font-charset:0; mso-generic-font-family:roman; mso-font-pitch:variable; mso-font-signature:647 0 0 0 159 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-parent:""; margin:0in; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:Georgia; mso-fareast-font-family:"Times New Roman"; mso-bidi-font-family:"Times New Roman"; color:black;} @page Section1 {size:8.5in 11.0in; margin:1.0in 1.25in 1.0in 1.25in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} –>

 

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်

 

ပဓာနာစေရ မစိုးရိမ်ဆရာတော်ကြီး

ဘ၀နတ်ထံပျံလွန်တော်မူခြင်းနှစ်လည်ကုသိုလ်ပြုပွဲ အခမ်းအနား၊

သာသနာ့ဥသျှောင် ညီမူရာခန်းမ ၁ နှစ်ပြည့်မင်္ဂလာအခမ်းအနား နှင့်

နှစ်သစ်မင်္ဂလာ ဆုတောင်းပွဲ ဖိတ်ကြားလွှာ

 

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်၏ ပဓာနာစေရ မစိုးရိမ် ဆရာတော်ကြီးသည် ၂၀၀ဂ-ခုနှစ် ဧပြီလ (၂၇) ရက်နေ့ နေလယ်(၂)နာရီအချိန်တွင် သာသနာ့ဥသျှောင် ညီမူရာခန်းမကို ဖွင့်လှစ်ပေးတော်မူခဲ့၍ သာသနာ့ဥသျှောင် ပဋ္ဌာန်းဝတ်ရွတ် အသင်းကိုလည်း တည်ထောင်ဖွဲ့စည်းပေးတော်မူခဲ့ပါသည်၊၊

ယင်းသို့ ဖွင့်လှစ်တည်ထောင်ပေး တော်မှုခဲ့ပြီးနောက် ၂- ရက်မြောက်ဖြစ်သည့်၂၀၀ဂ-ခုနှစ် ဧပြီလ (၂၉)ရက်နေ့လယ် (၁) နာရီ (၇)မိနစ် အချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်ဖြစ်ရာ ယခုအခါ တနှစ်ပြည့်မြောက်ခဲ့ပါပြီ။

ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်တို့သည် သာသနာ့သမိုင်းတစ်လျှောက်တွင် မမေ့နိုင်စရာပင် ဖြစ်ပါသည်။ သာသနာတော်ကို ထိပါးလာလျှင် ကိုယ့်အသက်ကိုပင်မငဲ့ဘဲ သာသနာ့အန္တရာယ် ကာကွယ်နိုင်ရန် သာသနာ့ဥသျှောင်ဟူသည့် အမည်ကို ကိုယ်တိုင်ရွေးချယ်တော်မူ၍ ပီနန်ဆရာတော်ကြီးနှင့်အတူ ဦးဆောင်ဦးရွက်ပြုကာ တည်ထောင်ပေးသွားခဲ့ပါသည်၊၊

ဆရာတော်ကြီး ဘ၀နတ်ထံပျံလွန်းခြင်းသည် သာသနာတော်နှင့် တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှူံးမှုဖြစ်ပါသည်။ သို့အတွက် ကျန်ရစ်ခဲ့သည့် တပည့်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများအားလုံးက ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်သောအားဖြင့် နှစ်သစ်ကူးသည့် ယခုချိန်တွင် ဆရာတော်ဘုရားကြီးအတွက် နှစ်လည် ဆုတောင်း အမျှဝေခြင်းမင်္ဂလာ၊ ဆရာတော် ဖွင့်လှစ်တည်ထောင်ခဲ့သော သာသနာ့ဥသျှောင် ညီမူရာခန်းမ ဖွင့်ပွဲ ၁ နှစ်ပြည့် မင်္ဂလာ၊ ဆရာတော်ကြီးနှင့်အတူ တိုင်းပြည်အတွက် အသက်ပေး ခဲ့သော ရဟန်း၊ရှင်၊လူ၊ ကျောင်းသား ပြည်သူများနှင့်  မြန်မာနိုင်ငံသူ နိုင်ငံသားများ ဘေးဒုက္ခအပေါင်းမှ ကင်းဝေးစေရန် နှစ်သစ်ကူး ဆုတောင်းပွဲမင်္ဂလာတို့ ကို စုပေါင်း၍ တစ်ပြိုင်တည်း ပြုလုပ်ပါမည်၊၊

ထို့ကြောင့် ဆရာတော်ကြီး၏ တပည့် သံဃာတော်များ, ဒါယကာ၊ ဒါယိကာမများ,  မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး, မြန်မာပြည် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ရန် လုပ်ဆောင်နေကြသော အဖွဲ့အစည်း အသီးသီးနှင့် တိုင်းရင်းသား ညီကိုမောင်နှမများ အားလုံးတို့အား အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ပါဝင် ကုသိုလ်ပွားများကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်၊၊

 

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်

နယူးယောက်

——————————————————————————————————————-

<!– /* Font Definitions */ @font-face {font-family:Zawgyi-One; panose-1:2 11 6 4 3 5 4 4 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:1627421319 -2147483648 8 0 66047 0;} @font-face {font-family:Georgia; panose-1:2 4 5 2 5 4 5 2 3 3; mso-font-charset:0; mso-generic-font-family:roman; mso-font-pitch:variable; mso-font-signature:647 0 0 0 159 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-parent:""; margin:0in; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:Georgia; mso-fareast-font-family:"Times New Roman"; mso-bidi-font-family:"Times New Roman"; color:black;} @page Section1 {size:8.5in 11.0in; margin:1.0in 1.25in 1.0in 1.25in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} –>

 

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်

ပဓာနာစေရ မစိုးရိမ်ဆရာတော်ကြီး

ဘ၀နတ်ထံပျံလွန်တော်မူခြင်းနှစ်လည်ကုသိုလ်ပြုပွဲ အခမ်းအနား၊

သာသနာ့ဥသျှောင် ညီမူရာခန်းမ ၁ နှစ်ပြည့်မင်္ဂလာအခမ်းအနား နှင့်

နှစ်သစ်မင်္ဂလာ ဆုတောင်းပွဲ အစီအစဉ်

 

နေ့ရက်              ဧပြီလ ၂၆ တနင်္ဂနွေနေ့ (April 26, Sunday)

အချိန်                နံနက် ၉ နာရီ- ညနေ ၄ နာရီ

နေရာ                      84-32, Grand Avenue Apt 2A, Elmhurst, NY 11373

စီးရမည့် ရထား           R-G-V, Grand Ave New Town Station

ဆက်သွယ်ရန်            ဆရာတော် ဦးဝိလာသ ( 917- 686- 1728) ဦးနာယက (347- 665- 5323)

ဦးအဂ္ဂဓမ္မ (336- 307- 9542) ဦးဣန္ဒာစာရ (718- 426- 3959) ဦးခေမိန္ဒ (516- 312 – 1720)  မောင်မိုးထွေး (917- 617- 7595)


ကျွေးမွေးဧည့်ခံ            ၁။ ကိုစုတ်ဖွား မ၀င်းမာ မိသားစု            မုန့်ဟင်းခါး

                             ၂။ ကိုမြင့်အောင် မရီရီမော် မိသားစု        ကြက်သားအာလူး၊ ပဲညွန့်သုပ်

                             ၃။ ဦးစွမ်းရည် ဒေါ်ခင်နွဲ့ကြည်               ၀က်သား၊ ငါး၊ ငှက်ပျောပေါင်း

                             ၄။ ကိုဇော်လတ်                              ၀က်သားနှပ်

                             ၅။ ဒေါ်သင်းသင်းမော် မိသားစု             ပုဇွန်ချဉ်သုပ်၊ ပဲဟင်းချို

                             ၆။ မဥမ္မာ                                      အအေး

                             ၇။ ကိုငွေရှိန် မမြတ်မြတ်ယု                 ငါးပိသုပ်၊ တို့စရာ

                             ၈။ ကိုနေ မစန္ဒီဝင်း                           ဒိန်ချဉ်

                             ၉။ ကိုစိုးပိုင် မယဉ်နွယ်ချော မိသားစု       ပုဇွန်ဟင်း၊ Bounty, Paper Napkins, Envelopes

                                ၁၀။ ဒေါ်နွယ်နွယ်အေး မိသားစု         ခရမ်းချဉ်သီး ငါးခြောက်နှပ်    

 

**** မှတ်ချက် ဆက်လက်ထွက်ပေါ်လာမည့် အလှူရှင်များကို ထပ်မံ ဖေါ်ပြပါမည်။ လှူဒါန်းလိုသည့်

ကုသိုလ်ရှင်များ သာသနာ့ဥသျှောင်အဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

 

 

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်။

 

 
Follow

Get every new post delivered to your Inbox.