MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ(မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက် February 6, 2012

မန္တလေး၌ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ကြံ့ဖွတ်က ခြိမ်းခြောက်

From Pwint Thit Lwin Pyin Art Show (Mandalay, 2012)

မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် – ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။

ကြံ့ဖွတ်မြမောင် လာရောက်ချိန်၌ ဦးကျော်မိုးသာသည် ၄င်း၏ နေအိမ်၌ မရှိပေ။ ဦးကျော်မိုးသာ၏ သားဖြစ်သူနှင့်သာ တွေ့ဆုံသွားပြီး အဆိုပါ ကြံ့ဖွတ်မြမောင်က ပြောဆိုသည်မှာ…
၁။ ” ဒီကောင်မပုံတွေပဲ နေရာတကာတွေ့နေရတယ်။ မော်ဒယ်လ်ကျနေတာပဲ ” ဟု နေအိမ်တွင်းချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ပိုစတာများကို ကြည့်ပြီး ပြောဆိုခဲ့သည်ဆို၏။
၂။ အဆိုပါ ကြံ့ဖွတ် မြမောင်ကပင် ဆက်လက်၍ -
“ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှာ ဦးကျော်မိုးသာ၏ ပန်းချီကားရောင်းရသည်ကြားကြောင်း။ ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲမှာ ရောင်းရသည့် ပန်းချီဆရာများ၏ နာမည်များစာရင်း၊ ၄င်းရောင်းရသည့်ပန်းချီကားများကို ၀ယ်ယူသွားသော ပန်းချီကားဝယ်ယူသူများစာရင်းနှင့် ၀ယ်ယူသူများ၏ နေရပ်လိပ်စာအတိအကျများ ရယူလိုကြောင်း”

ဆက်ပြောပြန်သည်ဆို၏။

အဆိုပါ ကြံ့ဖွတ်မြမောင်သည် ၄င်းနှင့် မသက်ဆိုင်ဘဲ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှ ပန်းချီကားရောင်းရသူ ပန်းချီဆရာများနှင့် ပန်းချီးကားဝယ်ယူသူများစာရင်း(နေရပ်လိပ်စာအပါအ၀င်) တောင်းယူရသည့် အကြောင်းရင်းမှာ မည်သည့်ကြောင့်နည်း။

ပန်းချီဆရာများနှင့် ပန်းချီကားဝယ်ယူသူများကို ၄င်းတို့ ကြံ့ဖွတ်ပါတီက တစ်ခုခု လုပ်ပစ်ရန် ကြံစည်နေသလော…။ စဉ်းစားစရာ များစွာရှိလာရပေပြီ။
ဒီပဲယင်း နှင့် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများတွင် ကြံ့ဖွတ်များ အသုံးပြုခဲ့သည့် လူသတ်၊ဖမ်း၊ခြိမ်းခြောက်သည့်နည်းလမ်းများကို ယခုလို လင်းပွင့်ရမည့် ခေတ်ရောက်သည်အထိ ကြံ့ဖွတ်ပါတီက အသုံးပြုနေသည်ကို မန္တလေးမှ အဆိုပါ ကြံ့ဖွတ်မြမောင်တို့လို လူစားမျိုးကိုကြည့်ကာ အကဲဖြတ်နိုင်ကြပါစေကုန်သတည်း။

သာဓု… သာဓု… သာဓု။

မန္တလေးမှ ပန်းချီချစ်သူတစ်ဦး

 

In front of Mandalay Prison (Video) – မန္တလေး အိုးဘိုထောင်ရှေ့ မြင်ကွင်းများ (မူဗီ) January 14, 2012

မန္တလေးအိုးဘိုထောင်ရှေ့ မြင်ကွင်းများ
(Friday 13, January, 2012)

Facebook Video

http://www.facebook.com/v/349201505090115

YouTube Video

 

Interview video with political prisoner Win Shwe (Kyaukpadaung NLD) January 14, 2012

Filed under: MY NEWS,NLD,Peace,SEPTEMBER GOLDEN REVOLUTION,Videos — Nyo Gyi @ 8:13 am

နိုင်ကျဉ်း ကိုဝင်းရွှေ (ကျောက်ပန်းတောင်း NLD) နဲ့ အင်တာဗျူး
(Friday 13, January, 2012)

Facebook Video

http://www.facebook.com/v/348742655136000

ကိုဝင်းရွှေသည် ၂၀၀၇ စက်တင်ဘာ အရေးအခင်းတုန်းက အဖမ်းခံရပြီး ထောင်ဒဏ် (၁၁) နှစ်ကျခဲ့ရာ ယခုထောင်မှ လွတ်သည့်အချိန်တွင် ထောင်ထဲ၌ (၄)နှစ်ကျော်နေခဲ့ရသူဖြစ်ပါသည်။

YouTube Video

 

Monks change their clothings in front of Mandalay Prison (Video) January 14, 2012

Filed under: MY NEWS,SEPTEMBER GOLDEN REVOLUTION,Videos — Nyo Gyi @ 7:56 am

2012, January, Friday Thirteenth မှာ မန္တလေးအိုးဘိုထောင်က လွတ်မြောက်လာသည့် နိုင်/ယုံကျဉ်း သံဃာတော်များ အိုးဘိုထောင်ရှေ့မှာပင် လူဝတ်မှ သင်္ဃန်းဝတ် ပြန်လဲခဲ့ကြပါသည်။

Facebook Video

http://www.facebook.com/v/348725275137738

YouTube Video

 

An Announcement From Masoeyein Monastery About Peace Monks November 18, 2011

လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား

From Monks Ask for Peace in Mdy (Nov, 2011)
၁၆-၁၁-၂၀၁၁ နေ့က ဖြစ်ပျက်ခဲ့သော ငြိမ်းချမ်းရေးဆရာတော်များကိစ္စနှင့် ပတ်သက်၍ သံဃာတော်အချို့က ၄င်းတို့၏ အမြင်များ၊ ခံစားချက်များကို ကဗျာ၊ စာများ အနေဖြင့် မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)တွင်း ရှိ ကြော်ငြာဘုတ် (Facebook မှာဆို မစိုးရိမ် Wall ပေါ့ဗျာ) တွင် ကပ်တင်ဖော်ပြလျက်ရှိရာ မစိုးရိမ်တိုက်ဟောင်း၊ ပါဠိနယူပဒေသကျောင်းမှ ဆရာတော်ကြီး ဘန္ဒန္တ၀ိစိတ္တာဘိဝံသ က အဆိုပါ ကြော်ငြာဘုတ်ဘေးတွင် ဤကဲ့သို့ ရှင်းချက်ထုတ်ပြန်စာ ကပ်ထားပါကြောင်း။
————————————

လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား

၁၆-၁၁-၂၀၁၁ ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မိမိထံသို့ လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မိမိတို့၏ ထင်မြင်ယူဆချက်များကို စာရေး၍ ကြော်ငြာဘောတွင်ကပ်ခြင်း စသည်တို့ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

(မှတ်ချက်)။ သက်ဆိုင်ရာ ကျောင်းဘုန်းကြီး၏ ထောက်ခံချက် ယူလာပါရန် ။

ဘန္ဒန္တ၀ိစိတ္တာဘိဝံသ
ပါဠိနယူပဒေသကျောင်း၊ မစိုးရိမ်တိုက်။

 

Monks for Peace in Mdy, Masoeyein (16, Nov, 2011) November 16, 2011

မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)က ငြိမ်းချမ်းရေး တရားပွဲ (၁၆၊ နိုဝင်ဘာ၊ ၂၀၁၁)

http://www.facebook.com/v/310906695586263

ယမန်နေ့(၁၅၊ ၁၁၊ ၂၀၁၁)က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းပဆင်နွှဲခဲ့ပါသည်။

ပရိသတ် ဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ အခမ်းအနားသည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ပါသည်။

http://www.facebook.com/v/311013208908945


အခမ်းအနားအပြီးတွင် “သမ္မတကြီးအားတောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များ” အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့သေးကြောင်း သတင်းရရှိပါသည်။

ညိုကြီး

ဆက်စပ်သတင်းများကို အောက်ပါ link များတွင် ဖတ်ပါ

၁။

“မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်”

http://bigbbrown.blogspot.com/2011/11/monks-ask-for-peace-in-mandalay-nov-15.html

၂။

မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ

http://bigbbrown.blogspot.com/2011/11/latest-news-about-monks-demonstration.html

ဓာတ်ပုံများကို

www.facebook.com/nyogyi
တွင်လည်းကောင်း
https://picasaweb.google.com/116723507462397308445/MonksAskForPeaceInMdyNov2011
တွင်လည်းကောင်း ကြည့်ရှုနိုင်ပါသည်။

https://picasaweb.google.com/s/c/bin/slideshow.swf

 

Latest News about Monks’ Demonstration of Mandalay (9:30 PM, Nov 15, 2011) November 15, 2011

Filed under: MASOEYEIN MONASTERY,MY NEWS,SEPTEMBER GOLDEN REVOLUTION — Nyo Gyi @ 5:25 pm
မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ

From Monks Ask for Peace in Mdy (15.11.2011)

ဆွေးနွေးမှုများအရ သပိတ်စခန်းကို မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးသောပါက မှ မိန့်ကြားခဲ့ပါတယ်။

၃း ၂၀ မိနစ်၊ ၁၅၊ နိုဝင်ဘာ၊ ၂၀၁၁

၁။

မန္တလေး သပိတ်မှောက်သံဃာအရေးအခင်းကို သတင်းယူဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်း မှတ်တမ်း တင်ခြေရာခံခြင်းများရှိသည်ဟု အလိုက်ခံခဲ့ရသော သတင်းထောက်တစ်ဦးမှ ပြောကြားပါသည်။

၂။

မန္တလေးမှ သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေး တရားများ ဟောပြောတောင်းဆိုမည်ဖြစ်ကြောင်း

သိရသည်။ ၃ ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ကြံဖွတ်အစိုးရမှ ဖြည့်ဆည်းပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။

၃။

ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။

ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ရက် ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသောကြောင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြရသည် ဆို၏။

၎။

‎”Tomorrow 12 AM, old Masoerein campaign will take part in! Please forward” ဆိုသော Message စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြကြောင်း ကြားသိရပါသည်။

ညိုကြီး

သတင်းရေးချိန် – 9:30 PM, 2011, Nov 5

ဆက်စပ်သတင်းကို

“မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်”

http://bigbbrown.blogspot.com/2011/11/monks-ask-for-peace-in-mandalay-nov-15.html

တွင် ဖတ်ပါ။

 

A Letter From IBMO to Burmese People (1/2010) March 26, 2010

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ မြန်မာပြည်သူများသို့ မေတ္တာရပ်ခံလွှာ
(၀၃၊ ၂၅၊ ၂၀၁၀)

Dear All,
The International Burmese Monks Organization releases a statement (In Burmese) on (March, 25, 2010).


Help Us Change Burma
International Burmese Monks Organization
www.burmesemonks.org

From IBMO to Burmese People (1/2010)

 

ABMA Journal (Vol. 1, No. 4) March 22, 2010

Filed under: JOURNALS,OTHERS' WRITINGS,SEPTEMBER GOLDEN REVOLUTION — Nyo Gyi @ 10:48 am

21310ABMA Journal

အထက်ပါဂျာနယ်၏ Embed Code အား မေးမှ ပို့ပေးသော phyowai-mmp အား အထူးကျေးဇူးတင်သည်။

 

ABMA Journals (Vol. 1, No. 3) March 9, 2010

Filed under: JOURNALS,SEPTEMBER GOLDEN REVOLUTION — Nyo Gyi @ 9:03 am
ABMA ဂျာနယ်
All Burma Monks Alliance (မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး)
Volume I, No 3
7th March 2010

၈-၃-၂၀၁၀ နေ့မှာ ABMA ဂျာနယ်ကို ၃-ကြိမ်မြောက် ဆက်လက်ထုတ်လုပ်ဖြန့်ဝေလိုက်ပါတယ်။
အွန်လိုင်းမှာရော၊ A4-စာရွက်နဲ့ရော လွယ်လွယ်ကူကူ ထုတ်ယူဖတ်ကြည့်နိုင်အောင် စီစဉ်ထားပါသည်။
အဖွဲ့ပိုင် ၀က်ဆိုဒ်မှာလည်း အခုပတ်ဂျာနယ်ရော၊ ပြီးခဲ့တဲ့အပတ်ဂျာနယ်များပါ ဒေါင်းလုတ်ယူနိုင်ပါသည်။
တစ်ပတ်ထက် တစ်ပတ် ပိုမိုကောင်းမွန်အောင် A B M A အဖွဲ့သားများ ဆက်ကြိုးစားသွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်ကို အသိပေးပါသည်။ ။


http://allburmamonksalliance.com/
http://allburmamonksalliance.org/

7310ABMA Journa

 

 
Follow

Get every new post delivered to your Inbox.