MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>Pan Hlaing Soe (Kyone Pyaw)’s Poem for Feminized Than Shwe March 20, 2011

Filed under: OTHERS' POEMS,PHOTOS,SATIRE — Nyo Gyi @ 9:46 am

>

The YATI ရတီ စာပေအနုပညာ မဂ္ဂဇင်း Vol. 8, No.84, March, 2001 မှ ကဗျာဆရာ ပန်းလှိုင်စိုး (ကျုံပျော်) ” ဖတ်ပြီးသားကို ထပ်ဖတ်ခြင်း “ ကဗျာအား ဆက်စပ်ခံစားနိုင်ရန် မျှဝေ ဖော်ပြလိုက်ပါတယ်။ (ပူးတွဲပါပုံ)

ယောက်ျားစစ်စစ်က မိန်းမဖြစ်သွားတာတော့ ဆန်းတယ်.. တဲ့။ ကဗျာဆရာ ဖွဲ့ဆိုထားတာပါ။

From Historic Poems
 

Actor Yan Aung Said That The Place Away from Men is Military January 24, 2011

Filed under: MY NEWS,SATIRE — Nyo Gyi @ 10:19 am

"ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" ဟု ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ပြောဆို 
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကား)
ဗမာပြည်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျက်ရှိသော နယူးမော်ဒယ်ရုပ်ရှင်ဇာတ်ကားမှာ မီမီကို(ဆေး-၁)၏ ၀တ္ထု၊ နေစိုးသော်၏ ဇာတ်ညွှန်းကို၊  ဒါရိုက်တာ- ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များအဖြစ် ရန်အောင်၊ နေတိုး၊ အောင်ဇေ၊ ဇော်ဝမ်း၊ အရိုင်း၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ သဇင် စသဖြင့်တို့ သရုပ်ဆောင်ထားခြင်းဖြစ်သည်။
ဇာတ်လမ်းအကျဉ်းမှာ ညီမ (သဉ္ဖာဝင့်ကျော်)က တရားသမား အပျိုကြီး (စိုးမြတ်သူဇာ)အိမ်ထောင်ကျမှ သူမလည်း ယောက်ျားယူ၍ ရမည်ဖြစ်သည့်အတွက် အစ်မဖြစ်သူ တရားသမားကို အစွံထုတ်ရန် သူငယ်ချင်းဖြစ်သူ နေတိုး (မြာပွေသူ)အား အကူအညီတောင်း၍ တရားသမားအစ်မကြီးအား တဏှာကျော့ကွင်းသက်ဆင်းစေရန် ဆောင်ရွက်စေရာ စိုးမြတ်သူဇာ ခမျာလည်း နေတိုးအား ချစ်မိသွားသည်ဆို၏။ နောက်မှ စိုးမြတ်သူဇာတစ်ယောက် မိန်းမပွေသော နေတိုးအကြောင်းနှင့် နေတိုးက သူမကို အလောင်းအစားသဘောနှင့် ချစ်ဟန်ဆောင်နေကြောင်း ကြားသိသွားရာ စာတစ်စောင်ထားကာ အိမ်ပေါ်က ဆင်းသွားသည်ဆို၏။ 
စာပါအကြောင်းအရာမှာ "…… ယောက်ျားတွေနဲ့ ဝေးတဲ့နေရာကို ထွက်သွားကြောင်း…" ပါရှိသည်ဆို၏။ ယင်းကို စိုးမြတ်သူဇာ၏ အဖေနေရာက သရုပ်ဆောင်သူ ရန်အောင်က "…. ယောက်ျားတွေနဲ့ ဝေးတဲ့နေရာဆိုတော့- တပ်ထဲများ ၀င်သွားသလားမသိဘူး…" ဟု ပြောဆိုသော စကားပြောခန်းတစ်ခုပါဝင်ပေသည်။ 
ယင်းစကားကို အဖြည်သဘောနှင့် ရုပ်ရှင်တွင် ဆက်လက်ပြသသည်မှာ ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ သီလရှင်ကျောင်းဖြစ်ကြောင်း ရိုက်ပြထားပေသည်။
နေတိုးက သီလရှင်ကျောင်းကိုလိုက်သွားရာမှ ဆံချနေသော စိုးမြတ်သူဇာလည်း နေတိုးတောင်းပန်မှုကြောင့် နေတိုးနှင့်ပြန်လိုက်လာကာ နေတိုးနှင့် ကတုံးမ စိုးမြတ်သူဇာတို့ လက်ထပ်လိုက်ကြသည်ဆိုကာ ဇာတ်ကိုသိမ်းထားပါသည်။
စစ်အာဏာရှင်များသည် ဇာဂနာတို့ကဲ့သို့ တိုင်းပြည်ချစ် လူရွှင်တော်များ၏ ၄င်းတို့အပေါ် ဟာသလုပ်ပြောဆိုမှုများကိုပင် စိုးစဉ်းမျှ သည်းခံခွင့်လွှတ်လေ့မရှိဘဲ အငြိုးထားထောင်ချအရေးယူပစ်လေ့ရှိရာ ယခုကဲ့သို့ "ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" (သဘောကတော့ စစ်တပ်ထဲမှာ ယောက်ျားတွေမရှိဘူး။ စစ်တပ်ဆိုတာ ယောက်ျားတွေနဲ့ မနီးစပ်ဘူး။ ဆက်စဉ်းစားလျှင် စစ်တပ်ထဲမှာ မိန်းမ (သို့မဟုတ်) ယောက်ျားမဟုတ်သူများသာ ကျက်စားနေကြကြောင်း သွယ်ဝိုက်ပြောဆိုလိုက်သည်နှင့် တူပေတော့သည်) ဟု ရန်အောင်က ပွင့်ပွင့်လင်းလင်း၊ သာသာနှင့်နာနာ နှက်လိုက်သည်ကို မြင်ရရာ အံ့လည်း အံ့သြမိ၊ ရုပ်ရှင်ကားဖန်တီးသူများနှင့် သရုပ်ဆောင် ရန်အောင်၏ ပြောရဲဆိုရဲသော သတ္တိကိုလည်း သိမြင်လိုက်ရပေသတည်း။    ။
မှတ်ချက်။   ။
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကားဖန်တီးသူများနှင့် ရန်အောင်ကို ထိခိုက်နစ်နာစေလိုသော သဘောမရှိပါ။ နယူးမော်ဒယ် ရုပ်ရှင်ကို ကြည့်မိရာမှ (စစ်မှုမထမ်းမနေရ ဥပဒေကိစ္စနှင့် ပွက်လောရိုက်နေသော ယနေ့ကာလနှင့်တိုက်ဆိုင်စွာပင်) အမှတ်မထင် ကြားမြင်လိုက်ရသော စကားပြောခန်းတစ်ကွက်ကို ပြန်လည် တင်ပြခြင်းမျှသာ ဖြစ်ပါကြောင်း)
ချောင်းဖြူ
 

INCREASED SALARY CAN’T STOP THE BURMESE PEOPLE’S CRYING January 11, 2010

Filed under: DAYS TOPICS,MY NEWS,MY WRITING,PHOTOS,SATIRE — Nyo Gyi @ 6:15 pm
စစ်အဆိုးရ၏ ၂၀၁၀ မဖြစ်ညစ်ကျယ် လစာတိုး စည်းရုံးရေး
(သို့မဟုတ်)
စစ်အဆိုးရမှ ထုတ်ပြန်ခဲ့သော
လစာတိုး ကြော်ငြာစာများ

အောက်မှာ ပူးတွဲဖော်ပြထားတဲ့ ပုံတွေကတော့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်စွဲ နဲ့ စစ်အဆိုးရက ထုတ်ပြန်လိုက်တဲ့ လစာတိုးအမိန့်ကြော်ငြာစာတွေပါ။


အစိုးရ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း



တပ်မတော်(ကြည်း၊ရေ၊လေ)မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ

နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင်သတ်မှတ်ခြင်းကိစ္စ

စစ်တပ်ကမဟုတ်တဲ့ အဆင့်မြင့်ဆုံး အရပ်ဝတ် ၀န်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာနှုန်းထား အမြင့်ဆုံး (၂၁၀၀၀၀ – ၂၀၀၀ – ၂၂၀၀၀၀)ဟာ စစ်တပ်က ဗိုလ်မှူးကြီးတစ်ယောက်ရတဲ့ လစာ (၂၁၀၀၀၀ – ၂၀၀၀ – ၂၂၀၀၀၀)မျှနဲ့သာ သွားတူနေတာတွေ့ရမှာပါ။

ပြီးတော့ တရားမျှတမှုမရှိဘဲ ရယ်ချင်စဖွယ်ကောင်းတဲ့စာသားတွေလည်း ကြော်ငြာစာတွေထဲပါရှိပါတယ်။

“… – ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)အဖြစ် တစ်လလျှင် ကျပ် (၅၀၀၀)ခံစားခွင့်ပြုသည်။
- ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)ကို အငြိမ်းစားလစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ ….”

ဆိုတဲ့ ကြော်ငြာစာသားတွေပါ။

ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးသို့ မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါခင်ဗျား။

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်ဆိုတာကို ဘယ်လိုနားလည်ရပါမည်လဲခင်ဗျား။ တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာနဲ့ ရိုးသားစွာ အကြံပြုဝေဖန်ထောက်ပြ၊ ဆန္ဒထုတ်ဖော်တဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူပြည်သား၊ တိုင်းရင်းသားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ကလူပြုနေရတာနဲ့ ပင်ပန်းနေရှာမှာပေါ့။ ဟုတ်လား။ ပြီးတော့ သက်စွန့်တာဝန်စရိတ်… တဲ့။ ဘယ်နားမှာသွားပြီး အသက်စွန့်နေကြပါသလဲ… ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးများ ခင်ဗျား?
(ဗိုလ်ချုပ်မှူးကြီးဆို လူတကာက သေအောင် ဆုတောင်းနေတာတောင် မသေနိုင်သေးဘဲနဲ့။ အံမယ်။ အဲဒီ ဗိုလ်ချုပ်မှူးကြီးဆိုသူက လစာ တစ်လ ကျပ်(၁၂)သိန်းတောင် ယူထားသေးသဗျ။)

ဒီစစ်တပ်အရာရှိဆိုတဲ့ လူစိမ်းတွေဟာ ကိုယ့်ကိုယ်ကိုတော့ အတော်သွေးနားထင်ရောက်နေပုံရပါတယ်။ သူတို့ပဲ တိုင်းပြည်အတွက် အသက်စွန့်/ပင်ပန်းကြမ်းတမ်းနေရတယ် ထင်ကြတယ်။ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် တွေဘာတွေလုပ်လို့။

အခြားအသက်စွန့်/ပင်ပန်းကြမ်းတမ်းစွာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေရဲ့ ဘ၀တွေကရော ဘာထူးလဲ။ ထင်သာမြင်သာရှိတဲ့ ဥပမာလေးတွေ ထုတ်ပြရရင် -
၁။ ရဲဝန်ထမ်းတွေဆိုရင်လည်း အသက်စွန့်/ပင်ပန်းကြမ်းတမ်းတာပါပဲ။ (ယာဉ်ထိန်းရဲဆိုရင်လည်း ယာဉ်အတိုက်ခံရနိုင်တယ်။ နေပူထဲလည်း ရပ်ရတယ်)။
၂။ ဆရာဝန်= ဆရာဝန်တွေမှာလည်း လူနာဆီက ရောဂါတွေကူးစက်နိုင်တယ်။ အချို့ကူးစက်ရောဂါတွေက အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။ လူဖြစ်ရှုံးစေနိုင်လောက်တဲ့ ရောဂါတွေလည်း ကူးစက်ခံရနိုင်တယ်။  နေ့မအိပ်/ညမအိပ်ဘဲ တာဝန်ကျေပွန်စွာ လူနာတွေကုသနေတဲ့ ဆရာဝန်တွေ ပြည်တွင်းမှာ အများကြီးရှိပါတယ်။
၃။ အခြားလုပ်ငန်းကိုယ်စီမှာလည်း သူ့အထွာနဲ့သူ အသက်စွန့်/ ပင်ပန်းကြမ်းတမ်းကြတာချည်းပါပဲ။

စစ်အရာရှိတွေဟာ ဘာကြောင့် သူများထက် ပိုပင်ပန်း/အသက်စွန့် ရမှာပါလဲ။ ဘာကြောင့် အခြားဝန်ထမ်းတွေထက် လစာပိုရရမှာပါလဲ။ လုပ်ငန်းကိုယ်စီမှာ ပင်ပန်းမှုကိုယ်စီ၊ လုပ်ငန်းခွင်အန္တရာယ်ကိုယ်စီ ရှိပါတယ်။

စစ်အရာရှိတွေအနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို တွဲယူရလို့ ပင်ပန်းတယ်လို့ဆိုရအောင်ကလည်း သူတို့ကို ဘယ်ပြည်သူကမှ တင်မြှောက်ထားတာမဟုတ်။ အတင်း စစ်အာဏာသိမ်းပြီး နိုင့်ထက်စီးမိုး အုပ်စိုးနေတာပဲမင့်ဟာ။ ဆင်းပါလို့ အေးအေးဆေးဆေးပြောလည်း မဆင်း။ ဆွဲချမယ်ကြံတော့လည်း ဒုံးပေကပ်သပ်။ ပလ္လင်ပေါ်က မျောက်ကလေး လုပ်ကောင်းတုန်း။

တကယ်တော့ လက်ရှိ ဗမာပြည်က ၀န်ထမ်းများဟာ မ၀ရေစာ လစာများနဲ့သာ တိုင်းပြည့်တာဝန်ကို ချို့တဲ့စွာ ထမ်းဆောင်နေကြရတာဖြစ်တယ်။ ဒါကြောင့်လည်း လာဘ်လာဘ တောင်းယူ/လက်ခံယူတာတွေဟာ ၀န်ထမ်းတွေကြားမှာ ပုံမှန်သဘောဖြစ်လာခဲ့တယ်။ လည်သူစားစတမ်း ၀န်ထမ်းလောကကြီး ဖြစ်လာရတယ်။ ” ကြားပေါက် ” ဆိုတဲ့စကားဟာလည်း ၀န်ထမ်းလောကအတွင်းမှာ မက်မောစရာ စကားလုံးတစ်ခုဖြစ်လာခဲ့တယ်။
(ခုလို လစာ ကျပ်(၂)သောင်းတိုးပေးလည်း ကြားပေါက်တွေက ပျောက်သွားဦးမှာ မဟုတ်ပါ)

နဂိုလစာ (၁၅၀၀၀ – ၁၀၀၀ – ၂၀၀၀၀)စကေးသာရတဲ့ ရာထူးအနိမ့်ဆုံး အခြေခံဝန်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာဟာ တစ်လ (၃၅၀၀၀ – ၁၀၀၀ – ၄၀၀၀၀)စကေးပဲ ရှိဦးမှာပါ။ အခြေခံဝန်ထမ်းတွေအဖို့ နဂိုလစာမှာ ထပ်တိုးပေးတဲ့ဆိုတဲ့ ကျပ်ငွေ(၂)သောင်းဟာ သူတို့ဘ၀တွေလှလာဖို့တော့ ဖြစ်လာစေဦးမှာမဟုတ်ပါဘူး။ (ဒီကြားထဲ လစာလေး မဖြစ်စလောက်တိုးလာတာနဲ့ပဲ ပြည်တွင်းကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာနေပါပြီ)

တကယ်တော့ စစ်အဆိုးရအနေနဲ့ ၂၀၁၀ ခုနှစ်အဦးအစမှာ ခုလို လစာတိုးပေးတယ်ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲအမည်ခံပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့လုပ်မယ့်အချိန်မှာ အချိန်ကိုက် စည်းရုံးရေးဆင်းပြခြင်းမျှသာ ဖြစ်ပါတယ်။

ကြားပေါက်မရှိရှာ၊ ရှားပါးတဲ့ အခြေခံစစ်သား၊ အခြေခံဝန်ထမ်းများကို (၂)သောင်းကျပ်မျှ တိုးပေးခြင်းဟာ နဂိုရ လစာနဲ့ပေါင်းရင် ခမျာများအတွက် အနည်းငယ် အပိုဝင်ငွေရခြင်းမျိုးဖြစ်လာနိုင်ပေမဲ့ ကြီးမားများပြားလှစွာသော ” ကြားပေါက် ” တွေနဲ့ စည်းစိမ်ယစ်မူး၊ ပျော်မြူးနေတဲ့ စစ်တပ်အရာရှိများအဖို့တော့ ကျပ်ငွေ(၂)သောင်းဆိုတဲ့ပမာဏဟာ ထိုစစ်တပ်အရာရှိတို့ရဲ့ အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်စာ အစာကျွေးဖို့ တစ်ရက်စာ မုန့်ဖိုးမျှသာ ရှိမှာဖြစ်ပါတယ်။

- ညိုကြီး
 

YEAR 2010 & THAN SHWE January 7, 2010

Filed under: "MEDIA to MEDIA" FIGHTING,CARTOONS,SATIRE — Nyo Gyi @ 12:56 pm
 

Sai Sai Kham Hlaing’s Song, Beggars, Thieves, Robbers And Villains From Burma November 25, 2009

Filed under: MY NEWS,MY WRITING,PHOTOS,SATIRE — Nyo Gyi @ 10:30 am
စိုင်းစိုင်းခမ်းလှိုင်သီချင်း၊ ဗမာပြည်က သူတောင်းစားများနှင့်
သူခိုး၊ ဓားပြ၊ လူဆိုးများ


Don’t Cry Sai SaiMore free videos are here

metacafe မှာ တွေ့ရတဲ့ MTV တိုလေးတစ်ခုပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ သီဆိုထားခဲ့တဲ့ ” ဖုတ်လှိုက်ဖုတ်လှိုက် ” သီချင်းကို ဗမာပြည်က သူတောင်းစားကလေးငယ်များက ပြန်လည် သီဆိုပြီး တောင်းရမ်းစားသောက်နေရပုံ မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်။ မူဗီကလစ်နာမည်ကို metacafe မှာ တင်ထားသူ demonlay က ” မငိုနဲ့နော် စိုင်းစိုင်း ” Don’t Cry Sai Sai လို့ အမည်ပေးခဲ့တယ်။

သူတောင်းစားဦးရေ တိုးပွားလာနေတဲ့ ဗမာပြည်နေရာတွေထဲက တစ်ခု
(ဦးပိန်တံတား- တောင်သမန်၊ အမရပူရ)

တကယ်တော့ ဗမာပြည်ဟာ သူတောင်းစားသိပ်ပေါတဲ့ တိုင်းပြည်တစ်ခုဖြစ်နေပါပြီ။ ဈေးတိုင်း၊ လက်ဖက်ရည်ဆိုင် (သို့) စားသောက်ဆိုင်တိုင်း၊ ဘုရားပရ၀ဏ်/တန်ဆောင်းတိုင်း၊ ပွဲလမ်းသဘင်တိုင်းလိုလိုမှာ မတွေ့ချင်အဆုံး၊ မမြင်ချင်အဆုံး သနားစဖွယ်တွေ့တွေ့နေရတာကတော့ မွေးကင်းစမှ အဘိုး၊ အဘွားအိုအရွယ်အထိ သူတောင်းစားများဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ လက်ရှိဆင်းရဲမှုကို ဖော်ပြနေတဲ့သဘောတွေထဲက တစ်ခုဖြစ်ပါတယ်။

နောက်ထပ်ဝမ်းနည်းစရာတစ်ခုလည်း ရှိပါသေးတယ်။
ညံ့ကလည်း ညံ့သေး၊ ဆက်ကြေးကလည်း တောင်းသေး၊ ယုတ်ကလည်း ယုတ်သေး၊ တရုတ်ရဲ့ ရုပ်သေး စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးရဲ့ ဖြစ်ကတတ်ဆန်း စီမံခန့်ခွဲ လိမ်လည်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရရှာတဲ့ အခြေခံဝန်ထမ်းတွေရဲ့ဘ၀(အခြေခံ စစ်သားလေးတွေအပါအ၀င်)ဟာ မလောက်မငှ၊ မ၀ရေစာ လစာတွေနဲ့သာ ရပ်တည်နေရပြီးတဲ့နောက် မိမိနဲ့ မိမိရဲ့မိသားစု ၀မ်းရေးအတွက် သူတောင်းစားသာသာဘ၀ကို မလွှဲသာမရှောင်သာ ရောက်ရှိသွားခဲ့ရခြင်းပါပဲ။ ဒါဟာသိပ်ကို ရင်နာစရာကောင်းလှပါတယ်။

အာဏာကို တလွဲသုံးပြီး ငွေညှစ်တဲ့သူတွေနဲ့ ကလိန်ကကျစ်ကျတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ ” သူခိုး၊ ဓားပြများ ” လို့ပဲ အမည်တပ်ရတော့မယ်ထင်ပါတယ်။

သူတောင်းစားတွေ၊ သူခိုးဓားပြတွေထက် ပိုဆိုးတဲ့ သူတွေကတော့ စောစောက ပြောခဲ့တဲ့ ဗမာပြည်ရဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးပါပဲ။ စစ်တပ်၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ ထောက်လှမ်းရေး၊ သတင်းပေးတွေကို လက်ကိုင်တုတ်လို အသုံးချပြီး လူဆိုးဂိုဏ်းပုံစံမျိုးဖွဲ့ကာ ဖြတ်စား၊ သတ်စား၊ ရိုက်စား၊ လိုက်စား၊ နှိုက်စား၊ လိမ်စား၊ နှိမ်စား၊ ခြောက်စား၊ ဟောက်စား၊ ညစ်စား၊ ရစ်စား၊ ခွဲစား၊ တွဲစား၊ စားနည်းမျိုးစုံနဲ့ လှည့်စား ရမ်းကား ယုတ်မာနေတဲ့ ကိုသန်းရွှေ၊ ကိုမောင်အေး အစသဖြင့်တို့ ခေါင်းဆောင်နေတဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးကတော့ဖြင့် ယနေ့ဗမာပြည်တွင်းမှာ အဆိုးဝါးဆုံး၊ အရက်စက်ဆုံး၊ တိုင်းပြည်ကို အဖျက်ဆုံးဖြစ်နေတာ အများမျက်မြင် တွေ့ရပါလိမ့်မယ်။

ညိုကြီး
———————————————————————-

Don’t Cry Sai Sai Movie Address-
http://www.metacafe.com/watch/2745108/dont_cry_sai_sai/

 

NEW NALAGIRI ELEPHANTS ARE COMING TO DESTROY BURMESE PEOPLE October 5, 2009

ပြည်သူတွေကို နင်းချေသတ်ဖို့
ဒေဝဒတ်ရွှေရဲ့ နာဠာဂီရိဆင်တွေ လာပြီ
(ယောမင်းလေး)

ခုဆိုရင် ပြည်သူတွေ နင်းချေသတ်ဖို့ အရက်ကိုးမောင်းတိုက်နေတဲ့ နာဠာဂီရိဆင်တွေဟာ အမူးလွန်နေပါပြီ။ ဒီဆင်တွေကို တစ်ရွက်ပြီး တစ်ရွက် ဝါဇီကနေ အထပ်လိုက် အထပ်လိုက် ပြည်သူ့ကြားကို ဖြန့်ချိပါတော့မယ်။

အရင်က ဒေဝဒတ်ဟာ နာဠာဂီရိဆင်မိုက်ကြီးကို အရက်ကိုးမောင်းတိုက်ပြီး မေတဿတာရှင် မြတ်ဗုဒဿဓကို နင်းချေသတ်ဖို့ လွှတ်လိုက်သလို…
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တှောလှန်ရေးမှာ မေတဿတာပို့ ကြွချီနေတဲ့ သံဃာတှောတွေကို ဒေဝဒတ်ရွှေက သူ့ကြေးစား စစ်တပ်ကို အရက်ကိုးမောင်းတိုက် ပစ်ခတ် သတ်ဖြတ်ခိုင်းသလို…
ခု လက်ကျန် မသေမရှင်ကျန်ခဲ့တဲ့ ပြည်သူတွေကို နင်းချေသတ်ဖြတ်ဖို့ ဒေဝဒတ်ရွှေက ဝါဇီကနေ ငါးထောင်တန် ငွေစကဿကူတွေ လွှတ်လိုက်ပါပြီ။

(စကားဖြတ်။       ။ ၂၀၀၃ ခုနှစ်၊ မေလ၊ ၃၀- ဒီပဲယင်းအရေးအခင်းတုန်းကလည်း တိုင်းခန်းလှည့်လည်နေတဲ့ ဒှေါအောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ၊ ကျောင်းသားကျောင်းသူ၊ ရဟန်းသံဃာတွေကို ဒေဝဒတ်ရွှေနဲ့အဖွဲ့က သူ့ရဲ့ နလပိန်းတုန်း စစ်သား၊ ကြံဖွတ်၊ စွမ်းအားရှင်တွေကို အရက်ကိုးမောင်းတိုက်ပြီး သတ်ဖြတ်အစဖျောက်လုပ်ကြံခိုင်းခဲ့ဖူးပါတယ်။ – ဘလော့ဂ်အယ်ဒီတာ)

တစ်နေ့ (၁၀၀၀/ ၁၅၀ဝ)ကျပ်သာ လုပ်အားခ နေ့တွက်ရတဲ့ ပန်းရံနေ့စား လက်သမားတို့… ငါးထောင်တန် ပေးရင် ပြန်အမ်းစရာ (၄၀ဝဝ) (၃၅၀ဝ) ကျပ် အကြွေတွေ ရှိကြပါရဲ့လား ခင်ဗျား။ တို့… မစားမသောက်ဘဲ ဆောင်ထားကြရမယ်နှော။

ပဲပြုတ်သည်ဆီမှာ ပဲပြုတ်ဝယ်ရင် ခင်ဗျား… အားနာစရာကြီး။ ပဲပြုတ် နှစ်ရာဖိုး “အကြွေမအမ်းနိုင်ပါဘူးတှော၊ မပေးနဲ့တော့” လို့ ပြောသွားရင် ခင်ဗျား ဘယ်လို ခံစားရမလဲ။ (၅၀) ကျပ်တန်၊ ၁၀၀ ကျပ်တန်၊ ၂၀၀ ကျပ်တန် အကြွေရှားပါးမှုတွေကို မဖြေရှင်းဘဲ ဆင်မိုက်ကြီးတွေ ပြည်သူကြားလွှတ်လိုက်တာဟာ ရိုးသားပါရဲ့လား။ ဒေဝဒတ်က ဘုရားကို လုပ်ကြံသလို ပြည်သူတွေကို လုပ်ကြံလိုက်တာပဲ။ လူတစ်ယောက်ရဲ့ တစ်နေ့တာဝင်ငွေထက် ပိုတဲ့ ငွေစကဿကူတန်ကို ထုတ်လုပ်သင့်ပါရဲ့လား … စဉ်းစားသင့်ပါတယ်။

တစ်ခါက ဈေးချိုအိမ်သာမှာ အိမ်သာဝင်တက်တော့ ငါးရာတန်ထုတ်ပေးတော့ အကြွေအမ်းစရာ မရှိလို့… တှောပြီ… မယူတော့ဘူး..လို့ အပြောခံရတာ ရင်ထဲမှာ အောင့်သက်သက်ကြီး ကျန်ခဲ့ဖူးတယ်။ ဒီနာဠာဂီရိ ဆင် ငါးထောင်တန်တွေနဲ့ ပဲပြုတ်ဝယ်ရင်၊ ရေခဲချောင်းဝယ်ရင်၊ အကြှောဝယ်ရင်… ဘယ်လို ခံစားကြရမလဲ။

ကျောက်ဆည်ဆင်ကြီးဟာ ကျောက်ဆည်လို တွေးပြီး ကျောက်ဆည်လို အလုပ်လုပ်နေတာ အတှော ဆိုးသဗျို့။ တကယ်တော့ ကျောက်ဆည်ဆင်ဆိုတာ အနှစ်မပါ ဗလာ အခေါင်းကြီးပါ။ အတုအလိမ်ကြီးပါ။ ဆင်အစစ်တွေ သိကဿခာမဲ့အောင် အယောင်ဆောင်ကောင်ကြီးပါ။ ဒါကို ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ဆင်မိုက်ကြီးက ပြည်သူတွေကို နင်းချေသတ်ဖို့ နာဠာဂီရိဆင်တွေ လွှတ်လိုက်ပါပြီ ခင်ဗျ။

ပြည်သူအပေါင်း သတိကြပ်ကြပ်ထား၍ ရှောင်တိမ်းကြပေရော့။ ဆင်နင်းပြီး အသတ်ခံရတဲ့ နန်းမတှောမမြလေးလို မဖြစ်ရအောင် ရှောင်နိုင်ကြပါစေ…။ တကယ်တော့ ဒေဝဒတ်သန်းရွှေဟာလည်း ပုဂံမင်းလို ရူးနေတာပဲ မဟုတ်ပာလား…။         ။

ယောမင်းလေး

———————————————————————
PHOTO OF Subduing the fierse elephant, Nalagiri, released by Devadatta
was taken from the following link;
http://web.ukonline.co.uk/buddhism/defeats.htm

 

MYANMAR MILITARY ANIMALS? September 25, 2009

Filed under: MY WRITINGS,PHOTOS,SATIRE — Nyo Gyi @ 7:02 pm
ဗမာပြည်က အဟိတ်တိရိစ္ဆာန်စစ်အဆိုးရ

ဗမာနိုင်ငံမှာ စစ်အဆိုးရက အသစ်ထုတ်မယ်ဆိုတဲ့ ၅၀၀၀ ကျပ်တန်ပုံစံနဲ့ နယ်စည်းမခြား လွတ်လပ်တဲ့ အင်တာနက်နိုင်ငံမှာ တစ်စုံတစ်ယောက်က ဟိုးအရင်ကတည်းက ထုတ်လုပ်ထားတဲ့ ၅၀၀၀ ကျပ်တန်ကို အထက်ပါအတိုင်း ယှဉ်တွဲဖော်ပြလိုက်ပါတယ်။

ဒီ စစ်အဆိုးရဟာ အတော် တိရိစ္ဆာန်စိတ်ဝင်နေပုံရပါတယ်။ သူတို့ ထုတ်တဲ့ ငွေစက္ကူတွေဆိုရင် တိရိစ္ဆာန်ပုံတွေနဲ့ ချည်းပဲ ။ ခြင်္သေ့ပုံနဲ့ ထုတ်လားထုတ်ရဲ့၊ ဆင်ပုံနဲ့ ထုတ်လားထုတ်ရဲ့။

အခြားနိုင်ငံတော်တော်များများမှာ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းများ(ဥပမာ- လွတ်လပ်ရေးဖခင်၊ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံအကျိုးပြုခေါင်းဆောင်တစ်ဦးဦး အစသဖြင့်)ကို ဂုဏ်ပြုပြီး ငွေစက္ကူများမှာ ထည့်သွင်းဂုဏ်ပြုလေ့ရှိကြတာပါ။ ဗမာပြည်က စစ်အဆိုးရကတော့ ဒီလိုမဟုတ်ပါဘူး။ အရင်အစိုးရတွေက
ဗမာကျပ်ငွေတွေမှာ ဂုဏ်ပြုအသုံးပြုခဲ့တဲ့ ဆရာစံတို့၊ သခင်ဖိုးလှကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဓာတ်ပုံတွေကို ဖြုတ်ပယ်ထားလိုက်ပြီး သူတို့ကတော့ ခြသေ့င်္ပုံ၊ ဆင်ပုံတွေနဲ့ ငွေစက္ကူများကို ထုတ်လုပ်လေ့ရှိပါတယ်။ တိရိစ္ဆာန်စိတ်ဝင်ပြီး တိရိစ္ဆာန်ကျင့် ကျင့်နေလို့သာ ယခုလို ကိုယ့်တိရစ္ဆာန်အမျိုးအဆွေတွေကို ဂုဏ်ပြုပြီး တိရိစ္ဆာန်ပုံများနဲ့ ငွေစက္ကူများကို ထုတ်လုပ်နေပုံရပါတယ်။ အဟိတ်စစ်အဆိုးရလို့ပဲ ခေါ်ရတော့မလား မသိတော့ပါဘူး။
(ကိုသန်းရွှေကလည်း ကျောက်ဆည်နယ်သားဆိုတော့ ဆင်စိတ်ဝင်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်လည်း သူ့ကြည့်ရတာ အိပဲ့အိပဲ့နဲ့ ။)

ပြီးတော့ ဒီ အဟိတ်စစ်အဆိုးရလက်ထက်ကျမှ ငွေစက္ကူတွေကို ဂဏန်းတိုးတိုးပြီး ထုတ်လာလိုက်တာ အခုဆို ၅၀၀၀ ကျပ်တန်ဆိုပြီးတော့တောင် ဖြစ်လာပါတယ်။ အင်း …  ဒီ အဟိတ်တိရိစ္ဆာန်စစ်အဆိုးရသာ ဆက်ရှိနေရင် နောက်များဆို ဇင်ဘာဘွေနိုင်ငံမှာလို သောင်းတန်၊ သိန်းတန် ငွေစက္ကူတွေ ဘာတွေတောင်
ထပ်ထုတ်နေဦးမလားပဲနော်။

Nyo Gyi
—————————————————————————————————

(27 September 009)

နောက်ဆက်တွဲအနေနဲ့
နယ်စည်းမခြား လွတ်လပ်တဲ့ အင်တာနက်နိုင်ငံမှာပဲ ထပ်မံတွေ့ရှိရတဲ့
၁၀၀၀၀ ကျပ်တန်ငွေစက္ကူကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။

တိရိစ္ဆာန်အကျင့်ကျင့်ပြီး တိရိစ္ဆာန်စိတ်ဝင်နေတဲ့ အဟိတ်တိရိစ္ဆာန်စစ်အဆိုးရက ထုတ်ဝေဦးမှာဖြစ်တဲ့
၁၀၀၀၀ ကျပ်တန်ဆိုတော့လည်း မျောက်ဝံပုံလေးနဲ့ပေါ့ဗျာ။

ခြင်္သေ့ > ဆင် > မျောက် > ခွေး > ကြွက် > နွား > ကျား > ကြောင် > ၀က် > ဆိတ် > မြင်း အစရှိသဖြင့်
နောက်ထပ်ထုတ်ဝေမယ့် ငွေစက္ကူများအတွက် တိရိစ္ဆာန်များကို လျာထားလျက်ရှိကြောင်းလည်း အထူးသတင်းရရှိပါသေးတယ်။

၁၀၀၀၀ ငွေစက္ကူပုံဒီဇိုင်းကို အောက်ပါ အင်တာနက်လိပ်စာက ကူးယူဖော်ပြတာပါ။

http://www.yeyintnge.com/2009/09/blog-post_26.html

 

New Yettaw? August 20, 2009

Filed under: DAW AUNG SAN SUU KYI,NLD,OTHERS' WRITINGS,PHOTOS,SATIRE — Nyo Gyi @ 3:59 pm

NLD ဒုဥက္ကဌ ဦးတင်ဦး၏ အကျယ်ချုပ် နေအိမ်ခြံဝင်းအတွင်း

အမေရိကန် နောက်တစ်ကောင် ခိုးဝင်၊ နေထိုင်ခြင်းအမှု

 


(ဦးတင်ဦး၏ နေအိမ်ခြံဝင်းအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်ခဲ့သည့် အကောင်အား အမေရိကန်သံရုံးမှ တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းနေစဉ်)

 

ယမန်နေ့ ညဦးပိုင်းအချိန်တွင် ဘဘဦးတင်ဦး နေအိမ် ခြံဝင်းအတွင်း မသင်္ကာဖွယ်ရာ ပုတ်သင်ညိုတစ်ကောင် တွေ့ရှိပါသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မှီဝင်ရောက်၍ အဆိုပါ ပုတ်သင်ညိုအား ဖမ်းဆီးထိမ်းသိမ်း လိုက်သည်။ 

နေပြည်တော်မှ လာသည့် သတင်းများအရ ဘဘဦးတင်ဦးအား ခြံဝင်းအတွင်း ပုတ်သင်ညိုတွေ့ရှိသည့်အမှုဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။
 
အဆိုပါ ပုတ်သင်ညိုအား အမေရိကန်အစိုးရဧ။် အကူအညီနှင့် သစ်ပင်ပေါ်သို့ ပြန်လည် ပို့ဆောင် ပေးရန် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆုံးဖြတ်လိုက်ကြောင်း နှင့် တရုတ်အစိုးရမှ ဤသည်မှာ မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး အင်အားကြီးနိုင်ငံများအနေဖြင့် ၀င်ရောက် မစွက်ဖက်သင့်ကြောင်း။
 
ကုလသမဂ္ဂမှလည်း ၄င်းတို့ စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်ထုတ်ပြန်ရန် အချိန် ၃ ရက် ယူမှာဖြစ်ကြောင်း နောက်ဆက်တွဲ သတင်းထပ်မံရရှိပါသည်။ 

(အေဘီစီဒီ သတင်းထောက်)
—————————————————————– 

အီးမေးလ်မှ တစ်ဆင့် ရရှိသည်ကို ပြန်လည် မျှဝေပါသည်။

—————————————————————– 
ပုတ်သင်ညိုပုံကို http://myitchyfingers.wordpress.com/tag/education/page/2/ မှ ရယူုပါသည်။

 

Out of Responsibility in Burma (Myanmar) June 6, 2009

အိမ်ပိုင်ရှင်များ သတိအနေအထား
- ယမထာ -

ဗမာပြည်ရှိ အိမ်ပိုင်ရှင်များသည် ယခုအခါ၌ သတိဝီရိယရှိကြဖို့ အလွန်အင်မတန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေရေးရာ စောင့်ကြည့်ရေး အဖွဲ့ ယနေ့ နေ့စွဲဖြင့် အရေးပေါ် သတင်းထုတ်ပြန်လိုက်သည်။-

အထူးသဖြင့် မိမိတို့ ကိုယ်ပိုင်အိမ်များ၌ သူခိုးသူဝှက်များ မဖောက်ထွင်းရန်မူ ပို၍ သတိထားစောင့်ရှောက်ကြရန်
လိုအပ်ကြောင်း။-

ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့မှ လေ့လာတွေ့ရှိချက်အရ ယခုအခါ အိမ်များတွင် သူခိုးသူဝှက်ဖောက်ထွင်းခံရပါမူ ပြည်ပိုင်အစိုးရမင်းတို့နှင့် လားလားမျှမသက်ဆိုင်ကြောင်း၊ အစိုးရသည် အခြားဂေါက်သီးရိုက်ခြင်း၊ မိမိတို့ သားငယ်၊ သမီးငယ်များအတွက် နိုင်ငံခြားတိုင်းပြည်များမှ တန်ဖိုးကြီးသော တိရစ္ဆာန်များထားရှိနိုင်ရန် အဲယားကွန်းများ စီစဉ်ရခြင်း၊ အရက်မူးသောင်းကြမ်းခဲ့သော သားကြီးသြရသတို့၏ လုံခြုံရေးအတွက် စိတ်မအေးရခြင်း၊ စီးပွားရေး လည်ပင်းညှစ်နေရသော သမီးကြီးတို့အတွက် အဆက်အသွယ်များ-ခေတ်သစ်ကျွန်များ ရှာဖွေပေးနေရခြင်း၊ တစ်နေရာမှ တစ်နေရာ ကားတန်းကြီးများဖြင့် အပမ်းဖြေ ခရီးထွက်နေရခြင်း စသော အလုပ်များဖြင့် မအားမလပ်အောင် အလုပ်များနေပါသဖြင့် ပြည်သူ့အိုးအိမ်စည်းစိမ်များကို စောင့်ရှောက်ရန် ပြည်ပိုင် အစိုးရမင်းတို့တွင် အချိန်နှင့် လူအင်အား မပေးနိုင်ဖြစ်နေပေသည်။-

ထို့ကြောင့် မိမိတို့ အိမ်ဂေဟာကို မိမိတို့ဘာသာ လုံခြုံအောင် စောင့်ရှောက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ အကယ်၍ မထိန်းသိမ်းနိုင်သဖြင့် ဖောက်ထွင်း ခိုးယူခံရပါက ထိုပြစ်မှုကို ပြည်ပိုင် အစိုးရမင်းတို့ကို တိုင်တန်းသော်လည်းကောင်း၊ မတိုင်တန်းဘဲ ထိန်ချန်ထားသော်လည်း ထိုသတင်းပေါက်ကြား၍ ပြည်ပိုင်အစိုးရမင်းတို့ နားသို့ ရောက်သော်လည်းကောင်း တရားဥပဒေ ဓလေ့စီရင်ထုံးနှင့်အညီ ဖောက်ထွင်းခိုးယူသော သူခိုးသူဝှက်တို့ကို ဖမ်းဆီးအပြစ်ပေးလိမ့်မည် မဟုတ်သည့်အပြင် မိမိအိမ်ကို မိမိ မကာကွယ်နိုင်သည့် ဥပဒေအရ အိမ်ရှင်ကိုပင် သူခိုးလက်ခံမှုဖြင့် အပြစ်ပေးစီရင်နိုင်ကြောင်း ပုဒ်မ (၂၂ – က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ …..အ) ပုဒ်မလိုင်းခွဲများအရ ၂၀၀၉၊ မေ (၂၈) နအဖ အထူးရာဇသတ်ကြီးအရ သိရှိရသည်။-

စီရင်ထုံး ဥပမာကို ပြရချေသော်-

၂၀၀၉- အထူးစီရင်ထုံးဖြစ်သော ကလိန်စေ့ ငြမ်းဆင် နအဖ တရားခွင်မှ ယနေ့ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမှုတွင် အများနှင့် မသက်ဆိုင်သော မိမိအိမ်ကို ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ
(၇)အရ စွဲဆိုသော အမှုတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည်
လုံခြုံရေးဝန်ထမ်းများ မမြင်ဟန်မျက်ကွယ်ပြု-သွတ်သွင်းခဲ့သော အမေရိကန်နိုင်ငံသားတစ်ဦးကို လက်ခံစောင့်ရှောက်မှု၊ သားရေးသမီးရေးများဖြင့် ရတက်မအေးရအောင် ဗျာများနေသော နိုင်ငံ့အကြီးအကဲများကို တယ်လီဖုန်း၊ အီးမေးလ်အဆက်အသွယ်မရှိသော်ငြား တယ်လီပသီနည်းကိုသုံး၍ အကြောင်းကြားတိုင်တန်းခဲ့မှု မရှိခြင်း၊ ပျက်ကွက်ခြင်းကြောင့် နိုင်ငံခေါင်းဆောင်များ ဦးနှောက်ပျက်ခြင်း ဥပဒေအရ သူခိုးလက်ခံမှုဖြင့် အင်းစိန်ထောင်တွင်း သွတ်သွင်း၍ တရားစီရင်စေ အမိန့်ထုတ်ပြန်လိုက်သည်။-

သို့မို့ကြောင့် ကျွန်ုပ်တို့ပြည်သူများသည် သားရေးသမီးရေးများဖြင့် အလုပ်ရှုပ်နေသော နိုင်ငံ့ခေါင်းဆောင်ဂျီးများ
စိတ်အနှောင့်အယှက်မဖြစ်စေရန် မိမိကိုယ်ကို ကာကွယ်ကြပါကုန်။ မိမိအိမ်ကို မိမိစောင့်ရှောက်ကြပါကုန်။ နိုင်ငံတော် ကလူပြုသည်ကိုလည်း ကြိတ်မှိတ်ခံကြပါကုန်။ ဖောက်ထွင်းဝင်ရောက်လာသော သူခိုးများကိုလည်း
အောင့်အီးသည်းခံကြပါကုန်။ သည်းမခံနိုင်သော် မိမိနည်းဖြင့် ဖြေရှင်းကြပါကုန်။ ထိုသို့မဟုတ် ပြည်ပိုင်မင်းတို့ကို အလုပ်ရှုပ်ရန် တိုင်တန်းပါမူ သူခိုးလက်ခံမှုဖြင့် ထပ်မံ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သတိချပ်ကြပါကုန်။ ဤကား ကျွန်ုပ်တို့ ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့ မှ နောက်ဆုံးတွေ့ ရှိ၊ သိကြားရသော နအဖ၏ တရားစီရင်ရေးထူးပါတည်း။-

“ပိတ်မရတဲ့ တခါးတွေ ရှိကောင်းမည်-

ဖွင့်မရတဲ့ တံခါးတော့ မရှိနိုင်ပေဘူး”-

ထို့ကြောင့် လူတိုင်းလူတိုင်း၊ အိမ်တိုင်းအိမ်တိုင်းသည် သူခိုးလက်ခံမှုဥပဒေကြောင်းဖြင့် တရားစီရင်ခံရရန်
အသင့်အနေအထားဖြင့် စောင့်ဆိုင်းကြပါကုန်။-

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သင်တို့ခေါင်းပေါ်သို့ နအဖ၏ မတရားဥပဒေအမိန့်များသည် မြေပြိုသလို ပြိုကျလာလတံ့။ မြေမမြိုနိုင်ဖြစ်နေသော နအဖကို မေတ္တာသုတ်ဒုတ်(တုတ်)ဖြင့် ရိုက်ရုံနှင့်မပြီး လက်နက်မိုးကြီး ရွာပြီး တောထုတ်မှသာလျှင် မဟုတ်မဟတ်တွေ အတောသတ်နိုင်မည်ဖြစ်ကြောင်း သတိပေး ရေးသားလိုက်ရပေသည်။-

ယမထာ

AP; AFP/GETTY IMAGES

 

>Out of Responsibility in Burma (Myanmar) June 6, 2009

>

အိမ်ပိုင်ရှင်များ သတိအနေအထား
- ယမထာ -

ဗမာပြည်ရှိ အိမ်ပိုင်ရှင်များသည် ယခုအခါ၌ သတိဝီရိယရှိကြဖို့ အလွန်အင်မတန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေရေးရာ စောင့်ကြည့်ရေး အဖွဲ့ ယနေ့ နေ့စွဲဖြင့် အရေးပေါ် သတင်းထုတ်ပြန်လိုက်သည်။-

အထူးသဖြင့် မိမိတို့ ကိုယ်ပိုင်အိမ်များ၌ သူခိုးသူဝှက်များ မဖောက်ထွင်းရန်မူ ပို၍ သတိထားစောင့်ရှောက်ကြရန်
လိုအပ်ကြောင်း။-

ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့မှ လေ့လာတွေ့ရှိချက်အရ ယခုအခါ အိမ်များတွင် သူခိုးသူဝှက်ဖောက်ထွင်းခံရပါမူ ပြည်ပိုင်အစိုးရမင်းတို့နှင့် လားလားမျှမသက်ဆိုင်ကြောင်း၊ အစိုးရသည် အခြားဂေါက်သီးရိုက်ခြင်း၊ မိမိတို့ သားငယ်၊ သမီးငယ်များအတွက် နိုင်ငံခြားတိုင်းပြည်များမှ တန်ဖိုးကြီးသော တိရစ္ဆာန်များထားရှိနိုင်ရန် အဲယားကွန်းများ စီစဉ်ရခြင်း၊ အရက်မူးသောင်းကြမ်းခဲ့သော သားကြီးသြရသတို့၏ လုံခြုံရေးအတွက် စိတ်မအေးရခြင်း၊ စီးပွားရေး လည်ပင်းညှစ်နေရသော သမီးကြီးတို့အတွက် အဆက်အသွယ်များ-ခေတ်သစ်ကျွန်များ ရှာဖွေပေးနေရခြင်း၊ တစ်နေရာမှ တစ်နေရာ ကားတန်းကြီးများဖြင့် အပမ်းဖြေ ခရီးထွက်နေရခြင်း စသော အလုပ်များဖြင့် မအားမလပ်အောင် အလုပ်များနေပါသဖြင့် ပြည်သူ့အိုးအိမ်စည်းစိမ်များကို စောင့်ရှောက်ရန် ပြည်ပိုင် အစိုးရမင်းတို့တွင် အချိန်နှင့် လူအင်အား မပေးနိုင်ဖြစ်နေပေသည်။-

ထို့ကြောင့် မိမိတို့ အိမ်ဂေဟာကို မိမိတို့ဘာသာ လုံခြုံအောင် စောင့်ရှောက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ အကယ်၍ မထိန်းသိမ်းနိုင်သဖြင့် ဖောက်ထွင်း ခိုးယူခံရပါက ထိုပြစ်မှုကို ပြည်ပိုင် အစိုးရမင်းတို့ကို တိုင်တန်းသော်လည်းကောင်း၊ မတိုင်တန်းဘဲ ထိန်ချန်ထားသော်လည်း ထိုသတင်းပေါက်ကြား၍ ပြည်ပိုင်အစိုးရမင်းတို့ နားသို့ ရောက်သော်လည်းကောင်း တရားဥပဒေ ဓလေ့စီရင်ထုံးနှင့်အညီ ဖောက်ထွင်းခိုးယူသော သူခိုးသူဝှက်တို့ကို ဖမ်းဆီးအပြစ်ပေးလိမ့်မည် မဟုတ်သည့်အပြင် မိမိအိမ်ကို မိမိ မကာကွယ်နိုင်သည့် ဥပဒေအရ အိမ်ရှင်ကိုပင် သူခိုးလက်ခံမှုဖြင့် အပြစ်ပေးစီရင်နိုင်ကြောင်း ပုဒ်မ (၂၂ – က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ …..အ) ပုဒ်မလိုင်းခွဲများအရ ၂၀၀၉၊ မေ (၂၈) နအဖ အထူးရာဇသတ်ကြီးအရ သိရှိရသည်။-

စီရင်ထုံး ဥပမာကို ပြရချေသော်-

၂၀၀၉- အထူးစီရင်ထုံးဖြစ်သော ကလိန်စေ့ ငြမ်းဆင် နအဖ တရားခွင်မှ ယနေ့ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမှုတွင် အများနှင့် မသက်ဆိုင်သော မိမိအိမ်ကို ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ
(၇)အရ စွဲဆိုသော အမှုတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည်
လုံခြုံရေးဝန်ထမ်းများ မမြင်ဟန်မျက်ကွယ်ပြု-သွတ်သွင်းခဲ့သော အမေရိကန်နိုင်ငံသားတစ်ဦးကို လက်ခံစောင့်ရှောက်မှု၊ သားရေးသမီးရေးများဖြင့် ရတက်မအေးရအောင် ဗျာများနေသော နိုင်ငံ့အကြီးအကဲများကို တယ်လီဖုန်း၊ အီးမေးလ်အဆက်အသွယ်မရှိသော်ငြား တယ်လီပသီနည်းကိုသုံး၍ အကြောင်းကြားတိုင်တန်းခဲ့မှု မရှိခြင်း၊ ပျက်ကွက်ခြင်းကြောင့် နိုင်ငံခေါင်းဆောင်များ ဦးနှောက်ပျက်ခြင်း ဥပဒေအရ သူခိုးလက်ခံမှုဖြင့် အင်းစိန်ထောင်တွင်း သွတ်သွင်း၍ တရားစီရင်စေ အမိန့်ထုတ်ပြန်လိုက်သည်။-

သို့မို့ကြောင့် ကျွန်ုပ်တို့ပြည်သူများသည် သားရေးသမီးရေးများဖြင့် အလုပ်ရှုပ်နေသော နိုင်ငံ့ခေါင်းဆောင်ဂျီးများ
စိတ်အနှောင့်အယှက်မဖြစ်စေရန် မိမိကိုယ်ကို ကာကွယ်ကြပါကုန်။ မိမိအိမ်ကို မိမိစောင့်ရှောက်ကြပါကုန်။ နိုင်ငံတော် ကလူပြုသည်ကိုလည်း ကြိတ်မှိတ်ခံကြပါကုန်။ ဖောက်ထွင်းဝင်ရောက်လာသော သူခိုးများကိုလည်း
အောင့်အီးသည်းခံကြပါကုန်။ သည်းမခံနိုင်သော် မိမိနည်းဖြင့် ဖြေရှင်းကြပါကုန်။ ထိုသို့မဟုတ် ပြည်ပိုင်မင်းတို့ကို အလုပ်ရှုပ်ရန် တိုင်တန်းပါမူ သူခိုးလက်ခံမှုဖြင့် ထပ်မံ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သတိချပ်ကြပါကုန်။ ဤကား ကျွန်ုပ်တို့ ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့ မှ နောက်ဆုံးတွေ့ ရှိ၊ သိကြားရသော နအဖ၏ တရားစီရင်ရေးထူးပါတည်း။-

“ပိတ်မရတဲ့ တခါးတွေ ရှိကောင်းမည်-

ဖွင့်မရတဲ့ တံခါးတော့ မရှိနိုင်ပေဘူး”-

ထို့ကြောင့် လူတိုင်းလူတိုင်း၊ အိမ်တိုင်းအိမ်တိုင်းသည် သူခိုးလက်ခံမှုဥပဒေကြောင်းဖြင့် တရားစီရင်ခံရရန်
အသင့်အနေအထားဖြင့် စောင့်ဆိုင်းကြပါကုန်။-

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သင်တို့ခေါင်းပေါ်သို့ နအဖ၏ မတရားဥပဒေအမိန့်များသည် မြေပြိုသလို ပြိုကျလာလတံ့။ မြေမမြိုနိုင်ဖြစ်နေသော နအဖကို မေတ္တာသုတ်ဒုတ်(တုတ်)ဖြင့် ရိုက်ရုံနှင့်မပြီး လက်နက်မိုးကြီး ရွာပြီး တောထုတ်မှသာလျှင် မဟုတ်မဟတ်တွေ အတောသတ်နိုင်မည်ဖြစ်ကြောင်း သတိပေး ရေးသားလိုက်ရပေသည်။-

ယမထာ

AP; AFP/GETTY IMAGES

 

 
Follow

Get every new post delivered to your Inbox.