MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Poet Yoe D’s 2 Poems for Freedom Day of Burma (13, Nov) January 13, 2012

Filed under: DAW AUNG SAN SU KYI,OTHERS' POEMS,PHOTOS — Nyo Gyi @ 12:38 am

ကဗျာဆရာ ရိုးဒီ၏ ကဗျာ ၂ ပုဒ်

၁။ မယ်ဇယ်ရိပ်ထဲ ငှက်ခတ်သံ တိုးဝင်သွားတဲ့ ကဗျာ (ရိုးဒီ)
၂။ ဒေါင်းမင်းသီတာ (ရိုးဒီ)


Freedom Day of Burma (13, November)
အမှတ်တရ ပြည်တွင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

From Historic Poems
 

Poet Tin Moe’s 78th Birthday November 19, 2011

Filed under: MY NEWS,OTHERS' POEMS,PHOTOS — Nyo Gyi @ 4:05 pm
၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် ဖွား ကဗျာဆရာကြီး တင်မိုး အမှတ်တရ
ပုံ ၁
ပုံ ၂
From Historic Poems

ဆရာကြီး တင်မိုး၏ မွေးနေ့ အမှတ်တရပွဲတစ်ပွဲကို (၁၈၊ ၁၁၊ ၂၀၁၁) နေ့၌ အမရပူရ၊ တောင်သမန်၊ မယ်ဇယ်ပင်တန်းတွင် မန္တလေးမြို့မှ စာပေသမားအချို့က အကျဉ်းချုံးကျင်းပခဲ့ကြောင်း သိရပါသည်။
(ဆရာကြီး တင်မိုးသည် ၂၀၀၇ နှစ်တွင် LA ၌ ကွယ်လွန်ခဲ့ပါသည်။)
ညိုကြီး
 

Aung Ba Nyo’s Poem For Hla Than October 23, 2011

Filed under: OTHERS' POEMS,PHOTOS — Nyo Gyi @ 5:48 pm
ကဗျာဆရာ လှသန်း
(၁၉၆၃ – ၂၀၁၁)
ရန်ကုန်မြို့မွေးဖွား
၂၂ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခု
ည ၉ နာရီ၊ ၂၀ မိနစ်တွင်
ရန်ကုန်ဆေးရုံကြီး၌
ကွယ်လွန်သည်။
From Hla Than
လက်မရွံ့ကဗျာဆရာသို့
မြေ၀သုန်ရေ…
ဂုဏ်ပြုထိုက်တဲ့ ဧည့်သည်တစ်ယောက်ကို
လက်ခံယူပါတော့
ဝီလျှံယိစ်ကို အနားယူလဲလျောင်းစေပါလော့…
(၀ဟ-အော်ဒင်)
ငါတို့ကောင်းကင်ကြီးပြာလွင်ရဲ့လား…?
ကောင်းကင်ကို အရောင်ပြောင်းချင်သူတစ်ယောက်
လူ့ပြည်ကို
လူပီသစွာ ရောက်ခဲ့တယ်။
အမှောင်ထဲမှာ ငါတို့မွေးဖွားခဲ့ကြ
မဆလ တစ်ပါတီအာဏာရှင်စနစ်ဆိုး
ရိုက်ချိုးဖို့
မင်းစိုက်ပျိုးခဲ့တဲ့ ကလောင်
မိုးကြိုးမီးလျှံလို ဂုဏ်ရောင်ပြောင်ခဲ့တယ်။
၈၈-လူထုအရေးအခင်း
ကျားထက်ဆိုးတဲ့ ရှင်ကြီးတွေ
လူ့အခွင့်အရေးကို ပျက်ရယ်ပြုကြတယ်။
မင်းပုခုံးပေါ်က သမိုင်းတွေ
မင်းတာဝန်ကျေပွန်ပါရဲ့။
ဒီပဲယင်းအရေးအခင်း မင်းရဲ့ကဗျာ
အာဏာရှင်တွေ
သွေးပျက်ခြောက်ခြား
မင်းရဲ့နာမည်ကိုဖျောက်ဖို့
သူတို့ကြိုးစားတယ်။
ရွှေဝါရောင်တော်လှန်ရေး
မင်းလက်မနှေးပါဘူး လှသန်း
အနက်ရောင်ကတ္တရာလမ်းမပေါ်က
သင်္ကန်းရောင်သွေးတွေ
မင်းလက်မောင်းသွေးလို နီစွေးစေတယ်
နာဂစ် မွှေတော့
မင်းလည်း မနေနိုင်ပါဘူး။
ငါတို့တစ်တွေဟာ မြစ်ဝကျွန်းပေါ်
ဒုက္ခသည်တွေကို ဖေးမကူညီကြတော့
မင်း… မျက်ရည်ဝေေ၀ အံကိုကြိတ်
ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတယ်
လူပီသတဲ့ ကဗျာဆရာလေ။
လှသန်း
မင်းကိုသူတို့ အငြိုးနဲ့မုန်းကြတယ်
လှသန်းကိုသတ်တော့
နိမိတ်ထွန်းသန်း
နိမိတ်ထွန်းသန်းကိုသတ်တော့
……………………………………
……………………………………
ကြည်မောင်သန်း
ကြည်မောင်သန်းကိုသတ်တော့
လှသန်း
လှသန်း
မင်းဟာဖိနစ်ငှက်လိုလှပစွာ မီးလျှံထဲက
ရှင်သန်ထမြောက်ခဲ့တယ် မဟုတ်လား။
လှသန်း
မင်းဟာ လက်မရွံ့ကဗျာဆရာ…။
လှသန်း
မင်းဟာ တော်လှန်စိတ်နဲ့သွေးဆူနေတဲ့
ကဗျာဆရာ…။
လှသန်း
မင်းဟာ ပြည်သူထဲမှာမွေး
ပြည်သူ့သွေးနဲ့ရေးတဲ့ ကဗျာဆရာ…။
လှသန်း
မင်းဟာ လူ့သမိုင်းကို
မရိုင်းအောင် ပြုပြင်လိုတဲ့ ကဗျာဆရာ…။
လှသန်း
မင်းဟာ ဟောင်းမြင်းတဲ့ အစဉ်အလာတွေ
ရိုက်ချိုးတဲ့ ကဗျာဆရာ…။
လှသန်း
မင်း ရန်ကုန်မှာဆုံးတော့
ငါက အဝေး မန္တလေးမှာ
ငါ့နှလုံးသားကို စတေးပြီး
မီးပူဇော် ဦးညွှတ် အလေးပြုလိုက်ရဲ့။
လှသန်း
မင်းဟာ ဘယ်တော့မှမသေတဲ့
မဟာအမတကဗျာရှည်ဖြစ်တယ်။
(၂၂ ရက်၊ အောက်တိုဘာ
ည ၉ နာရီ၊ ၂၀ မိနစ်မှာ
ကွယ်လွန်သွားတဲ့
ကဗျာဆရာလှသန်းသို့ …)
အောင်ဘညို
23.10.2011
ခေတ္တ
i-mass
မန္တလေးတက္ကသိုလ်
 

Poet Hla Than (or) Kyi Maung Than’s Latest Poem, Speech and Profile October 22, 2011

Filed under: MY NEWS,OTHERS' POEMS,PHOTOS — Nyo Gyi @ 4:28 pm

မော်ဒန်ကဗျာဆရာအကျော်အမော် လှသန်း (ခေါ်) ကြည်မောင်သန်း ကွယ်လွန်

၂၂.၁၀.၂၀၁၁၊ စနေနေ့ည၊ ကိုးနာရီ မိနစ် ၂၀ ခန့်က ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (ခေါ်) နိမိတ်ထွန်းသန်း (ခေါ်) စံသိုက် (ခေါ်) လိပ်ပြာသန့်သန့် (ခေါ်) ရန်မခ (ခေါ်) မောင်သီးသန့်သည်
ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။

2011, နိုဝင်ဘာလထုတ် Idea Magazine ပါ ကဗျာဆရာ လှသန်း၏ “မုဆိုးမ စစ်တမ်း” ကဗျာ

(ကဗျာဆရာ လှသန်း၏ Magazine ပါ နောက်ဆုံးကဗျာများထဲမှတစ်ပုဒ်)

From Hla Than

သူ၏ နောက်ဆုံးကဗျာစကားနှင့် ကိုယ်ရေးရာဇ၀င်အကျဉ်း
(ဒုတိယအကြိမ်၊ မန္တလေးခေတ်ပေါ်ကဗျာဆု၊ ၂၀၁၀ လက်ကမ်းစာရွက်ကို Scan ဖတ်ဖော်ပြသည်)

ကဗျာတွေ ရှင်ချင်ရင်
ကဗျာဆရာတွေ သေဖို့သာပြင်လို့
အရင်က ရေးခဲ့ဖူးပါတယ်
ခုတော့ သေဖို့ အသင့်ပြင်ထားရင်း
ရှင်မဲ့ ကဗျာတွေ ရေးဖြစ်ပါတယ် ။

လှသန်း
14/3/2011

From Hla Than
From Hla Than

ကျွန်တော့် ဘလော့ဂ်တွင် ဖော်ပြခဲ့ပြီးသော ကဗျာဆရာ လှသန်း ၏ ကဗျာများ

From poems photo

From Historic Poems


ညိုကြီး

 

>Longevity by Yoe D (A Poem For Mother Suu) May 22, 2011

Filed under: DAW AUNG SAN SU KYI,OTHERS' POEMS,PHOTOS — Nyo Gyi @ 11:36 am

>ရိုးဒီ ၏ ကဗျာ …
” အသက်ကလေးရယ်တဲ့ ရှည်စေလို

 

>Pan Hlaing Soe (Kyone Pyaw)’s Poem for Feminized Than Shwe March 20, 2011

Filed under: OTHERS' POEMS,PHOTOS,SATIRE — Nyo Gyi @ 9:46 am

>

The YATI ရတီ စာပေအနုပညာ မဂ္ဂဇင်း Vol. 8, No.84, March, 2001 မှ ကဗျာဆရာ ပန်းလှိုင်စိုး (ကျုံပျော်) ” ဖတ်ပြီးသားကို ထပ်ဖတ်ခြင်း “ ကဗျာအား ဆက်စပ်ခံစားနိုင်ရန် မျှဝေ ဖော်ပြလိုက်ပါတယ်။ (ပူးတွဲပါပုံ)

ယောက်ျားစစ်စစ်က မိန်းမဖြစ်သွားတာတော့ ဆန်းတယ်.. တဲ့။ ကဗျာဆရာ ဖွဲ့ဆိုထားတာပါ။

From Historic Poems
 

>Maung Thee Thant’s Tribute Poem For Poet Kyi Aung March 5, 2011

Filed under: OTHERS' POEMS — Nyo Gyi @ 6:49 am

>Vol:3, No:6, ၂၀၁၁ ခုနှစ်၊ မတ်လထုတ်၊ Mandalay ICON Magazine (မန္တလေး အထင်ကရမဂ္ဂဇင်း) စာမျက်နှာ ၁၄၉ ပါ မောင်သီးသန့် ရဲ့ “ဟဲဗီးဝိတ် ကဗျာဆရာသို့” ကဗျာအား ကူးယူ ဖော်ပြလိုက်ပါတယ်။ သွားလေသူ ပြည်သူ့ဘက်တော်သား ကဗျာဆရာကြီး ဆရာ (ဦး) ကြည်အောင် ကို ဂုဏ်ပြုထားတဲ့ အလွမ်းပြေကဗျာပေါ့…။

 

Ledi Sayadaw’s Speech Poem January 19, 2011

Filed under: OTHERS' POEMS — Nyo Gyi @ 6:06 am

လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ

(ပုံကြီးရရန် ပုံပေါ်ကလစ်နှိပ်ပါ)

မဟာလယ်တီ (လယ်တီ ဒီပနီကျမ်းစာများ) အင်တာနက်လိပ်စာကိုလည်း တစ်ပါတည်းမျှဝေပေးလိုက်ပါတယ်။
ကျမ်းစာများ ကို အခမဲ့ ဒေါင်းလုပ်ရယူရန် အောက်ပါ လိပ်စာသို့ သွားပါ။
http://www.ledidapani.com/

 

How Is The Condition? by Black December 8, 2010

Filed under: OTHERS' POEMS — Nyo Gyi @ 2:19 am

 

PEACE FOR BURMA November 24, 2010

Filed under: DAW AUNG SAN SU KYI,OTHERS' POEMS — Nyo Gyi @ 1:23 am
ငြိမ်းချမ်းရေး


စု
လွှတ်
တွေ့  ။

လက်ျာစက်တင်

13။နိုဝင်ဘာ။2010

ဘဘဦးဝင်တင်စကားကိုအမှတ်တရ

 

 
Follow

Get every new post delivered to your Inbox.