>ဂီတမြတ်နိုးသူ ဗိုလ်ချုပ်အောင်ဆန်း နှင့် အင်္ဂလန်ခရီး
- တင်နိုင်တိုး -
(၂၀၁၁ ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

>သိဒ္ဓတ္ထလှိုင် တိပ်ခွေ (သို့မဟုတ်) သုခမိန်လှိုင် တိပ်ခွေ
ဂျွန်၊ ၁၉၇၇
သိဒ္ဓတ္ထလှိုင်
(မူရင်းသတ်ပုံအတိုင်း)
———————————–
မောင်သစ်မင်း၏ တေးမြုံငှက် ၀တ္ထုစာအုပ် (ပထမအကြိမ်ထုတ် – ၁၉၇၇) ၏ ရှေ့ပိုင်းတွင် ဖော်ပြပါရှိခဲ့သော သုခမိန်လှိုင် (ထိုစဉ်က “သိဒ္ဓတ္ထလှိုင်” ကလောင်အမည်နှင့်) ၏ “သိဒ္ဓတ္ထလှိုင်တိပ်ခွေ” ကို ဖော်ပြပေးလိုက်ပါသည်။
မောင်သစ်မင်း၏ နောက်အကြိမ်ထုတ်(ပြန်ရိုက်) “တေးမြုံငှက်” ၀တ္ထုစာအုပ်များတွင်တော့ “သိဒ္ဓတ္ထလှိုင် တိပ်ခွေ” ကို ထည့်သွင်းဖော်ပြခြင်း မရှိတော့ပါ။
ချစ်ခင်စွာ…
ညိုကြီး
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |

![]() |

မြို့မအပျော်တမ်းတူရိယာအသင်း ၂၀၁၀ သင်္ကြန်အမီ အင်တာနက်ပေါ် Website ထူထောင်
” ၁၉၂၅ ခုနှစ်တွင် တည်ထောင်သည် ” လို့ဆိုတဲ့ မြို့မ အပျော်တမ်းတူရိယာအသင်းကြီးဟာ ၂၀၁၀ သင်္ကြန်အမီ အွန်လိုင်းပေါ်မှာ ခြေချလိုက်ပါပြီ။
http://myomamusicmyanmar.ning.com/
ဆိုတဲ့ အင်တာနက်လိပ်စာကတစ်ဆင့် မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ဆက်သွယ်နိုင်၊ မြို့မ သတင်းတွေဖတ်နိုင်၊ မြို့မအသင်း၊ မြို့မသီချင်း၊ မြို့မအဆိုတော်တွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးအကြံပေးနိုင်ပါတော့မယ်။
မြို့မ Website ရဲ့ Home Page မှာတော့
” သည် Website လုပ်ရတဲ့ရည်ရွယ်ချက်သည်
♦မြန်မာနိုင်ငံအတွင်း၌သာမက တစ်ကမ္ဘာလုံး မြို့မတူရိယာအသင်းကြီး၏ဂီတရေစီးကြောင်း အတွင်းတွင် ပါဝင်စီးမြောနိုင်စေရန် ♦မြန်မာဆန်သော မြန်မာ့သီချင်းများကို နှောင်းခေတ်လူကြီးများသာမက ယနေ့ခေတ်လူငယ်များ ခံစားတတ်စေရန် ♦အမြဲမရိုးနိုင်သော မြို့မ၏သတင်းများကို အစဉ်မပြတ်သိရှိနိုင်ရန် ♦ မြို့မတူရိယာအသင်းကြီး၏ သတင်းများကို ပြည်သူများ အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်အတွက် ဖြစ်ပါသည်။
Member အချင်းချင်း ထိခိုက်နစ်နာစေသောအသုံးအနှုံးများ သုံးနှုံးရေးသားခြင်း နိုင်ငံရေးနှင့်ပါတ်သက်သော စာအရေးအသား/ဓာတ်ပုံ/သီချင်း/ဗွီဒီယိုဖိုင်များအား လုံးဝ(လုံးဝ)ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ၄င်းစည်းကမ်းများကိုလိုက်နာခြင်းမရှိပါက ဖြေရှင်းချက်တောင်းခံလိမ့်မည်မဟုတ်ပဲ Member အဖြစ်မှ ရာသက်ပန် ထုတ်ပယ်ပါမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ” …
လို့ ရေးသားဖော်ပြထားပါကြောင်း…။
တစ်ဆက်တည်းအနေနဲ့ အဲဒီမြို့မ website ပေါ်က မြို့မငြိမ်းကြေးရုပ်တုသတင်းကိုလည်း ကူးယူဖော်ပြလိုက်ပါသည်။
အလှူငွေများပေးအပ်လှူဒါန်းလိုပါက
♦ဒေါက်တာလှခိုင် – 092038015,
♦ဦးသန့်ဇော် – 092002500
♦ဦးခင်မောင်ဆွေ -092053267
♦စာရေးဆရာဆူးငှက် -092003139
♦ဦးဇော်ဝင်းသန်း -02-91001661
♦မြို့မအသင်းတိုက် 02-39748
သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း
(၃၀၊ ၁၂၊ ၂၀၀၉) – ပြာသိုလပြည့်နေ့ ညချမ်းအခါသမယ မြို့မအသင်းတိုက်(မန္တလေး)ရှေ့ ကွက်လပ်မှာ မြို့မအသင်းကြီးနဲ့ မန္တလေးစာပေသမားတွေ ပူးပေါင်းပြီး မြို့မငြိမ်းရာပြည့်ပွဲကြီးကျင်းပကာ မြို့မငြိမ်းသီချင်းများနဲ့ မန္တလေးလူထုကို အခမဲ့ ဖျော်ဖြေ တင်ဆက် ဆင်နွှဲခဲ့၊ ဆရာ မြို့မငြိမ်းကို ဂုဏ်ပြုခဲ့ကြပါတယ်။
စာရေးဆရာ ဆူးငှက်၊ သိုက်ထွန်းသက် အစရှိသူတို့က မြို့မငြိမ်းအမှတ်တရ ဂုဏ်ပြုစကားများပြောကြားပေးပြီး သန်းမြတ်စိုး၊ လှမြင့်ဝင်း၊ ရာဇာဝင်းတင့်၊ ၀င်းဝင်းအောင်၊ ရီရီသန့်၊ ချိုပြုံးနှင့် မြို့မအသင်း ပင်တိုင် အဆိုရှင်များ အစရှိတဲ့ အဆိုကျော်များက မြို့မ တီးဝိုင်းကြီးနဲ့ တွဲဖက်ကာ မြို့မငြိမ်းရဲ့ သီချင်းများကိုပဲ သီးသန့် သီဆို ဂုဏ်ပြုခဲ့ကြပါတယ်။
ထိုပွဲမှာ ပရိသတ်ကို ဝေမျှခဲ့တဲ့ မြို့မငြိမ်းလက်ကမ်းစာစောင်ကလေးကိုလည်း scan ဖတ်ပြီး ပူးတွဲ ဖော်ပြလိုက်ပါတယ်။ မြို့မငြိမ်းရာပြည့်အမှတ်တရ စာအုပ်ကို အသင်းတိုက်မှာ ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ သိရှိရပါတယ်။
(၁၂၊ မေ၊ ၀၀၉)
| From IC SHOW at BaHtoo Stadium, Mandalay (12.May.009) |
၁၂၊ မေ၊ ၀၀၉ ည မန္တလေး၊ ဗထူးဘောလုံးကွင်းထဲက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ရတနာပုံ FC ဘောလုံးကလပ်အသင်းမိတ်ဆက်အနေနဲ့ ညနေ (၆)နာရီခွဲမှာ စတင်ကျင်းပခဲ့တဲ့ Iron Cross Music Band ရဲ့ ဖျော်ဖြေပွဲမှာ လုံထိန်းတွေ (ရဲ+စွမ်းအားရှင်)နဲ့ မန္တလေးပရိသတ်တို့ အချင်းများ၊ ပြဿနာဖြစ်ပွားပြီး ည (၁၀) နာရီခွဲအရောက်မှာတော့ ရှိုးပွဲကို ရပ်နားလိုက်ရပါတယ်။
အစက ရိုးရိုး
ရှိုးပွဲအစမှာ မန္တလေးပရိသတ်ဟာ အေးအေးဆေးဆေးပဲ အားပေးခဲ့ပါတယ်။ IC ပွဲကို နောနော်နဲ့ စဖွင့်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကြိုးကြာ၊ ခင်ဘုဏ်း၊ ဟန်ထွန်း၊ ဇော်ပိုင်၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ထွန်းအိန္ဒြာဗို၊ ၀ိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ၊ လေးဖြူ စတဲ့ အဆိုတော်များက အစဉ်လိုက် ဖျော်ဖြေခဲ့ပါတယ်။
ပြဿနာက မဆိုင်ဘဲကွင်းထဲမှာ ဟန်ရေးပြနေတဲ့ စွမ်းအားရှင်နဲ့ ရဲလုံထိန်းတွေကို ပရိသတ်က -ီးဘဲအော်ဟစ်ကာ ထောပနာပြုပြီး ရေသန့်ဘူးများနဲ့ ပစ်ပေါက်ကျီစယ်ရာက စခဲ့ပါတယ်။ ၂၀၀၇၊ စက်တင်ဘာ စစ်အဆိုးရဆန့်ကျင်ရေး သံဃာ့အရေးအခင်းပြီးကတည်းက စစ်အဆိုးရ လက်ကိုင်တုတ်များဖြစ်တဲ့ စစ်၊ ရဲ၊ ကြံဖွတ်၊ စွမ်းအားရှင်တွေကို မြင်ပြင်းကပ်နေတဲ့ ပရိသတ်ဟာ ယခုလို ထိပ်တိုက် ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ရတနာပုံ FC ဘောလုံးကလပ်မိတ်ဆက်အနေနဲ့ ကျင်းပခဲ့တဲ့ ဒီ IC Show ဟာ အစက Free Show ကျင်းပမယ်ဆိုပြီး လေသံပစ်ခဲ့ပေမဲ့ တကယ်တမ်း (၁၂)ရက်နေ့ည ကျင်းပတဲ့အချိန်မှာတော့ ၁၄၀၀၀ ကျပ်တန်း (ဘောလုံးအသင်းအကျီ င်္လက်ဆောင်)၊ ၇၀၀၀ ကျပ်တန်း (ဘောလုံးကလပ်ဦးထုပ်)နဲ့ ၂၀၀၀ တန်း များခွဲပြီး လက်မှတ်ရောင်းချခဲ့တာမို့ ပရိသတ်ဟာ ဗထူးကွင်း ရဲ့ အနောက်ဘက်တန်း(၇၀၀၀ နဲ့ ၁၄၀၀၀) တန်းတွေမှာ အများဆုံး၊၊ မြောက်နဲ့ တောင်ဘက်တန်းတွေမှာအနည်းငယ်ပဲ ရှိနေခဲ့ပါတယ်။
အနောက်ဘက်တန်းပရိသတ်က လုံထိန်းတွေကို ရေသန့်ဘူးများ၊ ဗထူးကွင်းပရိသတ်စင်ပေါ်က သုံးထပ်သားပြားငယ်များနဲ့ ပစ်ခတ်ပြီး ဗထူးကွင်းမြက်ခင်းပြင်ဘေးက သံဇကာတန်းများကို ရိုက်ချိုးကြပါတယ်။ ပိုဆိုးသွားတာက ကွင်းထဲက အသိဥာဏ်နုံ့နဲရှာတဲ့ စွမ်းအားရှင်တွေ၊ ရဲတွေက ပရိသတ်ဘက်က ပစ်လိုက်တဲ့ ရေသန့်ဘူးတွေ၊ ၀ါးလုံးတန်းတွေနဲ့ ပရိသတ်ကို ပြန်ပစ်ရာက စပါတယ်။
နောက်တော့တစ်မျိုးတိုး

အဆိုတော် မျိုးကြီး စင်ပေါ်တက်လာတဲ့ အချိန်မှာ ပရိသတ်က အတော့်ကို ပွဲဆူနေပါပြီ။ အငဲစ ဆိုတဲ့အချိန်ပိုဆိုးလာပြီး ကျွန်တော်တို့ လေးဖြူ…လေးဖြူ…လေးဖြူ…စတင် သီဆိုဖျော်ဖြေတဲ့အချိန်မှာ ဘောလုံးကွင်းဘေး သံဇကာအရံအတားတွေကို ပရိသတ်က ရိုက်ချိုးပစ်လိုက်ပြီး ပရိသတ်အတော်များများ ကွင်းထဲက စတိတ်စင်ရှေ့ကို ပြေးလာပြီး အားပေးကြပါတော့တယ်။ တကယ့်ကို နိုင်ငံတကာ ROCK SHOW ပွဲများလိုပါပဲ။ အဲဒီအချိန်မှာ အစောပိုင်းက ပရိသတ်ကို စော်ကားခဲ့တဲ့ စွမ်းအားရှင်တွေလည်း ကွင်းပြင်ထွက်ပြေးသွားရပြီး ရဲများလည်း ကွင်းထောင့် ချောင်မှာ ကပ်နေရပါတော့တယ်။
ပရိသတ်ဟာ လေးဖြူကို စင်ပေါ်ထိတက်ပြီး အာဝါးများပေးခဲ့ကြသလို ချစ်စမ်းမောင်ကိုလည်း ရေသန့်ဘူးတိုက်ခဲ့ကြပါတယ်။
အဆိုတော် လေးဖြူကတော့ ခပ်ပျော်ပျော်ပဲ ပွဲကိုထိန်းသွားပြီး ည (၁၀)နာခွဲအရောက်မှာတော့ (အထက်က စစ်အမိန့်အရ ထင်သာပဲ) ပွဲကို ရပ်နားလိုက်ရပါတော့တယ်။
ဒီပုံစံအတိုင်းဆိုရင်ဖြင့် နောင်မှာ ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေမှာ လုံထိန်းနဲ့ ပရိသတ် ရန်ပွဲတွေကို စီစီညံညံတွေ့ရဖို့ အလားအလာများ ရှိလို့မို့ ဆက်လက်စောင့်ကြည့်အားပေးတော်မူကြပါစို့ဟုသာ… ။
(အထူးသတိထားရမှာက စစ်အဆိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဗမာ(မြန်မာ)ပြည်သူ၊ ပြည်သားတွေကို မျက်စိလည်လှမ်းမှားအောင် ဘောပွဲတွေနဲ့ အာရုံပြောင်းဖို့ ကြိုးစားနေပြီဆိုတာပါပဲခင်ဗျား)
PHOTO ALBUM OF IC SHOW AT MANDALAY BAHTOO STADIUM (12.MAY.009)

>

>

“အသီးတစ်ရာ အညှာတစ်ခု” သီချင်း..။
“စိမ်းသရဖူစိမ်း..စိမ်းသရဖူစိမ်း…စိမ်းမှာ သတင်းကြီးတဲ့..အစိမ်းရောင် မင်းသမီး…မောင့်မမစိမ်း..ရယ်..” “စိမ်းသရဖူ စိမ်း” သီချင်း…။
“အောင်သွယ်တော်…ဖိုးရွှေလမင်း…ရယ်…တိမ်ထဲကို ၀င်ကာ မပြေးနဲ့ တောင်းပန်တယ်…ချစ်သူ ချစ်စကား ပြုံးရိပ်ကလေးများ…လထဲမှာ ရှိတယ်…တွေးရင်း..ဖွေရှာ..မောရပါတယ်…အချစ်ရယ်…ဒီတစ်ခါ လမင်းတွေ့  ရင်…ပြုံးဖြစ်အောင် ပြုံးပြလိုက်ပါကွယ်…”
“အောင်သွယ်တော် ဖိုးလမင်း” သီချင်း…။
“ဆောင်းရယ်…နှင်းရယ်…ကိုယ့်ချစ်သူ…ရယ်…အတူတူပါ…ပဲ…အသည်းမှာစွဲ…”
“ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်” သီချင်း…။
“လေးဆယ်ကျော်..ငါးနှစ်တွင်းမှ ပြန်ဆုံရတယ်…ငယ်ချစ်ဦးရယ်… သြော်..ငယ်က အကြောင်းလေးတွေက… ပြန်ပြောင်း… သတိရ စရာပါကွယ်…”
“လေးဆယ်ကျော်အချစ်” သီချင်း…။

အထူးသဖြင့် ရွာသားဖြစ်ဖူးသူတိုင်း သူနဲ့ မကင်းနိုင်ခဲ့။ သူ့ သီချင်းများနဲ့ စုလျားရစ်ပတ်ကြီးပြင်းခဲ့ရ။ ခွေးဖြူမ၊ ထွေးညို၊ မိအေး၊ ပျင်းတောင်ပျင်းသေးတယ်..ဟေ့…ပျင်းတောင် ပျင်းသေးတယ်… အစသဖြင့်…။
မှတ်မိပါသေးသည်။ ဗမာပြည်၊ ဗွီစီဒီကာရာအိုကေ လှိုင်းလုံး ခေတ်ဦးမှာ တွံတေးကြီးရဲ့  သီချင်းတွေနဲ့ တစ်ပြည်လုံးကို ဖုံးလွှမ်းသွားခဲ့…။
သူ့ ဇနီး ချစ်စံပယ်၊ သူ့  သမီး ရွှေရည်သိန်းတန် အဆိုတော် မိသားစု။ အနုပညာ မိသားစု။
သူ့ချစ်ဇနီး ချစ်စံပယ်လည်း သူကွယ်လွန်ပြီး များမကြာမီမှာပင် ကွယ်လွန်သွားခဲ့ပြီ။
ခုတော့ မိသားစုလည်း လွမ်းရတာ (၁၀)နှစ် ပြည့်ပြီ။
ခုတော့ ဗမာပြည်ဂီတနားတွေလည်း လွမ်းရတာ (၁၀)နှစ်ပြည့်ပြီ။
အို…တွံတေးကြီး … သင့်အား ကျွန်တော်တို့ လွမ်းပါသည်။
သင့်အသံအား ကျွန်တော်တို့ နားတွေက တမ်းတပါသည်။
သင့်ဂီတအား ကျွန်တော်တို့ ဂီတက သတိရပါသည်။
ဇာတ်သမားကြီး၊ ရုပ်ရှင်မင်းသားကြီး၊ စာရေးဆရာကြီး… တစ်ဖြစ်လဲ… အဆိုတော်သမားကြီး တွံတေးသိန်းတန်ကြီး ရေ…
လွမ်းနေပါသည်…
လွမ်းနေဦးမည်…
လွမ်းပါသည်…။ ။
1. http://www.hostsexplorer.com/videofun/conti-tttt/theintan-photo2.jpg
2. http://www.pansagar.com/wma%5CTTTT%5CTTTT_1/cover.jpg
3. http://shwemyanmar.net/catalog/images/imagecache/KC1220A.jpg
Recent Comments