MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

Art Revolution 2010 May 10, 2010

Filed under: Election,OTHERS' NEWS — Nyo Gyi @ 9:32 am

 

Statement by NCUM (18.4.2010) April 19, 2010

Filed under: Bombs,Election,OTHERS' WRITINGS — Nyo Gyi @ 1:37 pm

Statement by NCUM (18.4.2010)

 

Statement of People Action for Mass Movement April 5, 2010

Filed under: Election,NLD,OTHERS' WRITINGS — Nyo Gyi @ 5:00 pm

၂၀၀၈- ၂၀၁၀ ဆန့် ကျင်ရေးနှင့် လူထုလှုပ်ရှားမှု ဖော်ထုတ်ရေး ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ

Decision of Meeting

 

Communist Party of Burma’s Report 2010, April April 3, 2010

Filed under: Election,NLD,OTHERS' WRITINGS — Nyo Gyi @ 8:21 am

2010 Bakapa Gs Report

Other Reports of Communist Party of Burma;
http://cpburma.org/Report.htm

 

Burma Update – NLD Will NOT Register and Daw Aung San Suu Kyi’s Six-point Message – 29 March 2010 April 3, 2010

Filed under: DAW AUNG SAN SU KYI,Election,NLD — Nyo Gyi @ 5:00 am

Burma Update – NLD Will NOT Register_ Daw Aung San Suu Kyi_s Six-point Message – 29 March 2010

 

A Letter From IBMO to Burmese People (1/2010) March 26, 2010

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ မြန်မာပြည်သူများသို့ မေတ္တာရပ်ခံလွှာ
(၀၃၊ ၂၅၊ ၂၀၁၀)

Dear All,
The International Burmese Monks Organization releases a statement (In Burmese) on (March, 25, 2010).


Help Us Change Burma
International Burmese Monks Organization
www.burmesemonks.org

From IBMO to Burmese People (1/2010)

 

The Time to fight Myanmar Military Dictatorship March 26, 2010

Filed under: DAW AUNG SAN SU KYI,Election,NLD,OTHERS' WRITINGS — Nyo Gyi @ 4:33 pm

(၁၅) ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲ၏ သဘောထား ထုတ်ပြန်ကြေညာချက်
၂၀၁၀ ခုနှစ်၊ မတ်(၂၃) ရက်

SCM Stmt Bur

 

NLD’s Special Annoucement, 2/03/10 March 25, 2010

Filed under: Election,NLD,OTHERS' WRITINGS — Nyo Gyi @ 3:58 pm
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၁၀ ခုနှစ်၊ မတ်လ (၂၃)ရက်
၁၃၇၁ ခုနှစ်၊ တန်ခူးလဆန်း (၉)ရက်

အထူးကြေညာချက်အမှတ်- ၂/ ၀၃/ ၁၀



http://4shokelay.blogspot.com/2010/03/nld.html ထံမှ ကူးယူ ထပ်ဆင့်ဖော်ပြသည်
 

To NLD March 25, 2010

Filed under: Election,NLD,OTHERS' WRITINGS — Nyo Gyi @ 3:34 pm

To NLD

(အီးမေးလ်မှ ရရှိသည်ကို တစ်ဆင့်ပြန်ပြီး မျှဝေပါသည်)

 

Don’t Be Foolish, Revolution is the Right Choice! March 23, 2010

Filed under: Election,NLD,OTHERS' WRITINGS — Nyo Gyi @ 3:43 pm
မတွေဝေနဲ့  တ်ာလှန်ရေးလုပ်ပါ 


နိုင်ငံရေးမိုးသက်မုန်တိုင်းတွေကျနေတယ်။ မြို့ပြတွေထဲမှာ။ တောတောင်ထဲမှာ မဟုတ်ဘူး။ တောတောင်ထဲမှာတော့ သနတ်သံတွေကြိုးကြားထွက်လာနေပြီ။ သေနတ်  တွကို မောင်း တင်တဲ့ အဖွဲ့တွေလဲ တင်နေကြရဲ့။

ရွးကောက်ပွဲမှတပါး ကိုးကွယ်ရာမရှိဆိုသူတွေက စစ်အာဏာရှင်တွေ ချကျွေးမည့် အရိုးအရင်းလေးရဖို့ ရှေ့ဂျွမ်းတွေ၊ နောက်ဂျွမ်းတွေ ပစ်ပြချင်နေကြပြီ။ ပြည်သူတွေကို အယုံသွင်းနေချင်ကြပြီ။ ရွးကောက်ပွဲ ဆန့်ကျင်ရေးလေသံတွေ မိုးလုံးညံနေခဲ့ပေမဲ့ သူ တို့မှာ ကြားနိုင်တဲ့နားတွေ မရှိကြတော့ဘူး။ သူတို့တွေဟာ ရန်သူစစ်အာဏာရှင် တွေကို ရရာနေရာက အလုပ်အကျွေးပြုကြတော့မှာပါဘဲ။ ရန်သူနဲ့ပေါင်းပြီး ပြည်သူတွေကို ခွစီး အမြတ်ထုတ်ကြတော့မယ်။ ရန်သူကို အလှခြယ်ပေးကြတော့မယ်။ သူတို့မှာ ဒါကလွဲလို့ လဲ ဘာမှ လုပ်တတ်မှာ မဟုတ်တော့ပါဘူး။ ရန်သူကို ဘုရားထူးမည့် သူတွေဆီ က ကျွန် တော်တို့ ဘာများမြော်လင့်နိုင်ပါ့မလဲ။ သူတို့ဟာသူခိုး ဓါးရိုးကမ်းမည့်သူတွေဘဲ။

တွေဝေမှုတွေ၊ မရေရာတဲ့ မြော်လင့်ချက်တွေ၊ သူတပါးကိုးအားကိုးချင်တာတွေ၊ သူများလက်နဲ့ မြွေဖမ်းချင်တာတွေ၊ ဆွေးနွေးလိုက်ရင်ရမယ်ထင်တာတွေဟာ တင်းမာတဲ့ စစ်အာဏာရှင်တွေရဲ့ ထုံးတားတဲ့အောက်မှာ အရည်ပျော်ကုန်ပြီ။

အာဏာဆိုတာလွယ်လွယ်နဲ့ရနိုင်တာမဟုတ်ကြောင်းစစ်ဗိုလ်ချုပ်တွေကမကြာခဏ ဆောင့် ကန်ပညာပေးပေမဲ့ ကျွန်တော်တို့ တတွေ အမှတ်မရှိတာဟာ ကျွန်တော်တို့ အပြစ်ဘဲဖြစ်တော့တယ်။ မမှန်မကန် လှုံ့ဆော် မြူဆွယ်သူတွေကလဲ တော်ကြတာကိုး။ အခုတော့ ကျွန်တော်တို့ကျောမှာ ဒဏ်ရာ၊ ခေါင်းမှာပတ်တီး၊ အသက်တွေကြီးပြီး ခိုကိုး ရာမဲ့ နေပြီလား။

တော်လှန်ရေးဆိုတာ ဖိနှိပ်မှုရှိတဲ့ နေရာတိုင်းမှာ ရှိတယ်ဆိုတာကို သတိရသင့် ပါတယ်။ တော်လှန်ရေးဆိုတာ အပေးအယူလုပ်စေ့စပ်တာမဟုတ်ဘူးဆိုတာကို တော်

လှန်သူတွေက မသိပေမဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေက သိနေတယ်။ ဒီတော့ သူတို့က အနိုင်ဘက်က ရောက်နေသလို ဖြစ်နေတာပေါ့။

တကယ်နိုင်ရမှာက ပြည်သူတွေ။ စစ်တပ်ဆိုတာ ပြည်သူက ကျွေးမွေးထားတာ ဖြစ်တော့၊ မကျွေးမွေးရင်ဘဲ သူတို့ဟာ ရှင်သန်စရာမရှိဘူး။ ပြန်တိုက်မယ်ဆိုရင်တော့ စစ် တပ်ဟာ လုံးဝကျေပျက်သွားလိမ့်မယ်။ ဒီလိုချေဖျက်ဖို့က ပြည်သူ့တပ်မတော် ဆိုတာ ရှိရမယ်။

မတရားတဲ့ ၊ ဖိနှိပ်တဲ့ စစ်အာဏာရှင် နအဖတပ်ကို တော်လှန်ဆန့်ကျင်တဲ့ ပြည် သူ့ကိုယ်စားပြု ပြည်သူ့တပ်မတော်ဟာ ရန်သူ့စစ်တပ်ထဲက ပေါ်လာမှာ။

ဒီလိုပေါ်လာဖို့က ထိုင်ကြည့်နေ၊ အစည်းဝေးလုပ်။ ကြေညာချက်ထုတ်နေရုံနဲ့ တော့ မရဘူး။ကျွန်တော်တို့ပြည်သူတွေအနေနဲ့ နအဖ စစ်အာဏာရှင်တွေကို မစေ့စပ် တမ်း ချေမှုန်းမယ်ဆိုတဲ့ သန္နိဋ္ဌာန် ရှိဖို့လိုအပ်တယ်။ လက်နက်တိုင်တိုက်ပွဲဝင်မှ ရမယ်လို့ အပြတ်အသတ် ယုံကြည်ရမယ်။ လက်တွေ့တိုက်ပွဲဝင်ရမယ်။ ဒီလိုမှ ပြတ်သားတဲ့ အမြင် နဲ့ ယုံကြည်မှုမရှိရင်တော့ စစ်အာဏာရဲ့ ဖိနှိပ်အောက်က လွတ်စရာလမ်းမရှိနိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ ကာလတွေက အဖြစ်အပျက်တွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဒီတော့ ကျွန် တော်တို့ ပြည်သူတွေဘက်က ဦးဆောင်တိုက်ပွဲဝင်ရမယ်။ အနိုင်ယူပြရမယ်။ ပြည်သူဆို တာ စစ်တပ်ထက် တန်ခိုးသြဖာကြီးမားကြောင်းပြသရမယ်။ ပြည်သူတွေဟာ စစ်တပ်ကို တိုက်ရင် နိုင်တယ်ဆိုတဲ့ သက်သေပြနိုင်မှ နောက်နောင် စစ်တပ်အာဏာသိမ်းမှုတွေကို တားဆီးနိုင်လိမ့်မယ်။

များစွာ အလေးအနက်ထားသင့်တဲ့ကိစ္စက အတိတ် ၁၉၉၀ခု နောက်ပိုင်း  လက်နက်ကိုင်တော်လှန်ရေးကို ဦးစိုက်မလုပ်ဆောင်မိခဲ့တာကို တွေ့ရမယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းက ရွေးကောက်ပွဲရလဒ်ကို မြော်ကိုးတာရယ်၊ အကြမ်းမဖက်ရေးရယ်။ စေ့စပ် ရေးရယ်၊ နိုင်ငံခြားရဲ့ သနားသဖြင့် ပေးကမ်းမှုတွေကိုမက်မောခဲ့တာတွေကြောင့်နဲ့ လက် နက်ကိုင်လှုပ်ရှားမှုအပေါ် စည်းစည်းလုံးလုံး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့တဲ့ အာနည်းချက်တွေရှိခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲလုပ်ခဲ့ ပြီးပြီဘဲလို့ ပြောလို့ မရနိုင်ဘူး။ ဘာမှ တကယ်မလုပ်ခဲ့နိုင်ဘူး။ မယ်နပလောကာကွယ်ရေးလုပ်တယ်။ ရတယ်။ နောက် တော့ ရန်သူက ဘာသာရေးကိစ္စနဲ့ ကေအင်န်ယူကို အမြတ်ထုတ်လိုက်လို့။ ဒီကိစ္စတွေက ကျွန်တော်တို့ ဆက်လက်ဖြေရှင်းရင်း လက်နက်ကိုင်လမ်းစဉ်ကို ပီပြင်အောင် ဆက်လက် လုပ်ဆောင်သွားရမှာပါ။

ဒီနေ့ရွေးကောက်ပွဲနဲ့မှိုင်းလုံးတိုက်နေချိန်မှာ အမျိုးသားရင်ကြားစေ့ရေးတို့၊ အမျိုး သားပြန်လည်သင့်မြတ်ရေးတို့၊ နှစ်ပွင့် သုံးပွင့် ဆိုတာတွေ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တွေ၊ ယုံကြည်မှုတည်ဆောက်ရေးတွေ ဘယ်ဆီရောက်လို့ ဘယ်မှာပျောက်သွားကြပြီလဲ။

ဒီတော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မလိမ်နဲ့၊ သူများလိမ်တာလဲ မခံနဲ့ တော့၊ ကိုယ့်ကျောပိုးးအိတ်ကိုယ်လွယ်၊ ကိုယ်သေနတ်ကိုထမ်းပြီး မပြီးသေးတဲ့ စစ်အာရှင် စံနစ် တိုက်ဖျက်ရေးလုပ်ငန်းကို ခေါင်းရှင်းရှင်းနဲ့လုပ်ဖို့ဘဲ။ အူကြောင်ကြားတွေရဲ့ စကား နဲ့ လှည့်စားချက်တွေ။ နအဖရဲ့ မြှူလုံး ခြောက်လုံးတွေကို တော်လှန်ရေးလှုပ်ရှားမှုနဲ့သာ တုန့် ပြန် အဖြေပေးကြရတော့မယ်။

လက်နက်ကိုင်တိုက်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ရင်လဲ လက်နက် ကိုင်တိုက်ပွဲကို ထောက်ကူတဲ့ လုပ်ငန်းတွေကတဆင့် ကူညီနိုင်တာပါဘဲ။ ဒါပေမဲ့ လက် နက်ကိုင်လမ်းစဉ်အောက်က လှုပ်ရှားမှုတော့ ဖြစ်သင့်ပါတယ်။ ဒီဂယ်ပေါက်ကလဲ တော် လှန်ရေးလှုပ်ရှားမှုကို အများကြီး အနှောက်အယှက် ဖြစ်စေခဲ့လို့ပါ။

မတွေဝေနှင့် တော်လှန်ရေးသည် တရားသည်။

အောင်ပွဲကိုတိုက်ယူကြ။

တော်လှန်ရေးမုချအောင်ရမယ်။

ဦးအေးဆောင်

ပည်သူ့လွတ်မြောက်ရေးတပ်ဦး။

မတ်လ  ၂၂ ၊ ၂၀၁၀။

(အီးမေးလ်မှ ရရှိသည်ကို တစ်ဆင့်ပြန်ဖောက်သည်ချသည်)

 

 
Follow

Get every new post delivered to your Inbox.