တောင်သမန်၊ အမရပူရ၊ တောင်လေးလုံးကျောင်းတိုက်
ဆရာတော် ဦးပညာ (ကိုပညာ၊ အမရပူရ)
ရှစ်ဆယ်ပြည့်မွေးနေ့အကြို အမှတ်တရပွဲ
အခမ်းအနားအစီအစဉ်
နေရာ – တောင်သမန်၊ အမရပူရ၊ တောင်လေးလုံးကျောင်းတိုက်
နေ့ရက် – ၅၊ ဇန်န၀ါရီ၊ ၂၀၁၂
အချိန် – နံနက် ၉ နာရီမှ စတင်ကျင်းပ
အခမ်းအနားမှာ မောင်သစ်လွင်(လူထု)၊ ကိုလေး(အင်းဝဂုဏ်ရည်) အစရှိသူတို့က အမှတ်တရစကားများ ပြောကြားခဲ့။
အခမ်းအနားသို့ စာရေးဆရာများ၊ ကဗျာဆရာများ၊ သတင်းဆရာများ တက်ရောက်ခဲ့။
အခမ်းအနားအပြီးမှာ ဧည့်ပရိသတ်တို့အား ထမင်း၊ ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့။
Nyo Gyi
—————————————————————————————–
ရွှေကိုင်းသား သက်တော် နှစ် (၁၀၀)ပြည့် အမှတ်တရပွဲ စစ်ကိုင်းမှာ ကျင်းပ
အခမ်းအနားအစီအစဉ်
နေရာ – အနုရုဒ္ဓါချောင်၊ စစ်ကိုင်းတောင်
နေ့ရက် – ၅၊ ဇန်န၀ါရီ၊ ၂၀၁၂
အချိန် – မွန်းတည့် ၁၂ နာရီမှ စတင်ကျင်းပ
အခမ်းအနားမစတင်မီ ဧည့်ပရိသတ်တို့အား ထမင်း၊ ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေး။
အခမ်းအနားမှာ မောင်သစ်လွင်(လူထု)၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မျိုးသူရ(စစ်ကိုင်း)၊ စိုးနိုင်(မန္တလေးတက္ကသိုလ်) အစရှိသူတို့က ရွှေကိုင်းသားနှင့် ပတ်သက်သမျှ အမှတ်တရစကားများ ပြောကြားခဲ့။
အခမ်းအနားသို့ စာရေးဆရာများ၊ ကဗျာဆရာများ၊ သမိုင်းဆရာများ၊ သတင်းဆရာများ တက်ရောက်ခဲ့။
Nyo Gyi
Recent Comments