MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

To Raise Funds for Political Prisoners of Burma – စည်းချက်ညီ (ရန်ပုံငွေရှာဖွေရေးအဖွဲ့) February 8, 2012

Filed under: MY NEWS — Nyo Gyi @ 7:05 pm
နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်
စည်းချက်ညီ (ရန်ပုံငွေရှာဖွေရေးအဖွဲ့)

From Historic Poems

သို့ ……
ဆရာ/ဆရာမ
………………………..
………………………..
နေ့စွဲ

ကျွန်တော်များ စည်းချက်ညီမှ ဆရာ/ဆရာမတို့၏ သုံးကြောင်း၊ ငါးကြောင်း ကဗျာစာမူများနှင့် တွဲဖက်ပြီး လက်ရေးပို့စကဒ်များ ထုတ်ဝေဖြန့်ချိရောင်းချသွားမည်ဖြစ်ပါသည်။ အနုပညာရှင်များ၊ ကဗျာဆရာများက မိမိတို့ တတ်စွမ်းသမျှ အနုပညာဖြင့် ပါဝင်ရေးသားပံ့ပိုးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ထောင်အသီးသီးတွင် ကျန်ရစ်နေဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများအတွက် ဆေးဝါး၊ အစားအစာ၊ စာအုပ်စာတမ်း စသည့်လိုအပ်ချက်များကို ရရှိလာသော ရန်ပုံငွေများနှင့် သုံးစွဲဝယ်ယူပြီး သွားရောက်ပေးပို့မည်ဖြစ်ပါသည်။

ယခု (၆.၂.၂၀၁၂) ကျိုက္ကဆံဘုရားပွဲတော်မှ စတင်ပြီး ဆိုင်ခန်းဖွင့်၍ အနုပညာပစ္စည်းများ၊ တီရှပ်၊ အိတ်၊ လွယ်အိတ်၊ ပို့စကဒ်နှင့် စာအုပ်များကို ရန်ပုံငွေရရှိရန် ရောင်းချသွားမည်ဖြစ်သည့်အတွက် ကျွန်တော်တို့နှင့်အတူ ပူးပေါင်းပါဝင်အားပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ညီညီထွန်း (မီးဒုတ်)
တာဝန်ခံ
၀၉ ၇၃၂၃၈၃၉၆

စည်းချက်ညီ
(ရန်ပုံငွေရှာဖွေရေးအဖွဲ့)

 

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ(မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက် February 6, 2012

မန္တလေး၌ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ကြံ့ဖွတ်က ခြိမ်းခြောက်

From Pwint Thit Lwin Pyin Art Show (Mandalay, 2012)

မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် – ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။

ကြံ့ဖွတ်မြမောင် လာရောက်ချိန်၌ ဦးကျော်မိုးသာသည် ၄င်း၏ နေအိမ်၌ မရှိပေ။ ဦးကျော်မိုးသာ၏ သားဖြစ်သူနှင့်သာ တွေ့ဆုံသွားပြီး အဆိုပါ ကြံ့ဖွတ်မြမောင်က ပြောဆိုသည်မှာ…
၁။ ” ဒီကောင်မပုံတွေပဲ နေရာတကာတွေ့နေရတယ်။ မော်ဒယ်လ်ကျနေတာပဲ ” ဟု နေအိမ်တွင်းချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ပိုစတာများကို ကြည့်ပြီး ပြောဆိုခဲ့သည်ဆို၏။
၂။ အဆိုပါ ကြံ့ဖွတ် မြမောင်ကပင် ဆက်လက်၍ -
“ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှာ ဦးကျော်မိုးသာ၏ ပန်းချီကားရောင်းရသည်ကြားကြောင်း။ ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲမှာ ရောင်းရသည့် ပန်းချီဆရာများ၏ နာမည်များစာရင်း၊ ၄င်းရောင်းရသည့်ပန်းချီကားများကို ၀ယ်ယူသွားသော ပန်းချီကားဝယ်ယူသူများစာရင်းနှင့် ၀ယ်ယူသူများ၏ နေရပ်လိပ်စာအတိအကျများ ရယူလိုကြောင်း”

ဆက်ပြောပြန်သည်ဆို၏။

အဆိုပါ ကြံ့ဖွတ်မြမောင်သည် ၄င်းနှင့် မသက်ဆိုင်ဘဲ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှ ပန်းချီကားရောင်းရသူ ပန်းချီဆရာများနှင့် ပန်းချီးကားဝယ်ယူသူများစာရင်း(နေရပ်လိပ်စာအပါအ၀င်) တောင်းယူရသည့် အကြောင်းရင်းမှာ မည်သည့်ကြောင့်နည်း။

ပန်းချီဆရာများနှင့် ပန်းချီကားဝယ်ယူသူများကို ၄င်းတို့ ကြံ့ဖွတ်ပါတီက တစ်ခုခု လုပ်ပစ်ရန် ကြံစည်နေသလော…။ စဉ်းစားစရာ များစွာရှိလာရပေပြီ။
ဒီပဲယင်း နှင့် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများတွင် ကြံ့ဖွတ်များ အသုံးပြုခဲ့သည့် လူသတ်၊ဖမ်း၊ခြိမ်းခြောက်သည့်နည်းလမ်းများကို ယခုလို လင်းပွင့်ရမည့် ခေတ်ရောက်သည်အထိ ကြံ့ဖွတ်ပါတီက အသုံးပြုနေသည်ကို မန္တလေးမှ အဆိုပါ ကြံ့ဖွတ်မြမောင်တို့လို လူစားမျိုးကိုကြည့်ကာ အကဲဖြတ်နိုင်ကြပါစေကုန်သတည်း။

သာဓု… သာဓု… သာဓု။

မန္တလေးမှ ပန်းချီချစ်သူတစ်ဦး

 

Daw Aung San Suu Kyi sent a letter to Mandalay People February 4, 2012

Filed under: DAW AUNG SAN SU KYI,MY NEWS — Nyo Gyi @ 3:54 pm

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မန္တလေးပြည်သူလူထုထံသို့ အသိပေးပြောကြားချက်

နေ့စွဲ ။ ။ ၄-၂-၂၀၁၂
အချိန်။ ။ နေ့လည် ၁၁ နာရီ ၂၅ မိနစ်

From San & Suu

မန္တလေးပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို လေးစားတန်ဖိုးထားသလို
မန္တလေးပြည်သူလူထုရဲ့ ရင့်ကျက်တဲ့ နိုင်ငံရေးအမြင်နဲ့
တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုလည်း သိနေပါတယ်။

ခရီးစဉ်ကို ရွှေ့ပြောင်းလိုက်ရပေမယ့် အဆင်ပြေအောင်လုပ်တဲ့အခါမှာ
ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံ ခိုင်ခိုင်မာမာတည်ဆောက်လိုတဲ့
ပုဂ္ဂိုလ်အဖွဲ့အစည်းတွေအကြား ပိုမိုနားလည်မှုတွေ ရရှိလာမယ်လို့လည်း ယုံကြည်ပါတယ်။

မန္တလေးကို မူလကမှန်းထားတာထက် ပိုပြီးနောက်ကျမှ ရောက်လာရမှာမို့
ကျွန်မတို့နဲ့ ပြည်သူအကြား ပိုမိုမေတ္တာပွားပြီး ပိုမိုနွေးထွေးတဲ့ ပြန်လည်ဆုံဆည်းမှု ဖြစ်မယ်လို့
တထစ်ချ ယုံကြည်ပါတယ်။

မန္တလေးကို ရောက်မယ့်အချိန်ကို မျှော်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
၎-၂-၂၀၁၂
၁၁ နာရီ ၁၂ မိနစ်

———————– ဆက်စပ်သတင်း ———————–

ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေးသူ၊ မန္တလေးသားများအကြား ကြံ့ဖွတ်စစ်အဆိုးရ သွေးခွဲနေ
(၄၊ ၂၊ ၂၀၁၂)

ဒီနေ့(၄.၂.၂၀၁၂) စနေနေ့ နံနက်ပိုင်းက မန္တလေးမြို့ပေါ်နေရာအချို့တွင် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဆိုသော မန္တလေးရှိ ကွင်းအချို့အနီးတွင်လည်းကောင်း ( ဒေါ်အောင်ဆန်းစုကြည်ကို ၄.၂.၂၀၁၂ မန္တလေး မလာနိုင်အောင် ကြံ့ဖွတ်စစ်အဆိုးရက ကလိကမာကျကာ အကွက်ဆင်ထား၍ ) ဒေါ်အောင်ဆန်းစုကြည် မန္တလေးမလာဖြစ်သည်ကို မသိသေးသော စုချစ်သူများလာရောက် စောင့်ဆိုင်းမှုများရှိခဲ့သည်ဟု သိရသည်။

အချို့ စုချစ်သူများဆိုလျှင် နယ်ဝေးများမှ ကားများနှင့် အစောကြီးကတည်းက မန္တလေးမြို့ပေါ် တက်လာကာ မန္တလေးရောက်မှ စုမလာဖြစ်ကြောင်း သိရသည်ဟု ဆို၏။ မန္တလေးမှ နယ်ပြန်စရာ ရှိသူအချို့လည်း စုလာမည်ဆို၍ နယ်မပြန်သေးဘဲ စုကို အားပေးထောက်ခံကြိုဆိုရန် မန္တလေးမှာ နေရစ်ခဲ့သူများလည်း ရှိသည်ဆို၏။ အချို့ဆိုလျှင် စုလာမည့်ရက် (ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက်) မအားမရှိရအောင် အလုပ်များ အားအောင် ရွှေ့ဆိုင်းထား၊ အလုပ်ချိန်များ ရွှေ့ဆိုင်းထားရခြင်းများပင်ရှိသည်ဆို၏။

“ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက် မန္တလေးကို စုမလာဖြစ်တော့ဘူး” ဟု စုမလာဖြစ်သည်ကို မသိသေးသူများအား ပြောလိုက်လျှင် “ဟာ…ကွာ” ဟု စိတ်ပျက်လက်ပျက် ဖြစ်ကာ “ဒါဆို စု က မန္တလေးကို လာဖြစ်ဦးမှာလား။ ဘယ်တော့လာမှာလဲ” ဟုသာ ပြန်မေးတတ်ကြကြောင်းလည်း ကြားသိရပါသည်။

ညိုကြီး

—————————————————–

( အထက်ပါ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မန္တလေးပြည်သူလူထုထံသို့ အသိပေးပြောကြားချက်
စာ-ဓာတ်ပုံ အား အရည်အသွေးမြင့်မြင့်နှင့် ဖိုင်ဆိုဒ်ကြီးကြီး ဒေါင်းလုပ်ရယူလိုသူများအတွက် 4.5 MB ပမာဏရှိသော ပုံအား

http://img291.imagevenue.com/img.php?image=370671309_DawAungSanSuuKyisentalettettoMandalayPeople_122_77lo.jpg

တွင် upload တင်ထားပါသည်။

ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ၊ တိုက်ပွဲဝင်ကြပါဦးစို့ !

ညိုကြီး )

 

Daw Aung San Suu Kyi’s Feb 4-5 trip to Mandalay has been cancelled! February 3, 2012

Filed under: DAW AUNG SAN SU KYI,OTHERS' NEWS,PHOTOS — Nyo Gyi @ 4:49 am

တက်ကြွသော စုချစ်သူများက မန္တလေးမြို့တွင်း ဤကဲ့သို့ နှိုးဆော်စာများ ကြိုတင် ဖြန့်ဝေခဲ့သော်လည်း…

From San & Suu

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး လူထုဟောပြောပွဲအတွက် ဤကဲ့သို့ အသိပေးစာများ ကြိုတင်ပုံနှိပ်ထားသော်လည်း…

From San & Suu

———–ဆက်စပ်သတင်း————-

ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ ဆိုင်း

By သားညွန့်ဦး | ၀ါရှင်တန် ဒီစီ
http://www.voanews.com/burmese/news/02-02-2012-mandalaysuu-138569609.html

ဖေဖ၀ါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”

ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ

“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”

“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”

“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”

အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။

“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”

သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။

“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”

ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။

“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”

ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။

 

Opening Ceremony of Asia-Light Foundation’s Pin-Lal-Tite Free Clinic (Mandalay) February 1, 2012

Filed under: MY NEWS,Peace — Nyo Gyi @ 2:48 am

အာရှအလင်းရောင် ဖောင်ဒေးရှင်း
ကုသိုလ်ဖြစ်ဆေးခန်း (မန္တလေး)

ဖွင့်ပွဲအခမ်းအနား ဖိတ်ကြားလွှာ

အခမ်းအနားအစီအစဉ်

အချိန် = နံနက် ၉ နာရီမှ ၁၂ နာရီ
နေ့ရက် = ၃-၂-၂ဝ၁၂ (သောကြာ)
နေရာ = ရွှေမန်းကျောင်း၊ ပင်လယ်တိုက်၊ ၁၆ လမ်း၊ ၈၇ – ၈၈ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။

Related News;
 

 
Follow

Get every new post delivered to your Inbox.