ထောင်မှ လွတ်လွတ်ချင်း အာရှအလင်းရောင်ဆရာတော်(ပြင်ဦးလွင်)ထံ
သမီးအကြောင်း အမောတကော မေးနေတဲ့ မတင်မာဆွေ
(Friday 13, January, 2012)
http://www.facebook.com/v/349199758423623
သူ့အမျိုးသား ကိုအောင်စိုး ကတော့ ထောင်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။ သူနဲ့အတူ ထောင်ထဲမှာ ကြီးပြင်းခဲ့တဲ့ ရှစ်နှစ်အရွယ် သူ့ကလေးကို မကြာသေးခင်ကမှ အာရှအလင်းရောင်ဆရာတော်(ပြင်ဦးလွင်)က ထောင်ပြင်ကို ထုတ်ခေါ်ယူပြီး ပညာသင်ပေးထားခဲ့တာပါ။
Nyo Gyi
(နောက်ဆက်တွဲအနေနဲ့
ပြည်သူ့ခေတ်ဂျာနယ်၊ ၁၉၊ ဇန်န၀ါရီ၊ ၂၀၁၂၊ ကြာသပတေးနေ့၊ အတွဲ ၂၊ အမှတ် ၇၈၊ စာမျက်နှာ ၁၄ မှာဖော်ပြထားတဲ့ “မတင်မာဆွေ နှင့် တွေ့ဆုံမေးမြန်း” ကို မျှဝေ ဖော်ပြလိုက်ပါတယ်။)
မတင်မာဆွေ နှင့် တွေ့ဆုံမေးမြန်း
ကျွန်မက ၅(ည)၊ ၅(င)၊ လ၀က ၁၃ နဲ့ကျတာပါ။ ၂၀၀၄ ခုနှစ် ခုနှစ်လပိုင်းမှာ စကျပါတယ်။ ၂၆ နှစ်ချပြီး အထဲမှာ ၈ နှစ်နေခဲ့ရပါတယ်။
လွတ်လာတဲ့အတွက် အပြည့်အ၀ မပျော်ရွှင်ပါဘူး။ အမျိုးသားလည်း လွတ်မလာဘူးလေ။ ကျန်တဲ့သူတွေလည်း ရှိသေးတာကို။ ဒါပေမဲ့ အခုလို လွှတ်ပေးတဲ့အတွက် သမ္မတကြီးကော၊ ရေးပေးကြတဲ့ မီဒီယာတွေကိုကော ကျေးဇူးတင်ပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကို နားလည်ထားတာကတော့ အန်တီ့မိန့်ခွန်းတွေ၊ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းတွေကိုလည်း ဖတ်ရတော့ အားလည်းရတယ်၊ ကျေလည်း ကျေနပ်ပါတယ်။ သို့သော် အထက်က မူချပေးပေမယ့် လူတွေက ပြုပြင်လုပ်မှသာ ဒီနိုင်ငံသည် တိုးတက်လိမ့်မယ်လို့ ထင်တယ်။
Recent Comments