အခမဲ့ဆေးခန်းဖြစ်မြောက်ရေး ဖိတ်ကြားလွှာ
အစီအစဉ်
နေ့ရက် – ၂၀၁၁ ခု၊ ဒီဇင်ဘာ (၃၁)ရက်၊ စနေနေ့
အချိန် – နေ့လည် (၁)နာရီ
နေရာ – ပင်လယ်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ၁၆ လမ်း၊ ၈၆ လမ်းနှင့် ၈၈ လမ်းကြား၊ မန္တလေးမြို့
အခမဲ့ဆေးခန်းဖြစ်မြောက်ရေး ဖိတ်ကြားလွှာ
အစီအစဉ်
နေ့ရက် – ၂၀၁၁ ခု၊ ဒီဇင်ဘာ (၃၁)ရက်၊ စနေနေ့
အချိန် – နေ့လည် (၁)နာရီ
နေရာ – ပင်လယ်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ၁၆ လမ်း၊ ၈၆ လမ်းနှင့် ၈၈ လမ်းကြား၊ မန္တလေးမြို့
| From San & Suu |
၂၀၁၁ ဒီဇင်ဘာ၊ ၂၅ ရက်နဲ့ ၂၆ ရက်များတွင် မန္တလေး၊ မဟာမြိုင်အပိုင်း(၁)၊ ဓမ္မပါလဘုရားပွဲ၌ မန္တလေးတိုင်း NLD ရန်ပုံငွေရှာဖွေရေးအတွက် The Lady Fun Fair အမှတ်တရပစ္စည်းဆိုင်နှင့် စားသောက်ဆိုင်အား ၂ ရက်တာ ဖွင့်လှစ် ရောင်းချခဲ့ပါသည်။
| From San & Suu |
၂ ရက်တာ ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ဖွင့်လှစ်ရောင်းချခဲ့တဲ့ The Lady Fun Fair အမှတ်တရပစ္စည်းဆိုင်တွင် သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ကျပ်ငွေ ၁၀၀၀ အထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်တစ်ခု ကျပ် ၁၀၀၀နှင့် ကျပ် ၃၀၀၀၊ အင်္ကျီတစ်ထည် ကျပ် ၂၀၀၀၊ သော့ချိတ်တစ်ခု ကျပ် ၃၀၀၊ ဆွဲကြိုးတစ်ကုံး ကျပ် ၂၀၀၀၊ ဟန်းဆက်အလှဆင်ကြိုးတစ်ခု ကျပ် ၁၀၀၀၊ သောက်ရေခွက်တစ်ခွက် ကျပ် ၃၀၀၀ စသဖြင့် အမှတ်တရပစ္စည်းများ ရောင်းချခဲ့ပါသည်။
| From San & Suu |
ပြည်သူတွေရဲ့ ထာဝရအမေ သီချင်းCD၊ ပြည်သူတွေချစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များတွေ့ဆုံပွဲအမှတ်တရ မှတ်တမ်း DVD နှင့် မန္တလေးတိုင်း NLD ကထိန်မှတ်တမ်း DVD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့်လည်း ရောင်းချခဲ့ပါသည်။
| From San & Suu |
အဆိုပါ အမှတ်တရ ပစ္စည်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်း) တိုင်းရုံး၌လည်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။
ညိုကြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပါတီမှတ်ပုံတင်ကျပြီးက “ဒီလှိုင်း” အမည်ရှိ အပတ်စဉ်စာစောင်ကို တနင်္လာနေ့တိုင်း ဖြန့်ချိထုတ်ဝေသွားမည်ဟု သိရသည်။ ပါတီအဖြစ် တည်ထောင်ခွင့်ရပြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ကျပြီးပါက ယင်းစာစောင်အား ထုတ်ဝေသွားမည်ဖြစ်သည။ ထိုစာစောင်အား မြန်မာသတင်းစာဆရာကြီးနှင့် NLD ဗဟိုကော်မတီဝင် ဟံသာဝတီဦးဝင်းတင်နှင့် စာရေးဆရာကြီး မောင်မိုးသူတို့မှ နာယကအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဦးအုန်းကြိုင်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ငြိမ်းသစ်၊ နီမိုလှိုင်တို့က အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါစာစောင်၌ အယ်ဒီတာအဖြစ် ပါဝင်မည့် ဆရာငြိမ်းသစ်မှ “စာစောင်ရဲ့ နာမည်ကို “ဒီလှိုင်း”လို့ ပေးထားပါတယ်။ ဒီမိုကရေစီရဲ့ လှိုင်းတွေလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲဒါ ထုတ်ဝေခွင့်ရတာနဲ့ ပြည်သူတွေ အကျိုးရှိစေဖို့ ကျွန်တော်တို့လည်း လုပ်မယ်။ သတင်းစာဆရာတွေနဲ့ စာရေးဆရာတွေလည်း ၀ိုင်းရေးကြလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ပါတီစာစောင်၌ ပါတီမူဝါဒနှင့် လှုပ်ရှားမှုများ၊ ပါတီစတင်တည်ထောင်စ ကာလမှ ယနေ့အထိ လုပ်ဆောင်မှုများ၊ ဆောင်ရွက်ချက်များ၊ ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြောင်းနှင့် နိုင်ငံရေးပညာရှင်များ၏ နိုင်ငံရေးအတွေးအခေါ်သုံးသပ်ချက်များ ပါဝင်မည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးအုန်းကြိုင်မှလည်း “ဒီစာစောင်ကို ပါတီမှတ်ပုံတင်ကျပြီးတာနဲ့ ထုတ်ဝေဖြန့်ချိသွားမှာပါ” ဟု ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ခန့်ခန့်(မောရ၀တီ)
{NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၆)၊ ၂၇-၁၂-၂၀၁၁၊ အင်္ဂါ
မှ ကူးယူဖော်ပြသည်}
| From Historic Poems |
နေရာ – မင်းသီဟ (၇၈ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား)
အချိန် – နေ့ ၁ နာရီ
နေ့ရက် – ၂၁၊ ၁၂၊ ၂၀၁၁
| From Historic Poems |
မြန်မာနိုင်ငံကဗျာဆရာများအသင်း (Association of Myanmar Poets (A.M.P)) ဖွဲ့စည်းရေးအတွက် ရန်ကုန်မှ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ကဗျာဆရာ မောင်စိမ်းနီနှင့် ရန်ကုန်မှ ခရမ်းပြာထက်လူ၊ မောင်ဖီလာ၊ ခန့်မင်းထက်၊ တပ်ဦးလ၊ မာန်ထက်သာစသည့် ကဗျာဆရာများ၊ မန္တလေးမှ ကဗျာဆရာ ပိုင်စိုးဝေ၊ ကိုငြိမ်း(မန္တလေး)၊ မောင်သင်းပန်၊ နေမျိုး၊ မောင်တင်သစ်၊ မောင်နီဦး၊ ဇော်ထိန်၊ ဥက္ကာကျော်၊ မော်မင်းသန်း၊ မောင်နိုင်လင်း(ကောလင်း)၊ နေညိုအောင်၊ ကိုအောင်၊ မိုသျှန်း၊ စံညိမ်းဦး၊ သာဇော်၊ ရိုးဒီ၊ ဈန်လွင်၊ အလတ်ကောင်၊ ညီမိုးအေး၊ မင်းနဒီခ၊ အိုက်လူအောင်၊ ထွဏ်းသွေးအိမ်၊ ထွဏ်းလွင်သွယ်(ဆူးဖြူရိပ်)၊ ထူးညို၊ မင်းချမ်းငြိမ်း စသည့်ကဗျာဆရာများ၊ ကျောက်ဆည်မှ လင်းခါး၊ ရေဦးမှ ကျော်ရင်မောင်(ရေဦး)၊ ပြည်မှ တိုးနှောင်မိုး စသည့်ကဗျာဆရာများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ပြင်ဦးလွင်မှ နွယ်စိမ်းဝေနှင့် တောင်ကြီးသို့ ခရီးထွက်နေသည့် မိုးရင့်ကြယ်တို့ကလည်း တယ်လီဖုန်းဖြင့် ပါဝင် ဆွေးနွေးခဲ့ပါသည်။
မန္တလေးမှ စာရေးဆရာ ခင်အောင်ဝင့် နှင့် အခြားစာရေးဆရာများ၊ ကဗျာချစ်သူများ၊ သတင်းသမားများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စိမ်းရောင်စိုဥက္ကဌ ကဗျာဆရာ အယ်ဒီတာ မောင်တင်သစ် (ဂျင်းအင်္ကျီ အပြာနှင့်)
| From Historic Poems |
![]() |
| From Historic Poems |
![]() |
| From Historic Poems |
![]() |
| From Historic Poems |
| From San & Suu |
တရုတ်မှ မြန်မာပြည်သို့ ဒေသစာရီကြွချီလာသော ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်၌ ၁၆ ရက်၊ ရန်ကုန်၌ ၁၆ ရက် ကြာ အပူဇော်ခံပြီးနောက် ယခုအခါ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၌ (၈၊ ၁၂၊ ၂၀၁၁) မှ (၂၃၊ ၁၂၊ ၂၀၁၁) ထိ ၁၆ ရက်ကြာ အပူဇော်ခံလျက်ရှိပါသည်။
ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်ရာ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၏ မြောက်ဘက်တွင် ဗုဒ္ဓမြတ်စွယ်တော်ပုံတော်၊ စာအုပ်စာတမ်းများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD များ၊ မူဗီကလစ် VCD များ သူ့ထက်ငါ အပြိုင်ရောင်းချလျက်ရှိပါသည်။
| From San & Suu |
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ၁၅၀၀ ကျပ်ထိ ဈေးအမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် ရောင်းချနေပြီး မိန့်ခွန်း VCD/CD များနှင့် မူဗီကလစ် VCD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့် ရောင်းချကြောင်း တွေ့ရသည်။
| From San & Suu |
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD၊ မူဗီကလစ် VCD များ ရောင်းသူဈေးသည်များမှာ ၂၀ ယောက်ကျော်မက ရှိပြီး အ၀ယ်လိုက်လျက် ရှိကြောင်းလည်း သတင်းရရှိပါသည်။
ညိုကြီး
2011 ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားမှတ်တမ်း
(၂၀-၁၂-၂၀၁၁ အင်္ဂါ ထုတ်
NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်
အတွဲ (၇)၊ အမှတ် (၂၅)မှ ကူးယူဖော်ပြပါသည်)
![]() |
| From San & Suu |
![]() |
| From San & Suu |
NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၏ Email
newswatchjournal@gmail.com
ဆန်း နှင့် စု
ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်
(16.12.2011)
| From San & Suu |
HIV/AIDS Prevention and Care Sector မှ ထုတ်ဝေဖြန့်ချိသော ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်အား တစ်ခုလျှင် ၃၀၀၀ ကျပ်နှုန်းနှင့် ဗမာပြည်တွင်း၌ ရောင်းချလျက်ရှိပါသည်။
(အထက်က ဓာတ်ပုံမှာ မန္တလေး၊ ၆၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဂျာနယ်အရောင်းဆိုင်တစ်ဆိုင်တွင် ဒေါ်အောင်ဆန်းစုကြည်ပြက္ခဒိန်များ ရောင်းချလျက်ရှိသည်ကို တွေ့မြင်ရပုံဖြစ်ပါသည်)
| From San & Suu |
အထက်ပါ ပြက္ခဒိန်အား ဆက်သွယ်ဝယ်ယူရန်-
HIV/AIDS Prevention and Care Sector
အမှတ် (၃၇၆)၊ ကမ္ဘောဇ(၂)လမ်း၊ ၁၈(ခ)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန်။
အမှတ် (၆၃၁)၊ ၁၁ – လမ်း၊ ၇ – ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖုန်း – ၀၉ ၅၀၂၄၀၅၆၊ ၀၉ ၅၀၅ ၃၈၀၅၊ ၀၁ – ၅၆၉၃၄၆
Email: maylin1989@gmail.com, thrimyanmar24@gmail.com
——————————————————-
မန်းက ကထိန်ဘုရားပွဲများမှာ ဆန်း နဲ့ စု ပိုစတာများ အပြိုင်လှူဒါန်း
(၁၃၊ ဒီဇင်ဘာ၊ ၂၀၁၁)
| From San & Suu |
မန္တလေးမှာ နှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာလများရောက်ရင် ရပ်ကွက်အလိုက် ကထိန်ပွဲ၊ ဘုရားပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ့ရှိပါတယ်။ အဲဒီ ကထိန်ပွဲ၊ ဘုရားပွဲများမှာ မဏ္ဍပ်ထိုးကာ ဘုရားနဲ့ ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းဖို့ အလှူရှင်များရဲ့ လှူဒါန်းမှုအစုစုကို ပြသထားတတ်တဲ့ ဓလေ့မျိုးလည်းရှိပါတယ်။
| From San & Suu |
ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း မန်း ရပ်ကွက်အလှူပွဲများက အလှူပြ မဏ္ဍပ်များမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပိုစတာများကို ငွေကြေးအလှူဒါနများနဲ့ တွဲပြီး လှူဒါန်းလာကြတာတွေ့ရပါတယ်။
၂၇ လမ်း၊ ၇၇ လမ်းနှင့် ၇၆ လမ်းကြားမှာ ခင်းကျင်းပြသခဲ့တဲ့ ရပ်ကွက်အလှူပွဲတစ်ခုရဲ့မဏ္ဍပ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပိုစတာများချည်း ချိတ်ဆွဲထားတာမျိုးတောင် ရှိတယ်လို့ မြင်တွေ့ခဲ့ရတဲ့ မန်းကဗျာဆရာတစ်ဦးက ညိုကြီးကို ပြောကြားခဲ့ပါတယ်။
အပေါ်က ပုံကတော့ (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၁)ညမှာတွေ့ရတဲ့ မန္တလေး၊ ၂၇ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက ရပ်ကွက်အလှူပွဲရဲ့ မဏ္ဍပ်က ပုံတွေဖြစ်ပါတယ်။
——————————————————-
မန္တလေးညဈေးတန်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်
(29, Nov, 2011)
![]() |
| From San & Suu |
မန္တလေး၊ ၈၄ လမ်း၊ ၂၆ လမ်းနှင့် ၂၉ လမ်းကြား၊ ညဈေးတန်းမှာ ရှိတဲ့ ပိုစတာအရောင်းဆိုင်များမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဓာတ်ပုံ ဗွီနိုင်း ပိုစတာများရောင်းချနေတာ တွေ့ရတာဖြစ်ပါတယ်။
![]() |
| From San & Suu |
ဆန်းနဲ့ စု ဗွီနိုင်းပိုစတာများကို ကျပ်ငွေ ၅၀၀ မှ ကျပ်ငွေ ၂၅၀၀ အထိ ဈေးနှုန်းများ သတ်မှတ်ရောင်းချနေပြီး ရောင်းအားကောင်းလျက်ရှိကြောင်းလည်း သိရပါတယ်။
ညိုကြီး
——————————————————-
(Nyo Gyi တင်ထားသော Video Clip နှင့် ဓာတ်ပုံများကို
www.facebook.com/nyogyi
(or)
https://www.facebook.com/media/albums/?id=100000008066345
တွင်လည်း အားပါးတရ ကြည့်ရှုနိုင်ပါသည်)
HIV ပိုးရှိ မိဘမဲ့ကလေးသူငယ်များအတွက်
မန္တလေးမြို့၌ “သစ္စဝေဒဂူ သုခရိပ်မြုံ” လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ တည်ထောင်ကြောင်း မိတ်ဆက်ခြင်း၊ အလှူငွေလက်ခံခြင်းနှင့် အကြံပြုဆွေးနွေးခြင်း အခမ်းအနား
| From Mandalay Thitsa Wai Da Gu Thukha Yeik Myone |
| From Mandalay Thitsa Wai Da Gu Thukha Yeik Myone |
နေ့ရက် – ၄၊ ဒီဇင်ဘာ၊ ၂၀၁၁
နေရာ – Oriental House ခန်းမအပေါ်ထပ်၊ မန္တလေး
အချိန် – နေ့လည် ၁ နာရီခွဲမှ စတင်ပြီး ၃ နာရီကျော်ခန့်တွင် ပြီးဆုံး
| From Mandalay Thitsa Wai Da Gu Thukha Yeik Myone |
အခမ်းအနားအစီအစဉ်များ
၁။ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ မြို့မိမြို့ဖတစ်ဦးဖြစ်သော ဦးသိန်းတန်က အဖွင့်စကားပြောကြားခြင်း
၃။ ရန်ကုန်မြို့၊ သုခရိပ်မြုံမှ စာရေးဆရာမ သန်းမြင့်အောင်က မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ ပေါ်ပေါက်လာရေးကြိုးပမ်းနေမှုနှင့် အထွေထွေဆွေးနွေးတင်ပြခြင်း
၎။ အလှူရှင်များ၏ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းမှုကို လက်ခံခြင်း
၅။ တက်ရောက်လာသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ အထွေထွေဆွေးနွေးအကြံပြုကြခြင်း
၆။ စာရေးဆရာမ သန်းမြင့်အောင်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခြင်း
၇။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း
(ယခုအခမ်းအနားကျင်းပရာနေရာကို မန္တလေး Oriental House ပိုင်ရှင် ဒေါက်တာ ဦးကိုလေး+ဒေါ်ခင်စောဦးတို့က ဒါနပြုလှူဒါန်းသည်)
အမရသုခ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းမှ ဒေါက်တာဇော်မြင့်မောင် (NLD) ဆွေးနွေးနေစဉ်
| From Mandalay Thitsa Wai Da Gu Thukha Yeik Myone |
ယနေ့ အလှူခံရရှိသမျှမှာ ကျပ်ငွေစုစုပေါင်း ၂၃ သိန်းကျော်နှင့် ပစ္စည်းတန်ဖိုး ကျပ် ၁၅ သိန်းခန့် ဖြစ်ပါသည်။
ပန်တျာဒေါ်ဌေးဌေးမြင့်မိသားစုက အလှူငွေ ကျပ် ၁ သိန်း ထည့်ဝင်လှူဒါန်းစဉ်
| From Mandalay Thitsa Wai Da Gu Thukha Yeik Myone |
(၆၊ ဒီဇင်ဘာ၊ ၂၀၁၁) နံနက် ၉ နာရီခွဲတွင် မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟော၊ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာအနီး၊ ရေတံခွန်တောင်ခြေ၊ ပုသိမ်ကြီးမြို့နယ်တွင် အကျိုးတော်ဆောင်များ အစည်းအဝေးရှိပါသေးကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ညိုကြီး
—————————-
မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟောသို့ အောက်ပါ ကြားခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက တစ်ဆင့် လှူဒါန်းနိုင်ပါသည်
လူမှုကူညီရေးအသင်းများ
ဗြဟ္မစိုရ်၊ နိဗ္ဗာန်သုခ၊ ချမ်းမြသုခ၊ အမရသုခ၊ ဘ၀အလင်း၊ အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ရတနာ့မေတ္တာ
လူပုဂ္ဂိုလ်များ
ဦးထွန်းဦး (ထွန်းဦးစာပေ)
စာရေးဆရာ ညီပုလေး၊ ညီစေမင်း၊ ရွှေနောင်ရိုး
ဒေါက်တာဦးကိုလေး+ဒေါ်ခင်စောဦး (Oriental House, Mandalay)
| From Peace |
ဘ၀အလင်းပရဟိတက ဦးဆောင်ပြီး ကချင်ဒေသ စစ်ဒုက္ခသည်များအတွက် အလှူကောက်ခံနေရာ စုစုပေါင်း ကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးနှင့် အ၀တ်အထည်များ၊ ဆေးဝါးများ၊ ကျောင်းသုံးပစ္စည်းများရရှိနေပြီဆိုပါတယ်။
ဘ၀အလင်းပရဟိတအသင်းအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့နဲ့အတူ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ စစ်ဒုက္ခသည်များကို ကူညီရန် ထွက်ခွာမှာဖြစ်ပါတယ်။
စစ်ဘေးဒဏ်သင့် ကချင်ပြည်နယ်ရောက်တဲ့အခါ အတူစုပေါင်းခရီးထွက်လာသော ပရဟိတအသင်းများအနေနဲ့ မိမိတို့လှူဒါန်းရန်သတ်မှတ်ထားသည့် အရပ်ဒေသများအသီးသီးသို့ သီးခြား သွားရောက်လှူဒါန်းကြမှာ ဖြစ်ကြောင်း သိရပါတယ်။
ညိုကြီး
——————————
![]() |
| From Peace |
![]() |
| From Peace |
ဦးဥတ္တမသာရ – 09 2035936
ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဖန်ချက်တန်းကျောင်း၊ မန္တလေး။
ကိုပေါင်ချိန် (ခ) ကိုသက်ဦးမောင် – 09 2023218
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။
ကိုတာတာ – 09 47133332
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။
ကိုဇော်မင်းခိုင် – 09 2002024
စိမ်းနုဝါကျောက်မျက်ရောင်းဝယ်ရေး၊ မန္တလေး။
ကိုမြင့်သန်း – 09 2055755
အကွက်(၂၇၆)၊ ရှမ်းဝိုင်းရပ်၊ မန္တလေး။
Recent Comments